ဂျပန်နိုင်ငံ အသေးစားစီမံကိန်း ထောက်ပံ့ရေးမှ ကျောင်းဆောင်နှင့် ကျေးလက်လမ်း ဖောက်လုပ်ပေး

ဂျပန်နိုင်ငံ အသေးစားစီမံကိန်း ထောက်ပံ့ရေးမှ ကျောင်းဆောင်နှင့် ကျေးလက်လမ်း ဖောက်လုပ်ပေး

ဂျပန်နိုင်ငံ အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်
၀င်းကကျေးရွာ အခြေခံပညာ မူလတန်းကျောင်းအတွက် ကျောင်းဆောင်သစ်တစ်ဆောင်နှင့်
ကျိုက်မရောမြို့နယ် မုဆိုးကျွန်းနှင့် ဂလုံ ကျေးရွာချင်းဆက် လမ်းတို့ကို ဖေဖော်ဝါ ရီ ၁၄ နှင့်
၁၅ ရက်တို့က လွှဲပြောင်းပေးအပ်ခဲ့သည်။

၀င်းကလေးကျေးရွာ၌ အခြေခံ မူလတန်းကျောင်းအတွက် အမေရိကန် ဒေါ်လာ ၈၇,၆၁၃ နှင့်
ကျိုက်မရောမြို့ နယ် မုဆိုးကျွန်းနှင့် တကူဂလုံကျေးရွာ ချင်းဆက် လမ်းအတွက် အမေရိကန်
ဒေါ်လာ ၁၀၅,၁၉၁ တို့ အသီးသီးကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ဂျပန်သံရုံး မှ ဖေဖော်ဝါရီ
၁၅ ရက်နေ့က သတင်းထုတ်ပြန်ကြေညာခဲ့သည်။

၀င်းက ကျေးရွာ အခြေခံမူလတန်းကျောင်းကို ၁၉၉၀ ပြည့်နှစ်၌ ဖွင့်လှစ်ခဲ့ပြီး၊ ကျောင်းသား ၁၃၆ ဦး
နှင့် ဆရာ၊ ဆရာမ လေးဦးတို့ ဖြင့် သင်ကြားနေသည်။

ယင်းမူလတန်း ကျောင်းကို စာသင်ခန်းငါးခန်းပါ သံကူ ကွန်ကရစ်ကျောင်းဆောင်၊ အိမ်သာများ၊
ကျောင်းသုံးပရိဘောဂများနှင့် မုဆိုး ကျွန်းနှင့် တကူဂလုံ ကျေးရွာချင်းဆက် လမ်းအတွက်
အကျယ် ၂ ဒသမ ၃ မီတာ၊ အရည် ၃ ဒသမ ရ ကီလိုမီတာ ဂဝံ လမ်းကို ဖောက်လုပ်ပေးခဲ့ခြင်းဖြစ်
သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး