လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းပြိုင်ပွဲ (Social Problem Sustainable Business) ကို MICT
Park တွင် ဖေဖော် ၀ါရီလ ရ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိကျင်းပခဲ့ရာ အဖွဲ့ပေါင်း
ရှစ်ဖွဲ့ ပါ၀င်ယှဉ်ပြိုင်ခဲ့သည့်အနက် မြန်မာဘိန်းမုန့်လုပ်ငန်း Happy Pan Cake အဖွဲ့ကပထမဆုရရှိ
သွားသည်ဟု သိရသည်။
၎င်း လုပ်ငန်းမှာ အသက် ၆၀ ကျော် လူကြီးပိုင်းများအား အလုပ်အကိုင် အခွင့်အလမ်းပေးရန်
ရည်ရွယ်ချက်ဖြင့် မြန်မာ့ရိုးရာမုန့်လုပ်ငန်း လုပ်ကိုင်သော လုပ်ငန်းအဖြစ် ပါ၀င်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်
သည်။
ပထမရရှိသောအဖွဲ့အား အမေရိကန် ဒေါ်လာ ၁,၀၀၀ ချီးမြှင့်ခဲ့ကာ ဒုတိယနှင့် တတိယဆုများကို
ဒေါ်လာ ၅၀၀ နှင့် ၃၀၀ အသီးသီး ချီးမြှင့်ခဲ့သည်။
"စီးပွားရေးလုပ်ငန်းကို Social Enterprise လို့ခေါ်တယ်။ နှစ်ဦးနှစ်ဘက် အကျိုးမျှမျှတတဖြစ်ဖို့၊
အရင်တုန်း က Enterprise တွေက ဘာကိုအရေး ထားသလဲဆိုရင် Shareholders တွေ အစုရှယ်
ယာရှင်တွေကို ပိုအလေးထားတယ်။ Business plan က အမြတ်အစွန်း ကိုပ ဲကြည့်တယ်။
ဒါပေမယ့် Enterprise က နှစ်ဦးနှစ်ဖက် အကျိုးဖြစ်တဲ့ အလုပ်သမား၊ ပတ်ဝန်းကျင်၊ စီးပွားရေး
လုပ်ကိုင်တဲ့ ဒေသခံတွေ အားလုံး တွေကိုပါကြည့်တယ်"ဟု စီစဉ်သူ Business School မှ
ဦးမျိုးမင်းက ပြောသည်။
လူငယ်နှင့် လူမှုစီးပွားရေးလုပ်ငန်းများအတွက် ရည်ရွယ်ကာ ကျင်းပခြင်း ဖြစ်ပြီး အသက် ၁၈ နှင့်
၃၀ အကြား ပြိုင်ပွဲဝင်များအတွက်က ၀င်ပြိုင်လိုသော စီးပွားရေးလုပ်ငန်း အကြောင်းများကို
အဆိုပြုလွှာတင်စေရာ အဖွဲ့ရှစ်ဖွဲ့ကိုရွေး ချယ်ယှဉ်ပြိုင်စေခဲ့သည်။















