ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းမကြီးပေါ်ရှိ ၁၁၅ မိုင် နားနေစခန်းတွင် အရေးပေါ်ရှေးဦးပြုစု
ရေးစခန်းကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က စတင်ဖွင့် လှစ်လိုက်ပြီဖြစ်ပြီး လမ်းမကြီးပေါ်တွင် လူနာ
တင်ယာဉ်ပို့ဆောင်ရေး ၀န်ဆောင်မှုကို ပိုမိုအရှိန်မြှင့် ဆောင်ရွက်သွားနိုင်မည်ဟု မြန်မာနိုင်ငံ ကြက်
ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ရှေးဦးပြုစုခြင်းစခန်းကို စင်ကာပူ ကြက်ခြေနီအသင်း၏ လှူဒါန်းမှုဖြင့် ကျပ် ၁၉၄ သိန်းကျော်
အကုန်ကျခံ ဆောက်လုပ်ခဲ့ကာ အမြန်လမ်းမကြီးပေါ်တွင် ယာဉ်အန္တရာယ်နှင့် အခြားမတော်တဆ
ထိခိုက်မှုများ ပေါ်ပေါက်ပါက အကြောင်းမဲ့ အသက်ဆုံးရှုံးမှုများမှ ကာကွယ်ရန် ရှေးဦးပြုစုပေးခြင်း
နှင့် နီးစပ်ရာဆေးရုံသို့ အချိန်မီရောက်ရှိရန် ၂၄ နာရီဝန်ဆောင်မှုဖြင့် ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်
နိုင်မည်ဟု ကြက်ခြေနီအသင်း၏ ဒုတိယ အထွေထွေအတွင်းရေးမှူး ဒေါက်တာအောင်ကျော်ထွဋ်က
ပြောသည်။
"လမ်းမကြီးပေါ်မှာ အဝေးပြေးယာဉ်တွေ၊ ပုဂ္ဂလိကသွားလာမှုတွေများလာတဲ့အတွက် မတော်တဆ
ဖြစ်မှုတွေ များလာတယ်။ ဒါကြောင့် ဘေးအန္တရာယ်ကြံု တွေ့ရတဲ့လူတွေကို အကြောင်းမဲ့ အသက်
မဆုံးရှုံးရအောင် ကယ်တင်ဖို့ ရည်ရွယ်ပါတယ်"ဟု ၎င်းကပြောသည်။
ရှေးဦးပြုစုရေးစခန်း မဖွင့်လှစ်မီ အချိန်ကတည်းက မြန်မာနိုင်ငံ ကြက် ခြေနီအသင်း၏ ဦးဆောင်မှု
ဖြင့် ဖြူးမြို့နယ်အသင်းခွဲမှ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ
မှ စတင်ဆောင်ရွက်နေကာ တစ်နှစ်ကျော်ကာလအတွင်း မတော်တဆမှု ကြံုတွေ့ရသော လူနာ
စုစုပေါင်း ၁၇၀ ကျော်ခန့်ကို ဆေးရုံသို့ ပို့ဆောင်ပေး နိုင်ခဲ့သည်ဟု ဖြူးမြို့နယ် ကြက်ခြေနီအသင်းခွဲ
မှ စခန်းတာဝန်ခံ ဒေါ်သန်းသန်းမြင့်က ပြောသည်။
ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုများ ကြံုတွေ့ရပါက ဆက်
သွယ်ရန် စခန်း၏ဖုန်းနံပါတ်များကို ဖြန့်ဝေထားမည်ဖြစ်ပြီး ၂၄ နာရီ ၀န်ဆောင်မှုဖြင့် ဆောင်ရွက်
မည် ဟု ၎င်းက ပြောသည်။
"ပြည်သူတွေဘက်က ပူးပေါင်း ဆောင်ရွက်မှုလည်း အများကြီးလိုအပ်ပါ တယ်။ မတော်တဆမှုကို
ကိုယ်တိုင်မကြံုတွေ့ရရင်တောင် ကြံုတွေ့နေရတဲ့သူတွေကို ကူညီနိုင်ဖို့ စခန်းရဲ့ ဖုန်းနံပါတ်တွေကို
မှတ်သားထားပြီး ဆက်သွယ်ပေး စေလိုပါတယ်"ဟု ၎င်းက ပြောသည်။
မတော်တဆ ထိခိုက်မှုများအပြင် အခြားသောအခက်အခဲများ ရှိပါကလည်း စခန်းသို့ဆက်သွယ်နိုင်
သည်ဟု ၎င်းက ပြောသည်။
"ယာဉ်မတော်တဆမှုမှ မဟုတ်ပါဘူး။ ဥပမာ လမ်းသွားရင်း ကားပျက်တာမျိုး၊ အခြားအကူအညီ
လိုအပ်တာမျိုးတွေကိုလည်း ၂၄ နာရီ ဆက်သွယ်နိုင်ပါတယ်" ဟု ၎င်းက ပြောသည်။
ရှေးဦးပြုစုရေးစခန်းသည် လက်ရှိတွင် စင်ကာပူကြက်ခြေနီအသင်းမှ လှူဒါန်းထားသော လူနာတင်
ယာဉ်တစ်စီးဖြင့်သာ လုပ်ငန်းများ လုပ်ဆောင် နေရပြီး ပိုမိုအဆင်ပြေစေရန်အနည်းဆုံး လူနာတင်
ယာဉ် နှစ်စီးခန့် လိုအပ်သည် ဟု ဒေါ်သန်းသန်းမြင့်က ပြောသည်။
"တစ်ချိန်တည်းမှာ အရေးပေါ်ကိစ္စ နှစ်ခု ပေါ်ပေါက်လာပြီဆိုရင် ကားတစ်စီးတည်းနဲ့ဆို ကျွန်မတို့
ဘယ်ကိုသွားရမလဲ၊ အရမ်း ရွေးချယ်ရခက်ပါတယ်" ဟု ၎င်းက ပြောသည်။
ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းမကြီးအပြင် နေပြည်တော်-မန္တလေး လမ်းပိုင်းကိုပါ တိုးချဲ့
ဆောင်ရွက်ရန် စီစဉ်နေသည်ဟု သိရသည်။
ရန်ကုန်- နေပြည်တော် အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုနှင့် အခြားသော အခက်အခဲများ
ကြံုတွေ့ရပါကအရေးပေါ် ရှေးဦးပြုစုရေးစခန်း ဖုန်းနံပါတ် ၀၉-၄၉ ၃၄၁၉၆၁၊ ၀၉-၄၂၈၁၅၂၆၀၀
တို့သို့ ဆက်သွယ်အကြောင်းကြားနိုင်သည်။















