စပစ်ဖိုင်းယားလေယာဉ် အိပ်မက်မက် ကောင်းနေဆဲ

စပစ်ဖိုင်းယားလေယာဉ် အိပ်မက်မက် ကောင်းနေဆဲ

ဝေဖန်မှုများစွာ ရှိနေသည့်ကြားမှ ဗြိတိသျှ တိုက်လေယာဉ် စပစ်ဖိုင်းယားများ ရှာဖွေရေးကို ဆက်
လက်လုပ်ဆောင် နေရာ ကောင်းမွန်သည့် ရလဒ်များကို မကြာမီ ရက်ပိုင်းအတွင်း ကြေညာနိုင်
လိမ့်မည်ဟု ယုံကြည်ကြောင်း စပစ်ဖိုင်းယား တူးဖော်ရေးအဖွဲ့ ခေါင်းဆောင် ဗြိတိန်နိုင်ငံသား
ဒေးဗစ်ဂျေကင်ဒယ်လ် က ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ထပ်မံ ပြောဆိုလိုက်သည်။

၁၉၄၅ ခုနှစ်နှင့် ၁၉၄၆ ခုနှစ်များအတွင်းက ဗြိတိန်နိုင်ငံမှ ထုတ်လုပ်သည့် ရှားပါးသော စပစ်ဖိုင်းယား
တိုက် လေယာဉ်များကို မြန်မာနိုင်ငံအတွင်းရှိ မင်္ဂလာဒုံလေဆိပ်အနီး၊ မြစ်ကြီးနားနှင့် မိတ္ထီလာမြို့
များအနီးတွင် အချက်အလက်များအရ ရှာဖွေရန် ၂၀၁၂ ခုနှစ် အောက်တိုဘာလခန့်မှ စတင်
ကြိုးပမ်းခဲ့သည်။

ယင်းသို့ ရန်ကုန်၊ မင်္ဂလာဒုံလေဆိပ် အနီးတွင် စမ်းသပ်မှုများ လုပ်ဆောင် နေစဉ်အတွင်းမှာပင်
ထိုစီမံကိန်းကို ငွေကြေးထောက်ပံ့ပေးနေသော ဘီလာရုစ်နိုင်ငံအခြေစိုက် အွန်လိုင်း ဗီဒိုယိုဂိမ်း
ကုမ္ပဏီက မည်သည့်စပစ်ဖိုင်းယားမျှ ရှာဖွေတွေ့ရှိခြင်းမရှိဟု သတင်းထုတ်ပြန်ပြီးနောက် ထောက်ပံ့
မှုများကို ရပ်ဆိုင်းခဲ့သည်။

ထို့ကြောင့် အဆိုပါ စီမံကိန်းနှင့် ပတ်သက်ပြီး ယင်းဂိမ်းကုမ္ပဏီနှင့် ဆက်လက်လုပ်ဆောင်ခြင်း
မရှိတော့ကြောင်း ဒေးဗစ်ဂျေကင်ဒယ်လ်က မြန်မာတိုင်း(မ်)ကို ပြောသည်။

စပစ်ဖိုင်းယားများ ဆက်လက်ရှာဖွေရန်အတွက် စတင်လုပ်ဆောင်စဉ်ကပင် တည်ထောင်ထားသည်
ဟုဆိုသည့် ရန်ပုံငွေများနှင့် ဆက်လက်စမ်းသပ်လုပ်ဆောင်နေသည်ဟုလည်း ၎င်းက ပြောသည်။

သို့ရာတွင် ယခုအချိန်အထိ ငွေကြေးမည်မျှသုံးစွဲပြီးသည်ဆိုသည်ကို မသိကြောင်း
မစ္စတာကင်ဒယ်လ်က ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး