သင်္ဘောစီမံခန့်ခွဲမှု ဒီပလိုမာသင်တန်း ဖွင့်မည်

သင်္ဘောစီမံခန့်ခွဲမှု ဒီပလိုမာသင်တန်း ဖွင့်မည်

ရေကြောင်းစီမံခန့်ခွဲမှု အတတ်သင်ကျောင်း Maritime Management Institute (MMI) မှ
သင်္ဘောစီမံခန့်ခွဲမှု ဒီပလိုမာသင်တန်းအား မတ်လ ၂၆ ရက်နေ့တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ကာ
သင်တန်းကာလမှာ ခြောက်လကြာမြင့်မည် ဖြစ်သည်။

"သင်တန်းကာလက Level သုံးခုဖြစ် တဲ့အတွက် ခြောက်လကြာမြင့်မှာဖြစ်ပြီးတော့ Level I နှင့် II
ကို မဖြစ်မနေ တက်ရောက်ရမှာဖြစ်ပါတယ်။ Level I နှင့် II တက်ရောက်ပြီးလို့ ကိုယ်က သင်္ဘော
တက်လို့ Level III ကို ဆက်တက်ဖို့ အချိန် မရတာတို့၊ တခြားအကြောင်းအရာတွေ ကြောင့်
မတက်ဖြစ်သေးတာတို့ဆိုရင်လည်း Level III က ကိုယ်အဆင်ပြေတဲ့အချိန် အဆင်ပြေတဲ့တန်းခွဲ
မှာ ၀င်တက် ရောက်နိုင်ပါတယ်"ဟု သင်တန်း ဒါရိုက်တာ ဦးဇေယျာမင်းက မြန်မာတိုင်း(မ်)ကို
ပြောသည်။

"ဒီသင်တန်းကို ဘွဲ့ရမည်သူမဆို ဒီနယ်ပယ်နဲ့ အလုပ်လုပ်ကိုင်သွားမယ့် သူတွေတက်လို့ရပါတယ်။
သင်္ဘောနယ်ပယ်မှာ လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေလည်း တက်လို့ရပါတယ်။ နိုင်ငံတကာမှာဆို
သင်္ဘောလိုက်တဲ့ အမျိုးသမီးတွေ ရှိပါတယ်။ မြန်မာပြည်မှာ ဒီလိုအမျိုးသမီးတွေ မရှိသေးပေမယ့်
သင်္ဘော စီမံခန့်ခွဲမှုနယ်ပယ်မှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေ တက်ရောက်လို့ရပါတယ်"ဟု
အဆိုပါသင်တန်းကျောင်းမှ သင်တန်း၏ Academic Dean ဦးဌေးအောင်က ပြောသည်။

သင်တန်းမှာ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် သင်တန်းဖြစ်ပြီး တက်ရောက်လိုသူများအနေဖြင့်
အမှတ်(၁၂၄)၊ (၄)လွှာ (ဘယ်)၊ ၅၇ လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ ပုဇွန်တောင်မြို့နယ်၊
ရန်ကုန်မြို့ နှင့် ဖုန်းနံပါတ် ၀၁-၂၉၂၂၅၀ သို့ ဆက်သွယ်မေးမြန်းနိုင်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး