ဧရာဝတီမြစ်မှ လျှပ်စစ် ထုတ်နိုင်ရန် လေ့လာမည်

ဧရာဝတီမြစ်မှ လျှပ်စစ် ထုတ်နိုင်ရန် လေ့လာမည်

မြန်မာနိုင်ငံ၌ ပထမဦးဆုံးအဖြစ် ဧရာဝတီမြစ်အတွင်း ရေထိန်းနံရံ ၁၂ ခု တည်ဆောက်ကာ လျှပ်စစ်
ဓာတ်အားထုတ်ယူရန် စီမံကိန်းအတွက် ဖြစ်နိုင် ခြေ လေ့လာမှုများကို လာမည့် မတ်လမှ စတင်
ဆောင်ရွက်သွားမည် ဟု ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင် က
ယခုလ ၁၁ ရက်က ပြောသည်။

"အစိုးရအဖွဲ့က အတည်ပြုပြီးသားကို လုပ်တာပါ" ဟု ၎င်းကပြောသည်။ သို့သော် လွှတ်တော်၏
လုပ်ထုံး လုပ်နည်းများအတိုင်း တင်ပြဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူများ ဘက်မှ လက်မခံပါ
က ဆောင်ရွက်မည်မဟုတ်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါစီမံကိန်းအတွက် လေ့လာမှုများအနေဖြင့် ဧရာဝတီမြစ်အထက်ပိုင်း ဗန်းမော်မှ ဟင်္သာတမြို့
အထိ မြစ်ကြောင်းတစ်လျှောက်တွင် လောလောဆယ် လေ့လာမှုများအရ ရေအားလျှပ်စစ်ထုတ်ယူ
နိုင်သော ရေထိန်းတမံ ၁၂ ခု တည်ဆောက်နိုင်ရန် လျာထားပြီး ရေအားလျှပ်စစ် မဂ္ဂါ၀ပ် ၂,၅၂၀
ထုတ်ယူနိုင်ရန် ခန့်မှန်းထားသည်ဟု ဦးဉာဏ်ထွန်းအောင်က ပြောသည်။

ရေထိန်းတမံများသည် ဆည်များကဲ့သို့ စီးဆင်းနေသော ရေကြောင်းအား ပိတ်ပင်တားဆီးခြင်း
မဟုတ်ဘဲ သတ်မှတ်အတိုင်းအတာတစ်ခုဖြစ် သော ရေပမာဏကိုသာ ထိန်းသိမ်းထားပြီး ကျန်
ပမာဏကို တမံများအား ဖြတ်ကျော် စီးဆင်းစေမည်ဖြစ်သဖြင့် ရေကြောင်းကို မထိခိုက်နိုင်ဟု
ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက ပြောသည်။

မြန်မာနိုင်ငံ၌လည်း ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ဩစတြီးယားနှင့် အမေရိကန်နိုင်ငံများကဲ့သို့
Weir ship Locks များ တည်ဆောက် နိုင်ပါက ရေကြောင်းသွားလာမှုအတွက် အနည်းဆုံး ရရှိနိုင်
မည့် မြစ်ရေအနက် ပိုမိုတိုးတက်ရရှိနိုင် ခြင်း၊ ရေမျက်နှာပြင်ဧရိယာ ပိုမိုကျယ်ပြန့်လာပြီး ရာသီဥတု
ပိုမိုကောင်းမွန်စေခြင်း၊ ငါးမွေးမြူ ရေးအတွက် အထောက်အကူပြုဖြစ် စေခြင်း၊ စိုက်ပျိုးရေးနှင့် စက်မှု
လုပ်ငန်းများအတွက် ရေချိုအပြည့်အဝရရှိနိုင် ခြင်း၊ သန့်စင်လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရရှိခြင်း
စသည့် အကျိုးကျေးဇူးများ ရရှိမည်ဟု သိရသည်။

ဘီအိုတီစနစ်ဖြင့် တည်ဆောက်မည့် အဆိုပါစီမံကိန်းမှာ အမေရိကန် ဒေါ်လာသန်း ၃၀၀ ခန့်
ကုန်ကျနိုင်ပြီး သုံးနှစ်ခန့်အချိန်ယူရမည်ဖြစ်သည်။

"ရင်းနှီးမြှုပ်နှံမယ့်သူကို ဘီအိုတီ စနစ်နဲ့ ဖိတ်ခေါ်ပါမယ်"ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး