ဒုတိယအကြိမ်ဖွင့်လှစ်မည့် လေယာဉ် မောင်းသင်တန်းအတွက် မေလတွင် စတင်လျှောက်ထားနိုင်
မည်ဖြစ်သည်ဟု Myanmar Aviation Academy (MAA) မှ သိရသည်။
တက်ရောက်လိုသူများသည် အသက် ၁၇ နှစ်အထက်နှင့် ၃၅ နှစ် ထက်မကြီးသူများ လျှောက်
ထားနိုင်ပြီး သင်တန်းကြေး အမေရိကန်ဒေါ်လာ ၆၅,၀၀၀ ကျသင့် မည်ဖြစ်သည်။
သင်တန်းသား ၂၄ ဦး လက်ခံမည်ဖြစ်ကာ စာမေးပွဲကို လေကြောင်းညွှန်ကြားမှုဦးစီးဌာနက သတ်
မှတ်ပေးသည့်ပုံစံအတိုင်း ဆောင်ရွက်ပေးမည်ဖြစ်သည်။
လေယာဉ်မောင်း သင်တန်းကျောင်း ကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလက စတင် ထူထောင်ခဲ့ပြီး ပုသိမ်
လေယာဉ်ကွင်း၌ တည်ရှိကာ အဆိုပါလတွင်ပင် ပထမဆုံး သင်တန်းကို စတင်ဖွင့်လှစ်ခဲ့သည်။
"၀င်ခွင့်ကိုတော့ မေလမှာ စမယ်။ မောင်းခွင့်လိုင်စင်ကို သက်ဆိုင်ရာ ကုမ္ပဏီက စီစဉ်ပေးမှာဖြစ်
တယ်။နိုင်ငံတကာနှင့် ဒေသတွင်း လေယာဉ်မှူး လိုအပ်ချက်ဖြည့်တင်းနိုင်ရန် ရည်ရွယ်ပြီး မြန်မာ
နိုင်ငံမှာ ပထမဆုံးသင်တန်း ကျောင်းအဖြစ် ထူထောင်ဖို့ ရည်ရွယ်တာဖြစ်တယ်"ဟု သင်တန်း
ကျောင်း တာဝန်ရှိသူက ဖေဖော်ဝါရီ ၂၃ ရက်နေ့ တွင် ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင်
ပြောသည်။
"ICAO (Internaitonl Civil Aviation Organisation) က သတ်မှတ်ထားတဲ့ စံနှုန်းများ၊
သတ်မှတ်ထားတဲ့ လေ့ကျင့်မှု များအတိုင်း လေ့ကျင့်သင်ကြားပေးမှာ ဖြစ်တယ်"ဟု ၎င်းကပြော
သည်။
Pivate Pilot Licence(PPL) အတွက် စတင်မပျံသန်းမီ မြေပြင်တွင် ရှေးဦးစွာ ၁၂ ပတ်သင်တန်း
ပို့ချမည်ဖြစ်ပြီး PPL အတွက်ပျံသန်းမှုလေ့ကျင်ရေး ကို ၁၁ ပတ်စုစုပေါင်း ၄၄.၁၅နာရီအထိ ပျံသန်း
ရမည်ဖြစ်ခါ Commercial Pilot License အတွက်ကိုမူ မြေပြင် သင်ကြားမှု ၁၀ ပတ်ကြာမြင့်မည်
ဖြစ်ပြီး၊ ဝေဟင်ပျံသန်းမှု ကြာချိန် ၁၀၀ ဒသမ ၄၅ နာရီအထိ ဖြစ်သည်။
သင်ရိုးကိုမူ အမေရိကန်နိုင်ငံရှိ Airline Transport Pilot Licence အတိုင်း ၁၇ ဘာသာ သင်ကြား
မည်ဖြစ်သည်။















