မူးယစ်ဆေးဝါးအမှု ထောင်ဒဏ် ၁၄ နှစ်စီ ချမှတ်

မူးယစ်ဆေးဝါးအမှု ထောင်ဒဏ် ၁၄ နှစ်စီ ချမှတ်

စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများ သိမ်းဆည်းရမိခဲ့မှုဖြင့် ဖမ်းဆီးတရားစွဲဆို ထားခြင်းခံရသော
သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမီးဒုံးလမ်းနေ ဦးဝင်းဌေး၊ နေမျိုးလင်း (ခ) ကိုမျိုးနှင့် ပြည်မြို့နေ
စည်သူဇော် (ခ) ဘိုဖြူတို့အပေါ် ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါး
များဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က) အရ အပြစ်ရှိ၍ ထောင်ဒဏ် ၁၄ နှစ်စီ ကျခံကြစေရန် ရန်ကုန်
အနောက်ပိုင်းခရိုင်တရားရုံးက ဖေဖော်ဝါရီ ၁၉ ရက်နေ့က စီရင်ချက်ချမှတ်လိုက်သည်။

မှုခင်းဖြစ်စဉ်မှာ ၁၈-၁၁-၂၀၁၁ ရက် နေ့ ညနေ ၃ နာရီခန့်တွင် ရန်ကုန်အနောက်ပိုင်း မူးယစ်အဖွဲ့ကြီး
ကြပ်သူ အရာရှိ ဒုရဲမှူးခင်မောင်သိန်း ဦးစီးတပ်ဖွဲ့ ၀င်များနှင့် ဗဟန်းရဲစခန်းမှ နယ်ထိန်း အရာရှိ
ဒုရဲအုပ် တင်လှိုင် ပူးပေါင်းပါ၀င်လျက် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ဗဟန်း
မြို့နယ်၊ ဗိုလ်စိန်မှန်ရပ်ကွက်၊ ဗိုလ်တေဇလမ်းနှင့် ဗိုလ်သူရလမ်းထောင့်၌ စောင့်ဆိုင်း နေစဉ် အငှား
ယာဉ်တစ်စီးပေါ်တွင် ၀င်းဌေးနှင့် စည်သူဇော်တို့လိုက်ပါလျက် ထိုကားပေါ်တွင် Tramadol HCL
50 mg ဆေးလုံးစုစုပေါင်း ၁၈၄,၈၀၀ လုံးနှင့် စည်သူဇော်၏ ညာဘက်လက် အတွင်းမှ NOKIA
အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးတွေ့ရှိ၍ သိမ်းဆည်းခဲ့သည်။

၀င်းဌေး၏ဖော်ထုတ်ချက်အရ နေမျိုးလင်း နေထိုင်ရာအိမ်ကို သွား ရောက်ရှာဖွေရာ နေအိမ်အောက်
ထပ် အိပ်ခန်းမှ ဒိုင်ယာဆီပင်ဆေးပြား ၅၂၆,၀၀၀ ပြား၊ ပန်းရောင်စိတ်ငြိမ် ဆေးပြား ၅၆,၀၀၀၊
ထိုးဆေးအလုံးပေါင်း ၄,၅၁၀ နှင့် နေမျိုးလင်း၏ ညာဘက်လက် မှ NOKIA အမျိုးအစား လက်ကိုင်
ဖုန်း တစ်လုံး စသည်တို့ကို သိမ်းဆည်းခဲ့သည်။

ထို့နောက် ဗဟန်းရဲတပ်ဖွဲ့စခန်း က တရားခံများအား ၁၉၉၃ ခုနှစ် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်း
လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅၊ ၁၉(က)/၂၁ အရ တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့
မှုဖြစ်သည်။

အနောက်ပိုင်းခရိုင်တရားရုံး၏ စီရင်ချက်တွင် "ယခုအမှု၌ တရားခံ ဦးဝင်းဌေး နှင့် တရားခံ
စည်သူဇော်တို့ စီးနင်းလာသည့် ကားပေါ်မှ စိတ်ကိုပြောင်းလဲစေသည့် သက်သေခံဆေးဝါးများ
ဖမ်းဆီးရမိကြောင်း အငြင်းမပွားချေ။ ထို့အတူ နေမျိုးလင်း နေထိုင်ရာ အိမ်အောက်ထပ် မှ စိတ်ကို
ပြောင်းလဲစေသည့် သက်သေခံ ဆေးဝါးများတွေ့ရှိခဲ့သည်မှာလည်း အငြင်းမပွားချေ။

"တရားခံများအနက် တရားခံ ဦးဝင်းဌေးသည် အမှုမှသက်သေခံပစ္စည်းများ အားလုံးမှာ သူ၏မိတ်
ဆွေ ဒေါက်တာ အောင်ကျော်ဦး ဆိုသူ၏ ပစ္စည်းများ ဖြစ်ပြီး ၎င်းကမသိဘဲ လက်ခံခြင်း၊ သယ်ယူ
ခြင်း ပြုမိသည်ဟုဆိုလိုသည်။ တရားခံ စည်သူဇော်ကမူ ကားပေါ်သို့ လမ်းကြံုလိုက်ပါခဲ့ခြင်းသာဖြစ်
ပြီး သက်သေခံပစ္စည်းများနှင့် စပ်လျဉ်း၍ မသက်ဆိုင်ဟုဆိုလိုသည်။ တရားခံ နေမျိုးလင်းကလည်း
၎င်းနေထိုင်ရာ အိမ်အောက်ထပ်၌ တွေ့သောပစ္စည်း များမှာ ၎င်းမသိ၊ ၎င်းနှင့်မသက်ဆိုင်ဟု
ဆိုလိုခြင်းဖြစ်သည်။

"အမှု၌ သက်သေခံ စိတ်ကိုပြောင်းလဲ စေသည့်ဆေးဝါးများကို သိမ်းဆည်းထားသည့် ရှာဖွေပုံစံ
အသီးသီးပေါ်တွင် တရားခံအသီးသီးက လက်မှတ်ထိုးထားကြသည်။ ရှာဖွေပုံစံကို လက်မှတ်ရေးထိုး
စဉ် ငြင်းဆန်ကြသည်ဟု အရပ်သက်သေတို့က ထွက်ဆိုကြသော်လည်း ရဲတပ်ဖွဲ့ ၀င်သက်သေများ
က ထိုသို့ထွက်ဆိုခြင်း မရှိချေ။ ရဲသက်သေများမှာလည်း တရားခံများနှင့် ရန်ငြိုးဒေါသရှိသူများဖြစ်
ကြောင်း မပေါ်ပေါက်သဖြင့် ၎င်းတို့၏ ထွက်ဆိုချက်များကို အလွယ်တကူ ပစ်ပယ်ရန် မဖြစ်နိုင်ချေ။

"တရားခံ စည်သူဇော်ထံမှ သိမ်းဆည်း သောလက်ကိုင်ဖုန်းနှင့် တရားခံ နေမျိုးလင်းထံမှသိမ်းဆည်း
သော လက်ကိုင် ဖုန်းတို့မှာ စကားပြောဆိုဆက်ဆံမှုရှိ ကြောင်း အမှုစစ်အရာရှိက မြန်မာ့
ဆက်သွယ်ရေးမှ မှတ်တမ်းရယူထားသည်။

ထို့ကြောင့် တရားခံသုံးဦးတို့သည် အချိတ်အဆက်များ ရှိကြကြောင်း ပေါ်ပေါက်သည်။

ထို့ပြင် တရားခံများအား ကြံုကြိုက်၍ ဖမ်းဆီးခဲ့ခြင်းမဟုတ်ဘဲ သတင်းအရ စောင့်ဆိုင်းဖမ်းဆီးခဲ့ရာ
မှ သက်သေခံပစ္စည်းများတွေ့သဖြင့် အချင်းချင်း အချိတ်အဆက်များရှိ ကြောင်း ပို၍ထင်ရှားစေ
သည်။

တရားခံ ဦးဝင်းဌေးက ပစ္စည်းများအားလုံးကို ဒေါက်တာ အောင်ကျော်ဦး၏ ပစ္စည်းများ ဖြစ်သည်ဟု
ပုံချလိုသည်။

ရဲများက ဒေါက်တာ အောင်ကျော်ဦးကို တရားခံ ပြေးအဖြစ် စွဲဆိုခဲ့ခြင်းမရှိသည်သာမက ဖမ်းဆီးရန်
ပင် အားထုတ်ခဲ့ကြောင်း ပေါ်ပေါက်ခြင်းမရှိသဖြင့် သက်သေခံပစ္စည်းများမှာ တရားခံများနှင့်သာ
သက်ဆိုင်သည်ဟုသာ ကောက်ယူရန် ဖြစ်သည်။

ထို့ကြောင့် တရားခံများ အပေါ် စွဲချက်တင်ထားသည့်အတိုင်း ပြစ်မှုများကို အသီးသီးကျူးလွန်သည်
ဟု ဆုံးဖြတ်၍ ထောင်ဒဏ် ၁၄ နှစ်စီ ကျခံကြစေရန် အမိန့်ချမှတ်လိုက်ကြောင်း" စီရင်ချက်တွင်
ဖော်ပြထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး