ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်အတွင်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ရက်စက်စွာ အသတ်ခံထားရ
သည့် အမျိုးသမီး အမှုနှင့်ပတ်သက်ပြီး သံသယရှိသူ တစ်ဦးကို စစ်ဆေးမေးမြန်းနေကြောင်း မြန်မာ
နိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးဝင်းစိန် က မြန်မာတိုင်း(မ်)ကို ပြောသည်။
"အလောင်းနားမှာ သံသယရှိသူရဲ့ အမည်နဲ့ စာရွက်တစ်ရွက်တွေ့လို့ ခေါ် ယူမေးမြန်းနေတာပါ။
အသက် ၃၀ လောက်ရှိပြီ"ဟု ၎င်းက ပြောသည်။ အဆိုပါဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့
နံနက် ၉ နာရီတွင် ဖြူးမြို့၏ တောင်ဘက် နှစ်မိုင်ခွဲခန့်တွင် ရန်ကုန်- မန္တလေး ကားလမ်းဟောင်း
ပေါ်ရှိ သပြေလှကျေးရွာ ဇဟားချောင်းတံတား အောက် ချောင်းထဲတွင် မသင်္ကာဖွယ် ပီနံအိတ်
တစ်အိတ် တွေ့ရှိသဖြင့် ဖြူးရဲစခန်း၏ တာဝန်မှူးတာဝန်ယူလျက်ရှိသည့် ဒုရဲအုပ်ဇော်ဝင်းနှင့်အဖွဲ့
သည် ချင်းခင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူးတို့နှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ
သွေးများပေကျံနေသည့် ပီနံအိတ်ကို တွေ့ရှိပြီး ဖြူးမြို့နယ်ဆေးရုံ သို့ ပေးပို့ခဲ့သည်။
ဖြူးမြို့နယ် ဒုရဲမှူး စိုးသိန်း၊ ဖြူးရဲစခန်း ရဲအုပ်သောင်းဝင်း တို့က တာဝန်ကျဆရာဝန်နှင့်အတူ ပီနံ
အိတ်ကို ဖွင့်ဖောက်စစ်ဆေးခဲ့သည့် အချိန်တွင် ခြေနှင့်လက်တို့ကို ကြိုးတုပ်ပြီး ဦးခေါင်းမပါ၊ အဝတ်
ဗလာဖြင့် အမျိုးသမီးအလောင်းတစ်လောင်းကို တွေ့ရှိခဲ့သည်။
၎င်းအလောင်း၏ ကိုယ်ပိုင်းကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၃ နာရီ ၁၅ မိနစ်တွင် တွေ့ရှိခဲ့ပြီး
ချောင်းတံတား၏ အရှေ့ဘက်ဘေးတွင် ဦးခေါင်းပြတ် တစ်ခုကို တွေ့ရှိခဲ့သဖြင့် ဦးခေါင်းပြတ်ကို
ဆေးရုံသို့ ယူဆောင်ပြီး ကိုယ်ပိုင်းနှင့် ဆက်စပ်ကြည့်ရာတွင် ကိုက်ညီမှုရှိ ကြောင်း၊ ဦးခေါင်းပြတ်နှင့်
အတူ အမျိုးသမီးထဘီ၊ အကျႌတို့အပြင် အမျိုးသားဝတ် ပုဆိုးအနီတစ်ထည်ပါ သိမ်းဆည်းရရှိခဲ့
သည့်အမှု ဖြစ်သည်။
ယင်း အမှုကို ပ/၃၆၊ ပုဒ်မ (၃၀၂) ဖြင့် ဖြူးရဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။















