ကြည့်မြင်တိုင် မျက်မမြင်ကျောင်းတွင် မျက်မမြင်များအတွက် နွေရာသီ ဂျပန်အကြောပြင်အခြေခံ
သုံးလသင်တန်းကို မတ်လ ၁၁ ရက်နေ့မှ ဇွန်လ ၆ ရက်အထိ အခမဲ့ဖွင့်လှစ်သင်ကြား ပေးသွားမည်
ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ကြည့်မြင်တိုင် မျက်မမြင်ကျောင်း၊ မျက်မမြင် အကြောပြင်ပညာ ဖွံ့ဖြိုးတိုး
တတ်ရေး ဖောင်ဒေးရှင်းနှင့် မျက်မမြင် ကျောင်းသားဟောင်းများအဖွဲ့တို့မှ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်
ကြောင်း မျက်မမြင်ကျောင်းသားဟောင်းများ အဖွဲ့မှ ဦးဇော်ထွေးဦးက မြန်မာတိုင်း(မ်)ကို ပြော
သည်။
သင်တန်းသား ၁၀ ဦးကိုသာ လက်ခံသွားမည်ဖြစ်ပြီး သင်တန်း ကာလအတွင်း ကျောင်းအတွင်း
အဆောင်နေခွင့်၊ အစားအသောက်နှင့် ကျန်းမာရေးကိုပါ စောင့်ရှောက် ပေးသွားမည်ဖြစ်သည်။
သင်တန်း တတ်ရောက်လိုသူများသည် အသက် ၁၈ နှစ်မှ ၃၅ နှစ် အတွင်း ရှိရမည်ဖြစ်ပြီး
အိမ်ထောင်သည်များကိုပါ လက်ခံသွားမည်ဖြစ်သည်။
သင်တန်းတွင် ဂျပန်အကြောပြင် အခြေခံပညာများကို သင်ကြားပေးသွားမည့်အပြင် မျက်မမြင်
စာမတတ်သူများကိုလည်း သင်ကြား ပေးသွားမည်။
လူမှုဝန်ထမ်းဦးစီးဌာန၊ ကြည့်မြင်တိုင် မျက်မမြင်ကျောင်း၊ အသိအမှတ်ပြုသင်တန်းဆင်း လက်မှတ်
ပေးမည်ဖြစ်ပြီး သင်တန်းဆင်းပါက အလုပ်အကိုင်ရရှိရေးကိုပါ ဆက်လက်လမ်းညွှန် ကူညီသွား
မည်ဖြစ် ကြောင်း ၎င်းကပြောသည်။
သင်တန်း တက်ရောက်လိုသူများသည် မတ်လ ၄ ရက် နောက်ဆုံး ထား၍ လျှောက်ထားရမည်။
အသေးစိတ် သိလိုသူများသည် ကြည့်မြင်တိုင် မျက်မမြင်ကျောင်း ဖုန်း- ၅၃၈ ၃၀၉၊ ၅၃၅ ၅၄၈ သို့
ဆက်သွယ် စုံစမ်းနိုင်သည်။















