ရာသီပေါ်သီးနှံများ စိုက်ပျိုးမှု ဘိန်းစိုုက်ပျိုးမှုထက် လုံခြံုမှုပိုရှိ

ရာသီပေါ်သီးနှံများ စိုက်ပျိုးမှု ဘိန်းစိုုက်ပျိုးမှုထက် လုံခြံုမှုပိုရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၌ နိုင်ငံတော်အစိုုးရနှင့် ကုလသမဂ္ဂတို့ ပူးပေါင်းလုပ်ဆောင်သော ဘိန်း
အစားထိုးစီမံကိန်းအရ တောင်သူများမှာ ဘိန်းခင်းများအား စွန့်ခွာချိန်တွင် အခြားသော ဥပဒေနှင့်
လွတ်ကင်းသည့် ရာသီပေါ်သီးနှံများအား စိုက်ပျိုးခြင်းမှာ ဘိန်းစိုုက်ပျိုးစဉ်ကဲ့သို့မဟုတ်ဘဲ လုံခြံု
စိတ်ချရမှုများ ပိုမိုခံစားရကြောင်းလည်း ထိုတောင်သူများက ပြောသည်။

ဘိန်းစိုက်ပျိုးမှုအား လွန်ခဲ့သည့်သုံးနှစ်ခန့်က ရပ်တန့်ခဲကာ အခြားသီးနှံများစိုက်ပျိုးမှုမှာ ထင်သ
လောက် မအောင်မြင်သည်ကို တွေ့ရသည်။

"ဒါပေမယ့် အရင်ကလို ရဲတွေလာ ဖျက်ဆီးမှာလား၊ ဖမ်းမလားဆိုတာမျိုးတော့ မကြောက်ရတော့
ပါဘူး"ဟု မနန်းမိုုဟန်က ပြောသည်။

၂၀၁၂ တွင် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းတိုက်ဖျက်ရေး(UNODC)က ထုတ်ဝေသော
အစီရင်ခံစာအရ ရှမ်းပြည်နယ်မှာ မြန်မာ နိုင်ငံတစ်နိုင်ငံလုံး ဘိန်းစိုက်ပျိုးမှု၏ ၉၈ ရာခိုင်နှုန်း ရှိကာ
ဘိန်းစိုက်ပျိုးမှုမှာလည်း ၂၀၁၁ တွင် ပြန်လည် မြင့်တက်လာခဲ့သည်။

တောင်နက်ကျေးရွာ၌ နေထိုင်သူများမှာ ရှမ်းလူမျိုးများဖြစ်ကာ အိမ်ခြေ ၅၃ နှင့် လူဦးရေ ၃၅၀ ခန့်
ရှိပြီး ပင်လုံမြို့အနီးအနားတွင် တည်ရှိသည်။

ဘိန်းစိုက်ပျိုးသည့်ရာသီမှာ ဆောင်းရာသီကာလအဖြစ်သတ်မှတ်ထားကာ ဩဂုတ်လမှ ဖေဖော်ဝါရီ
လပိုင်းတို့တွင် စိုုက်ပျိုးသည်။

၂၀၁၂ ကမ္ဘာမူးယစ်ဆေးဝါးအစီရင်ခံစာအရ မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၁ ခုနှစ်က ဘိန်းခင်းဟက်
တာပေါင်း ရ,၉၈၆ အား ဖျက်ဆီးခဲ့သည်။

ပအိုဝ်းလူမျိုး အသက် ၅၆ နှစ်အရွယ် အဘတိန်းကမှု ဘိန်းခင်းများအား ရဲများမှ လာရောက်ဖျက်ဆီး
သည်ကို တွေ့မြင်ခဲ့ရသည်။

"ဒါပေမဲ့ သူတို့တွေကို ရေရှည်သီးနှံတွေ အစားထိုးစိုက်ပျိုး နိုင်ဖို့ ကူညီပေးဖို့ လိုပါတယ်။

"ကော်ဖီ၊ ရော်ဘာ၊ လိမ္မော်၊ ထောပတ် စတာတွေပေါ့။ အဲဒီ ရေရှည်ပင်တွေစိုက်ရင် သူတို့အနေနဲ့
အရင်းအနှီး ပိုစိုက်ထုတ်ဖို့လိုတယ်။ အဲဒီအခါမှသူတို့အနေနဲ့ ဘိန်းစိုက်တဲ့ဘက်ကိုလည်း လွယ်
လွယ်နဲ့ ပြန်သွားတာမျိုး မဖြစ်တော့ဘူး"ဟု မစ္စတာ Hans Jocheu Wiese က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး