ပဲခူးတိုင်းဒေသကြီး၊ ရေနီမြို့အနီးရှိ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ လုပ်ကိုင်လျက်ရှိသည့် တောင်
ဇဉ်အေး အမှတ်(၂) သကြားစက်ရုံ စက်များ မကြာခဏ ပျက်ခြင်းအပြင် စက်ရုံမှ ကြံတင်ကားများ
လည်း ပုံမှန်မလာရောက်ဟု ကြံစိုက်တောင်သူများက ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ပြောသည်။
" ဒီလို ခဏခဏဖြစ်တော့ တောင်သူ တွေအတွက်လည်း နစ်နာတယ်။ နိုင်ငံ တော်အတွက်လည်း
အများကြီးနစ်နာတယ်"ဟု တောင်သူ ကိုဇော်နိုင်က ပြောသည်။
အဆိုပါစက်ရုံသည် ဘွိုင်လာကျွတ် ပေါက်ခြင်း၊ ကြိတ်လုံးဘောကွဲခြင်း၊ ကြိတ်လုံးချိန်းကြိုးနှင့် ကြံ
ကုတ်သည့် ကဒက် ပျက်ခြင်း စသော အဓိကစက်ပစ္စည်းများ မကြာခဏပျက်ခြင်းတို့ ဖြစ်ပေါ်တတ်
သည်ဟု ၎င်းက ပြောသည်။
ထို့ပြင် စက်ရုံမှ ကြံတင်ကားများ ကြံခင်းများသို့ လာရောက်မှု မမှန်ခြင်း လည်းရှိသည်ဟု ၎င်းက
ပြောသည်။
"ကြံကားတွေလည်း နှစ်ရက်၊ သုံးရက် လောက်နေမှ လာတင်တယ်"ဟု ၎င်းက ပြောသည်။
ယခုနှစ်သည် ပြီးခဲ့သည့်နှစ်ထက် ကြံစိုက်တောင်သူ များသော်လည်း တွက်ခြေမကိုက်ဟု သိရ
သည်။
ကြံတင်ကား ၁၄၀ကျော် စက်ရုံနှင့် စာချုပ်ထားကြောင်းနှင့် တစ်နေ့လျှင် ဟီးနိုးအမျိုးအစားကားကြီး
များဖြင့် နှစ်ခေါက်၊ ဟိုက်ဒရောလစ်ကားများဖြင့် သုံးခေါက် ပုံမှန်သယ်ဆောင်လေ့ရှိသည်ဟု
ကိုဇော်နိုင်က ပြောသည်။
စက်ရုံမှ ကြံတင်ကားများ ပုံမှန်လွှတ်သော်လည်း စိုက်ခင်းများသို့ မရောက်ရှိ ခြင်းကြောင့် ခုတ်ထား
သော ကြံများမှာ နေအပူချိန် ပြင်းထန်သည့်ဒဏ်ကြောင့် အရည်များ ခန်းခြောက်၍ ထင်းအဖြစ်သာ
ရောက်ရှိသွားသည်ဟု ဗောဓိကုန်းရွာရှိ ဧက ၂၀ စိုက်ပျိုးထားသည့် တောင်သူဦးတင်ထွန်းက ပြော
သည်။
"ကြံကားတွေကို နေ့စဉ် မနက်မိုးလင်းတာနဲ့ ပုံမှန်လွှတ်နေပါတယ်။ ကြံတင်သွင်းမှုများလာလို့ စက်
တွေချို့ယွင်းမှု တော့ ရှိတယ်။ အဓိကအားဖြင့်တော့ ဘွိုင်လာအပိုင်းကပဲ ဖြစ်တာပါ။ ဖြစ်ရင်လည်း
ချက်ချင်းပြင်ပါတယ်။ စက်ရုံလည်ပတ်မှုနဲ့ပတ်သက်ပြီး နှောင့်နှေး ကြန့်ကြာမှုမရှိအောင် အစွမ်းကုန်
ကြိုးစားနေပါတယ်။ ဒါပေမဲ့လည်း အများနဲ့ လုပ်ရတာဆိုတော့ နည်းနည်းပါးပါးတော့ လိုအပ်ချက်
လေးတွေရှိပါတယ်"ဟု စက်ရုံမှူး ဦးခင်မောင်က ပြောသည်။
စက်ရုံအနေဖြင့် ပြီးခဲ့သည့်နှစ်က ကြံတန်ချိန် ၄၃,၀၀၀ ကြိတ်ဝါးခဲ့ပြီး ယခုနှစ်တွင်မူ တန်ချိန် ခုနစ်
သောင်းခွဲ ခန့်မှန်းထားသည်ဟု ၎င်းက ပြောသည်။
"ဒီနှစ်က စိုက်ပျိုးတဲ့သူ တော်တော်များလာတယ်။ နောက်နှစ်မှာ ဒီထက်ပိုများလာနိုင်တယ်"ဟု
လည်း ဦးခင်မောင် က ပြောသည်။
လက်ရှိ စက်ရုံနှင့် စာချုပ်ထားသည့် ကြံဒိုင် ၂၀ ကျော်ရှိပြီး ကြံသီးနှံစိုက်ခင်း စုစုပေါင်းမှာ ဧက
၆,၀၀၀ ခန့်ရှိသည်။
တောင်ဇဉ်အေး အမှတ်(၂)သကြားစက်ကို ၁၉၉၉ ခုနှစ်က စတင်တည် ထောင်ခဲ့ပြီး မြန်မာ့စီးပွား
ရေးကော်ပိုရေးရှင်းက ၂၀၀၆ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့သည်။















