အခြေခံပညာကဏ္ဍအတွက် ဘီလျံ ၃၀ ကျော် ပိုမိုသုံးစွဲရန် အတည်ပြု

အခြေခံပညာကဏ္ဍအတွက် ဘီလျံ ၃၀ ကျော် ပိုမိုသုံးစွဲရန် အတည်ပြု

ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့၊ ဖေဖော်ဝါ ရီ ၂၀ ရက်၌ အရေး
ကြီးအဆိုအဖြစ် ဇလွန် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွတ်က တင်သွင်း
လာသည့် အခြေခံပညာကဏ္ဍ မူလတန်းပညာရေးဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်း ပံ့ပိုး ပေးရန်
အဆိုနှင့် ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဆင့်မြင့်ပညာကဏ္ဍ
အတွက် လျာထားငွေမှ ဘီလျံ ၃၀ ကျော်ခန့်ကို အခြေခံပညာကဏ္ဍသို့ လွှဲပြောင်းသုံးစွဲရန်
သဘောတူ ကတိပြုပြီး ပြည်သူ့ လွှတ်တော်က အတည်ပြုနိုင်ခဲ့သည်။

"၂၀၁၃-၁၄ ဘဏ္ဍာနှစ်၊ ပညာရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းစီမံကိန်းနဲ့ ရင်းနှီး မြှုပ်နှံမှုတွေကို လေ့လာ
ကြည့်တဲ့အခါ အခြေခံကဏ္ဍအတွက် ဖြည့်စွက်လုပ်ငန်းများ သုံးစွဲရန် လျာထားငွေမှာ ကျပ်သန်း
ပေါင်း ၆၅,၂၇၃ ဒသမ ၂ ဖြစ်ပြီး ရုံးသုံး စက်ကိရိယာများ၊ ပရိဘောဂများနှင့် ယာဉ်များအတွက်
သုံးစွဲမည့်ငွေမှာ ကျပ်သန်း ၁၁,၃၂၃ ခန့် ဖြစ်ကြောင်း တွေ့ရပါတယ်။ အခြေခံပညာကဏ္ဍတွင်
အခြေခံကျောင်းများ မွမ်းမံပြင်ဆင်ခြင်း၊ အသစ်ဆောက်လုပ်ခြင်းအတွက် ကျပ်သန်းပေါင်း ၈၈,၂၀၃
ဒသမ ၅၂၄ လျာထားပြီး အဆင့်မြင့် ပညာကဏ္ဍတွင် ကျပ်သန်း ၁၂၆,၆၄၃ ဒသမ ၄၀၃ လျာထား
ကြောင်း တွေ့ရှိ ရသည့်အတွက် အခြေခံပညာနှင့် အဆင့် မြင့်ပညာကဏ္ဍ နှစ်ခု၏ ဘတ်ဂျက်လျာ
ထားငွေကို နှိုင်းယှဉ်ပါက အခြေခံ ပညာကဏ္ဍက အဆင့်မြင့်ထက် ကျပ် သန်း ၃၈,၄၃၉ ခန့် လျော့
နည်း လျာထားကြောင်း တွေ့ရပါတယ်။

"ထို့ပြင် ပညာရေးဝန်ကြီးဌာန အောက်ရှိ ဌာနအသီးသီး၏ ရုံးသုံး စက်ကိရိယာများ၊ ပရိဘောဂများ
နှင့် ယာဉ်များ ၀ယ်ယူရန် လျာထားငွေမှာ ကျပ် သန်း ၃၁,၂၆၅ ဒသမ ၆၇၆ ဖြစ်ကြောင်း၊ ၎င်းလျာ
ထားငွေမှာ လွန်စွာများပြားနေကြောင်း တွေ့ရပါတယ်။ ဒီအသုံးစရိတ် တွေကို စိစစ်လျှော့ချနိုင်မယ်
ဆိုရင် ကျေးလက်ပြည်သူများက ငှားရမ်းခန့်ထားသည့် ဆရာ၊ ဆရာမများအစား အစိုးရက ခန့်ထား
မည့် ဆရာ၊ ဆရာမများအတွက် နိုင်ငံတော်မှ လစာစရိတ်များ သုံးစွဲနိုင်မယ်လို့ သုံးသပ်ရရှိပါတယ်"
ဟု ဦးတင်ထွတ်က ထောက်ပြ ဆွေးနွေးခဲ့သည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက "ဒီမနက်ပိုင်းမှာပဲ ဘတ်ဂျက်နဲ့
ပတ်သက်ပြီး ပြန်စိစစ်ပါတယ်။ မှန်ပါတယ်။ ငွေလုံးငွေရင်းဆိုရင် အဆင့်မြင့်ပညာ ကဏ္ဍအတွက်
၂၆ ဒသမ ၃၇၈ ဘီလျံ သုံးပါတယ်။ စုစုပေါင်းတွက်လိုက်ရင် အဆင့်မြင့် ပညာကဏ္ဍအတွက် ၁၃၂
ဘီလျံသုံးပြီး အခြေခံပညာကဏ္ဍအတွက် ၁၄၁ ဘီလျံ သုံးပါတယ်။ ၃၁ ဒသမ ၂၆၅ ဘီလျံဟာ
ပရိဘောဂပစ္စည်း၊ ဇိမ်ခံပစ္စည်းတွေဖြစ်ဖို့များပါတယ်။ မလိုလားအပ်တဲ့ ဆက်တီတို့၊ ၄၁ လက်မ
တီဗီလို ဇိမ်ခံပစ္စည်း တွေက မလိုပါဘူး။ ဒါတွေအတွက် ၃၁ ဒသမ ၂၆၅ ဘီလျံ ပိုသုံးထားသလို
ဖြစ်နေပါတယ်။ ဒါကြောင့် ဥပဓိရုပ် မကောင်းတဲ့ ကျောင်းတွေ ပျက်စီးနေတဲ့ အသစ် ဆောက်ရမယ့်
ကျောင်းတွေအတွက် မလိုသေးတဲ့ ပရိဘောဂပစ္စည်းတွေ ၀ယ်မယ့်အစား လွှဲပြောင်းသုံးသွားဖို့
ကျွန် တော် ကတိပြုပါတယ်"ဟု ပြောသည်။

ထို့ပြင် ပညာရေးဝန်ကြီးဌာနအနေ ဖြင့် အခြားသော အခက်အခဲများနှင့် လည်း ကြံုတွေ့လျက်ရှိ
ကြောင်း၊ အချို့ ဒေသများတွင် ခိုးပြီး တွဲဖက်လုပ်ထားသည့် ခိုးတွဲကျောင်းများလည်းရှိ ကြောင်း၊
၎င်း ခိုးတွဲကျောင်း ၁,၅၀၀ ရှိသည့်အနက် ယခု ၁,၂၀၀ ကျော်အား တွဲဖက်မူလတန်းကျောင်းများ၊
တွဲဖက် အလယ်တန်းကျောင်းများအဖြစ်ချမှတ် ပေးခဲ့ကြောင်း ၎င်းက ပြောသည်။

"နောက်ပြီး ၁၀ တန်းအောင်တဲ့ ကလေးတွေကို နေ့စား ဆရာ၊ ဆရာမ တွေအဖြစ် ခန့်ဖို့၊ ပြီးတော့မှ
ကျောင်းပိတ်ရက်မှာ အချိန်တိုဆရာအဖြစ် သင်တန်းတွေလုပ်ပေးပါမယ်။ ဘွဲ့ရ ကလေးတွေကို
ဆွဲခန့် ဆရာခန့်ဖို့လည်း အစီအစဉ်တွေ လုပ်နေပါပြီ။ လက်ရှိမှာ ဆရာ၊ ဆရာမတွေလိုနေတာ
ကျွန်တော် သိပါတယ်။ ဖြည့်လို့မနိုင်အောင် ဖြစ်နေပါတယ်။ အခြေခံကျောင်းတွေ ပြုပြင် ခြင်း၊
ဆရာတွေလိုနေတဲ့ကျောင်းတွေမှာ တိုးခန့်ထားခြင်းတွေကိုလည်း စီစဉ်နေပါပြီ။ ဒါတွေအားလုံးကို
စီမံကိန်းမှာ ထည့်ဖို့ ဒီညနေမှာပဲ လုပ်ပါ့မယ်"ဟု ဒေါက်တာမြအေးက ပြောကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး