နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများအရ ရန်ကုန်တက္ကသိုလ်တွင် ဧည့် ပါမောက္ခအဖြစ် လာ
ရောက်သင်ကြား ပေးနေသည့် ဂျာမနီနိုင်ငံ ကိုလုံး တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ Frauke
Krass အား မြန်မာတိုင်း(မ်)က ဖေဖော်ဝါရီလ ရ ရက်နေ့က ရန်ကုန် တက္ကသိုလ်၌ တွေ့ဆုံမေးမြန်း
ခဲ့သည်။
* မြန်မာနိုင်ငံမှာ ယခင်က ဘယ်လို လုပ်ငန်းတွေ ပါ၀င်ဆောင်ရွက်ဖူးသလဲ။
တကယ်တော့ ကျွန်မမြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင်နေတာ ၁၉၉၆ ကတည်းကဆိုတော့ ၁၈
နှစ်လောက်ရှိပါပြီ။ ပထမဆုံး မြန်မာနိုင်ငံကို ရောက် တော့ ပထဝီဌာနက ဒေါက်တာ ဒေါ်မိမိကြီးနဲ့
တွေ့ပြီးနောက် စပြီး ပညာရပ်ဆိုင်ရာ သုတေသနတွေ၊ သင်ကြားနည်းပုံစံ တွေ ဖလှယ်ခဲ့ကြပြီး၊
၂၀၀၃ ခုနှစ်မှာတော့ နားလည်မှုစာချွန်လွှာ MOU ကို Cologne တက္ကသိုလ်နဲ့ ရန်ကုန် တက္ကသိုလ်
ကြားထဲမှာ ရေးထိုးခဲ့ပါတယ်။
MOU အရဆိုရင် တစ်နှစ်ပတ်လုံး ကျောင်းနှစ်ကျောင်းအကြား ပူးတွဲသင်ကြားမှုတွေ၊ ပူးတွဲသုတေ
သနလုပ်ငန်း တွေ၊ ပါရဂူဘွဲ့သမားတွေကို ကြီးကြပ်မှု တွေ၊ ပူးပေါင်းစာအုပ်ထုတ်ဝေမှုတွေ၊ အလုပ်ရုံ
ဆွေးနွေးပွဲတွေ၊ ပြင်ပခရီးတွေ၊ တက္ကသိုလ်စီမံခန့်ခွဲမှု ပုံစံတွေနဲ့ အုပ်ချုပ်မှုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး
အတူတကွ လုပ်ကိုင်ကြပါတယ်။
၂၀၀၃ နောက်ပိုင်း မှာ ကာလတို လာရောက်သင်ကြားတဲ့ ပါမောကအနေနဲ့ လာရောက်လုပ်ကိုင်ပြီး၊
တစ်နှစ်မှာတစ်ကြိမ်၊ သို့မဟုတ် နှစ်ကြိမ်လောက် လာရောက်သင်ကြားပြီး၊ တစ်ခါလာရင် တစ်လ၊
နှစ်လလောက် ကြာပါတယ်။
အခုဆိုရင် Cologne တက္ကသိုလ်ကနေ လာရောက်တဲ့ ပညာရှင် သုံးဦးရှိပြီး၊ မြန်မာနိုင်ငံကပညာရှင်
ငါးဦးအပြင် အခြား Ph.D တွေ၊ ပါမောက္ခချုပ် ကိုယ်တိုင်လည်း ဂျာမနီ မှာရှိတဲ့ Cologne ကို လာ
ရောက် လေ့လာကြပါတယ်။
အခုလက်ရှိ COE (Centre of Excellence) အဖြစ် ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်တဲ့
လုပ်ငန်းစဉ်တွေမှာ အတူတကွပါ၀င် ဆောင်ရွက်ပါတယ်။
သင်ကြားမှုအနေနဲ့ ရန်ကုန်နဲ့ မြန်မာတက္ကသိုလ်တွေမှာ ရှိတဲ့ ပထဝီဌာနအပြင် အခြားဌာနတွေက
မဟာဘွဲ့ရသူ ၁၄၀ ကျော်နဲ့ ပါရဂူတန်း ကျောင်းသား ၆၀ ကျော်တို့ကို သင်ကြား ပို့ချခဲ့ပြီး၊ ၀န်ထမ်း
၁၂၀ ကျော်တို့လည်း ပါ၀င်တယ်။
ပညာရပ်နယ်ပယ်တစ်ခု မက သက်ဆိုင်တာတွေကို ဓာတုဗေဒ၊ ဇီဝဗေဒနဲ့ နိုင်ငံတကာဆက်ဆံရေး
(IR) က လုပ်ဖော်ကိုင်ဖက်တွေနဲ့ပါ ၀ိုင်းဝန်း ဆွေးနွေးကြတယ်။
လွန်ခဲ့တဲ့ ၂၀၁၂ ဇွန်လက ဆောက်လုပ်ရေးဝန်ကြီးဌာန အောက်က မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီး
ဌာနနဲ့ ကိုလုံးတက္ကသိုလ်အကြားမှာလည်း သုတေသနလုပ်ငန်းအတွက် နားလည်မှုစာချွန်လွှာ ရေး
ထိုးထားတယ်။
ပြီးတော့ ဒီသုတေသနလုပ်ငန်း မြန်မာနိုင်ငံ မြို့ပြစနစ်ကို ဗဟိုထိန်းချုပ်မှုမရှိဘဲ ထိန်းသိမ်းဖို့အတွက်
နဲ့၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်ဖို့နဲ့ ပတ်သက်ပြီး ဆောင်ရွက်တာဖြစ်ပြီး၊ မြို့ပြ
ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲတွေ အများကြီး လုပ်ခဲ့တယ်။ ပူးတွဲထုတ်တဲ့
စာအုပ်တွေ၊ ဆောင်းပါးတွေ အများကြီးရေးခဲ့တယ်။
* ကိုလုံးတက္ကသိုလ်က လာရောက်တဲ့ ပါမောက္ခအနေနဲ့ ရန်ကုန်တက္ကသိုလ် မှာ ဘယ်လို
ပညာရပ်ဆိုင်ရာတွေကို လုပ်ဆောင်နေလဲ။
အခုတော့ ဧည့်ပါမောက္ခအနေနဲ့ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်အပြင်
အခြားတက္ကသိုလ် တွေမှာ သင်ကြားတယ်။ တောင်ကြီး တက္ကသိုလ်ကို သွားရောက်သင်ကြားမယ်။
အဓိက ဦးစားပေးတာကတော့ စွမ်းဆောင်ရည်မြှင့်တင်တဲ့ သင်ကြားမှု တွေဖြစ်တဲ့ ခေါင်းဆောင်မှု၊
သိပ္ပံနည်းကျ ဆောင်ရွက်မှု၊ ရေးသားပုံ၊ အဆင့်မြင့် ပညာရေးကျွမ်းကျင်မှုတွေကို ဘောင်တစ်ခု
အတွင်းမှာ သင်ကြားမှာမဟုတ်ဘဲ၊ ပင်ကိုအရည်အသွေး တက်လာဖို့ကို ဦးစားပေး သင်ကြားတာ
ဖြစ်တယ်။
ကျွန်မအမြင်အရဆိုရင် ဗဟုသုတဆိုတဲ့ စကားလုံးတစ်လုံးတည်းထက်၊ ကျောင်းသားတွေရဲ့
တွေးခေါ်ပုံစွမ်းရည်၊ လုပ်ကိုင်ပုံတွေဖြစ်တဲ့ သုတေသနတွေကို လုပ်ခိုင်းပြီး၊ ဒီသုတေသနတွေ
ဟာ နိုင်ငံတကာ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ အပြင်၊ ယုံကြည်စိတ်ချရတဲ့ စာတမ်း တစ်ခုဖြစ်ဖို့
လုပ်သင့်တယ်။
ပြီးတော့ ရန်ကုန်တက္ကသိုလ်မှာ လာရောက် သင်ကြားတဲ့ ပြင်ပကဆရာတစ်ယောက်ထက်၊
တကယ့်အဖွဲ့ဝင်တစ်ယောက်လို ခံစားပြီး အလုပ်တွေကို လုပ်ချင်တယ်။ ပြီးတော့ ရန်ကုန်
တက္ကသိုလ်မှာ ယခင်က ရှိတဲ့ ပညာရေးဓလေ့ထုံးတမ်းတွေ၊ ဆွေးနွေးပွဲတွေ၊ ပညာရေး ဖလှယ်ရေး
လုပ်ငန်းတွေနဲ့ အရင်ကရှိခဲ့တဲ့ ဂုဏ်သတင်းလို ပြန်လည်ကျော်ကြားစေချင်တယ်။
ပြီးတော့ ကျွန်မလာရောက်တဲ့ တစ်လျှောက်အတွင်းမှာလည်း တကယ့်ကို တော်တဲ့၊ နှ့ံစပ်တဲ့
ပညာရှင်တွေကို တက္ကသိုလ်ထဲမှာ တွေ့ရတယ်။ ဒီနှစ် မေနဲ့ ဇွန်ကြားထဲမှာပဲ ကိုလုံးတက္ကသိုလ် က
ပထဝီဌာနက တင်မဟုတ်ဘဲ၊ ဓာတုဗေဒ၊ နိုင်ငံတကာဆက်ဆံရေး (IR) နဲ့ ဇီဝဗေဒစတဲ့ အခြားဌာန
တွေက မြန်မာ တက္ကသိုလ်တွေကို လာရောက် သင်ကြားမှာ ဖြစ်တယ်။ ကျွန်မကတော့ ၂၀၁၄ ဧပြီ
လအထိ နေဖြစ်မယ်ထင်တယ်။
* ကိုလုံးတက္ကသိုလ်အနေနဲ့ မြန်မာ နိုင်ငံတက္ကသိုလ်တွေနဲ့ ဆောင်ရွက်မယ့် ရှေ့လုပ်ငန်းစဉ်
တွေက ဘာတွေလဲ။
တက္ကသိုလ်နှစ်ကျောင်းက ပါမောက္ခ တွေအချင်းချင်း ကျောင်းချင်းဖလှယ် လေ့လာတာတွေ၊
၀န်ထမ်းချင်းဖြစ်တဲ့ ကထိကတွေ ကျောင်းချင်း ဖလှယ် လေ့လာတာတွေ၊ ကျောင်းသားချင်း ဖလှယ်
တာတွေပါတယ်။ အခုလက်ရှိ တော့ ကိုလုံးတက္ကသိုလ်ကျောင်းသား သုံးယောက် ရန်ကုန်
တက္ကသိုလ်ထဲမှာ လာရောက်လေ့လာနေပြီး၊ ဏ့.ီ ကျောင်းသားတွေ၊ မဟာဘွဲ့ရသူတွေ ပါ၀င်တယ်။
တကယ်တော့ ကျောင်းချင်း ချိတ်ဆက်လုပ်ကိုင်တယ်ဆိုတာ အလွှာ ပေါင်းစုံ၊ ဦးတည်ရာပေါင်းစုံက
ချိတ်ဆက်တာဖြစ်တယ်။
COE အဆင့်မြှင့် တင်တာကို ရန်ကုန်တက္ကသိုလ်ထဲမှာ စတင်လုပ်နေပြီဖြစ်ပြီး နိုင်ငံတကာက
ကထိကတွေ လာရောက်သင်ကြားတဲ့ အလုပ်ရုံဆွေးနွေးပွဲက လေးကြိမ်၊ ဆွေးနွေးပွဲက ခုနစ်ကြိမ်
ရှိပါပြီ။
လာမယ့် လေးနှစ်အတွင်းမှာ ကိုလုံးတက္ကသိုလ် အနေနဲ့ မြန်မာနိုင်ငံတက္ကသိုလ်တွေနဲ့ လက်တွဲပြီး၊
သင်ကြားမှုထောက်ကူပြု ပစ္စည်းတွေ၊ စွမ်းရည်မြှင့်တင်ရေး သင်တန်းတွေ၊ လူငယ်ဝန်ထမ်းတွေ
အနေနဲ့ ဘယ်လိုတာဝန်ယူကြောင်း သင်ကြားတဲ့ ခေါင်းဆောင်မှုသင်တန်း တွေ၊ ခေတ်မီသင်ကြား
နည်းစနစ်တွေ၊ နိုင်ငံတကာ ဆိုင်ရာစွမ်းရည်တွေ၊ သုတေသနအခြေပြု သင်ကြားနည်းစနစ်တွေနဲ့
ပူးပေါင်းပါ၀င်သွားမှာပါ။
* မြန်မာနိုင်ငံမှာလာ ရောက်သင်ကြားတဲ့အခါ ဘယ်လို အခက်အခဲတွေ ရှိသလဲ။
ကျွန်မက အရှေ့တောင်အာရှက အခြားတက္ကသိုလ်တွေမှာလည်းသွား ရောက် သင်ကြားပေးတဲ့
အတွက် အခု လက်ရှိ သွားရောက်နေတဲ့ အရှေ့တောင် အာရှတက္ကသိုလ်တွေနဲ့ ပြောရင်တော့
ဒီအာရှတစ်ခွင်က ကျောင်းသားတွေကို သင်ကြားတဲ့အခါ အင်္ဂလိပ်စာဆိုင်ရာ အခက်အခဲရှိတယ်။
အထူးသဖြင့် ကျောင်းသားတွေက ပညာရပ်ပိုင်းဆိုင်ရာ အင်္ဂလိပ်စာအားနည်းတယ်။ ဒုတိယတစ်
ချက်ကတော့ ခေတ်သစ်သုတေသန နည်းပညာမှာ အားနည်းတယ်။
အာရှတက္ကသိုလ်တွေ တော်တော်များများက သင်ကြားရေးကိုပဲ အဓိကအာရုံစိုက်ပြီး၊ သုတေသန
စာတမ်းတွေလုပ်ဖို့ကို အားနည်းနေကြတယ်။
ဒါကလည်း ကျောင်းအပေါ်မူတည်ပြီး အနည်းနဲ့အများ ကွာဟတာဖြစ်တယ်။ ပြီးတော့ ကျောင်းသား
တွေမှာ သူတို့တွေ့ရှိချက်တွေကို ပုံနှိပ်ဖော်ပြခွင့်မရှိဘူး။
ပုံနှိပ်ဖော်ပြခွင့် ရှိတာဟာ သုတေသနလုပ်ဖို့ အားပေးရာ ရောက်တယ်။ တတိယတစ်ချက် ကတော့
မြန်မာ ကျောင်းသားတွေ တော်တော်များများက နိုင်ငံတကာနဲ့ ထိတွေ့မှုမရှိဘူူး။
ကျွန်မ မန္တလေးတက္ကသိုလ်ကိုသွားရောက် သင်ကြားတဲ့အခါကျောင်းသားတွေက နိုင်ငံတကာနဲ့ထိ
တွေ့တော့ အရမ်းအားတက်ကြတယ်၊ ဆွေးနွေးပွဲတွေကို ပါ၀င်ကြတာတွေ့ရပါတယ်။















