မသန်စွမ်းသူများ အနုပညာပွဲတော် သီချင်းပြိုင်ပွဲဝင်များအား ဖိတ်ခေါ်

မသန်စွမ်းသူများ အနုပညာပွဲတော် သီချင်းပြိုင်ပွဲဝင်များအား ဖိတ်ခေါ်

အနဂ္ဃရောင်စဉ် မြန်မာနိုင်ငံမသန်စွမ်းသူများ အနုပညာပွဲတော် ၂၀၁၃ ကို နိုင်ငံ တော်အဆင့်
စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ရာ ပွဲတော် ကိုယ်စားပြု တေးသီချင်း ပါ၀င်ယှဉ်ပြိုင်
မည့်သူများအား ဖိတ်ခေါ်နေသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အစိုးရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထား
ရေးဝန်ကြီး ဌာန၏ ငွေကြေးပံ့ပိုးမှု၊ မသန်စွမ်းအသင်း အဖွဲ့များအားလုံး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်
ပထမအကြိမ်ကျင်းပမည်ဖြစ် ကြောင်း ပွဲတော်ကျင်းပရေး စီမံချက် ညှိနှိုင်းရေးမှုး ဒေါ်ဇင်မာဖြူက
မြန်မာ တိုင်း(မ်)ကို ပြောသည်။

"ပွဲတော်က အောက်တိုဘာလထဲမှာ လုပ်ဖို့ စီစဉ်ထားတယ်။ စာပေ၊ ဂီတ၊ အနုပညာ ဖျော်ဖြေပွဲတွေ၊
မသန်စွမ်းသူတွေရဲ့ စွမ်းရည်သရုပ်ပြပွဲတွေ ပါမယ်။ ပွဲမှာ ပါ၀င်မယ့် အနုပညာရှင်တွေကို ပြည်နယ်နဲ့
တိုင်းဒေသတွေကနေတစ်ဆင့် ဖောင်တွေပို့ပြီး ဖိတ်ခေါ်ထားတယ်" ဟု ဒေါ်ဇင်မာဖြူက ပြောသည်။

ပါ၀င်ယှဉ်ပြိုင်မည့်သူများသည် အမည်၊ မှတ်ပုံတင်မိတ္တူ၊ နေရပ်လိပ်စာ အပြည့်အစုံ၊ ဆက်သွယ်
ရမည့် ဖုန်းနံပါတ်များအား ပူးတွဲဖော်ပြလျက် ကိုယ်တိုင်ဖန်တီးထားသော တေးသီချင်း ဖြစ်ကြောင်း
၀န်ခံချက်နှင့်အတူ မတ်လ ၂၉ ရက်နေ့ နောက်ဆုံးထား၍ အနဂ္ဃရောင်စဉ်၊ မြန်မာနိုင်ငံမသန်စွမ်းသူ
များ အနုပညာပွဲတော် ကျင်းပရေးကော်မတီ ရုံး အမှတ် ၁၆ (ဘီ)၊ သာယာအေးလမ်း၊ ရေတွင်းကြီး
လမ်းသွယ်၊ အမှတ်(၃) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့သို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှ
ဖြစ်စေ၊ အီးမေးလ် [email protected] သို့ဖြစ်စေ ပေးပို့နိုင်သည်။

ဖုန်း -၀၉၄၅၀၀ ၆၇၂၄၇၊ ၀၉ ရ၃၁ ၃၈၂၄၆ သို့စုံစမ်းနိုင်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး