နေရောင်ခြည် စွမ်းအင်သုံးမီးအိမ်များအား ဂျပန်ပင်နာဆိုးနစ်ကုမ္ပဏီမှ လူမှုအဖွဲ့အစည်းများသို့ပေး
လှူကာ ထိုမှတစ်ဆင့် လျှပ်စစ်လုံလောက်စွာမရရှိသေး သောနေရာများသို့ အဓိကထား၍ပေးပို့
လှူဒါန်းသွားမည်ဖြစ်ကြောင်း ကုမ္ပဏီမှ မီးအိမ်များ လှူဒါန်းသောအခမ်းအနားတွင် တာဝန်ရှိသူများက
ပြောသည်။
"လှူဒါန်းရတဲ့ အဓိကရည်ရွယ်ချက်က တော့ ကျွန်တော်တို့ရဲ့နည်းပညာမှ တစ်ဆင့် ကျွန်တော်တို့
ပတ်ဝန်းကျင်မှာရှိတဲ့ လူနေမှုဘဝတွေကိုမြှင့်တင်ပြီး ပိုမို ကောင်းမွန်တဲ့ဘဝတွေ ဖြစ်လာဖို့ အတွက်
ကို ရည်ရွယ်တာပါ။ အခုဆိုရင် မြန်မာနိုင်ငံဟာလည်း အလျင်အမြန် ဖွ့့ံဖြိုးတိုးတက်လာပါတယ်။
ဒီဖွ့ံဖြိုး တိုးတက်မှုကို အထေက်အပံ့ပေးမှုတစ်ခုအနေနဲ့ မြန်မာနိုင်ငံက လျှပ်စစ်လုံလုံ လောက်
လောက်မရရှိတဲ့ နေရာတွေကို ဒီလို နေရောင်ခြည်စွမ်းအင်သုံးမီးအိမ် ၃,၀၀၀ လှူဒါန်းခြင်းနဲ့ ဒီထက်
ပိုပြီးကြီးမားတဲ့ရည်မှန်းချက်ကို အောင်မြင်စေဖို့အတွက် အဆင့်တစ်ဆင့်တက်လှမ်းတယ်လို့လည်း
ယုံကြည်ပါတယ်"ဟု အာရှပစိဖိတ်ဒေသ မန်နေဂျင်း ဒါရိုက်တာ မစ္စတာရိုရီဟီဆာရှိရိုခါ၀ါက ပြော
သည်။
ပင်နာဆိုးနစ်ကုမ္ပဏီသည် နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်များအား ၂၀၁၂ ခုနစ်မှ ၂၀၁၈ ခုနစ်
အတွင်း အလုံးရေ တစ်သိန်းလှူဒါန်းသွားရန် စီစဉ်လျက်ရှိပြီး ယခုလှူဒါန်းမှုသည် ကနဦးအလုံး
၃,၀၀၀ စတင်လှူဒါန်းမှု ဖြစ်သည်။
အဆိုပါလှူဒါန်းပွဲတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ Bridge Asia Japan (NPO)၊ Greater
Mekong Initiative (NPO) နှင့် Japan Heart (NPO) တို့အား လှူဒါန်းခဲ့သည်။
ယခုကဲ့သို့ နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်များကို လှူဒါန်းလိုက်သည့်အတွက် လျှပ်စစ်မီးအလုံ
အလောက်မရ ရှိသောနေရာများတွင် ကျောင်းသား၊ ကျောင်းသူများ ညအခါတွင် ကောင်းမွန်စွာ
စာကျက်မှတ်နိုင်မည် ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများအနေ ဖြင့်လည်း လျှပ်စစ်မီးမရရှိသည့်နေရာ
တွင် အရေးပေါ်ဆေးဝါးကုသမှုနှင့် အထူးလိုအပ်သော ကျန်းမာရေးစောင့် ရှောက်မှုများကို ပြုလုပ်
လာနိုင်မည် ဖြစ်ကြောင်း CSR and Citizenship Group မှ အထွေထွေမန်နေဂျာဖြစ်သူ မစ္စမီချီကို
အိုဂါ၀ါက ပြောသည်။
"ပညာရေး၊ ကျန်းမာရေးနဲ့ သန့်ရှင်းမှု နေရာမှာ မီးဆိုတာအဓိကလိုအပ်ပါ တယ်။ ဒီနေ့လှူဒါန်းတဲ့
မီးအိမ်အလုံး ၃,၀၀၀ ဟာဆိုရင် အဖွဲ့အစည်းတွေက နေမှတစ်ဆင့် တကယ်လိုအပ်နေတဲ့ နေရာ
တွေဆီကို ရောက်ရှိအောင် လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်"ဟု၎င်းကပြောသည်။
Greater Mekong Initiative (NPO) အဖွဲ့အစည်းသည် ဘုန်းကြီးကျောင်းများ၊ ညဘက်စာသင်
သောကလေးငယ်များနှင့် မဲခေါင်ဒေသများသို့ လှူဒါန်းသွားမည်ဖြစ်ပြီး မြန်မာကြက်ခြေနီအသင်း
အနေဖြင့် မြန်မာနိုင်ငံအစွန်အဖျားမှ လျှပ်စစ်မီးမရရှိသော ဒေသများတွင် အဓိကလှူဒါန်းသွားမည်
ဖြစ်သည်။
Japan Heart (NPO) အဖွဲ့အစည်းသည် စစ်ကိုင်းတိုင်းဒေသကြီတွင်ရှိသော ဆေးရုံများ၊
နေ့ကလေးထိန်းကျောင်းများ၊ ရန်ကုန်မြို့နယ်များအတွင်းရှိ နေ့ကလေးထိန်းကျောင်းများသို့လည်း
လှူဒါန်းသွားမည် ဖြစ်သည်။
Bridge Asia Japan (NPO) အဖွဲ့အစည်းသည် ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များရှိ ရုံး
လုပ်ငန်းများအတွက် လျှပ်စစ်မီးမရရှိ သည့်ညများတွင် အသုံးပြုနိုင်ရန် လှူဒါန်းသွားမည်ဖြစ်သည်။















