ဂျပန်ပညာရေး ပြပွဲတွင် ဂျပန်တက္ကသိုလ် သုံးခု ပါ၀င်ပြသ

ဂျပန်ပညာရေး ပြပွဲတွင် ဂျပန်တက္ကသိုလ် သုံးခု ပါ၀င်ပြသ

ဂျပန်ပညာရေးပြပွဲ ၂၀၁၃ ကို ဂျပန် သံရုံးနှင့် ဂျပန်ပြန် မြန်မာကျောင်းသား ဟောင်းများအသင်း
(MAJA)၊ JASSO အဖွဲ့တို့မှ ပူးပေါင်းကာ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ရန်ကုန်မြို့ ကုန်သည်စက်မှု
အသင်းချုပ်တွင် ကျင်းပခဲ့သည်။

အဆိုပါပြပွဲတွင် ဂျပန်နိုင်ငံမှ ဟိုကိုင်းဒိုးတက္ကသိုလ်၊ ကိုကုရှိကန် တက္ကသိုလ်နှင့် ရစ်ဆူမီကန် အာရှ
ပစိဖိတ် တက္ကသိုလ်တို့ ပူးပေါင်းပါ၀င်ခဲ့ပြီး၊ ပညာသင်ဆုရရှိသော ဂျပန်ကျောင်းသားဟောင်းများက
ပါ၀င်ဆွေးနွေးခဲ့သည်။

MAJA မှ အုပ်ချုပ်ရေးတာဝန်ခံ ဦးမြင့်သောင်းက "ဂျပန်မှာတက္ကသိုလ် ပညာသင်ချင်တဲ့ ကလေး
တွေအတွက် နည်းလမ်းတွေ၊ ဘယ်ဘာသာရပ်ကို ရွေးမလဲ၊ ဘာသွားသင်မလဲ၊ ဘယ်လောက်ကြာ
မလဲ၊ ဘယ် လောက်ကုန်ကျမလဲ၊ ဘာကို အခြေခံပြီး သင်ရမလဲ။ ဟိုမှာဆိုရင် အင်္ဂလိပ်လိုသင်တာ
ရှိတယ်၊ ဂျပန်လို သင်တာရှိတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုလာနားထောင်တဲ့အတွက် ဂျပန် နိုင်ငံမှာရှိတဲ့
တက္ကသိုလ်တွေဆီကို မြန်မာကျောင်းသားတွေက ပုဂ္ဂလိက တစ်ဆင့်လည်း သွားနိုင်တယ်။ အစိုးရ
ကတစ်ဆင့်လည်း သွားနိုင်တယ်။ ဟိုမှာသွားသင်ရင်လည်း ပညာသင်ဆု ဘယ်လိုရအောင် လုပ်ရ
မလဲဆိုတာသိမယ်" ဟု ပြောကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး