မြန်မာအင်ဂျင်နီယာများအား ဟီတာချီက သင်တန်းပေး

မြန်မာအင်ဂျင်နီယာများအား ဟီတာချီက သင်တန်းပေး

မြန်မာနိုင်ငံမှ အိုင်တီအင်ဂျင်နီယာ ခြောက်ဦးအား ဂျပန် ဟီတာချီ ကုမ္ပဏီက ဂျပန်နိုင်ငံ၊ တိုကျိုမြို့
တွင် ဖေဖော်ဝါရီ လ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ဒေတာစင်တာနှင့်ပတ်သက်သည့် သင်တန်းကို
ဖိတ်ခေါ်စီစဉ်ပေးခဲ့ကြောင်း သိရသည်။

မြန်မာအင်ဂျင်နီယာများအား ဂျပန်နိုင်ငံ၌အသုံးပြုနေသော နောက်ဆုံးပေါ်နည်းပညာများ၊ ထုတ်
ကုန်များ၊ ၀န်ဆောင်မှုများကို ပိုမိုသိရှိနားလည်စေရန် စီစဉ် ခြင်းဖြစ်ကာ ဟီတာချီမှ မြန်မာနိုင်ငံ၏
အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးတွင် ထိုကဲ့သို့အစီအစဉ်များဖြင့် ဆက်လက်ကူညီ
သွားမည်ဟု ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး