နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တာဝန်ခံယူမှု မိတ်ဆက်အဖွဲ့၏ စံချိန်၊ စံနှုန်း
တာဝန်ခံယူနိုင်မှု နှင့် အရည်အသွေးစီမံခန့်ခွဲမှု လက်စွဲစာအုပ်ကို မြန်မာဘာသာဖြင့် ပြီးခဲ့သည့် ရက်
သတ္တပတ်က မိတ်ဆက်ခဲ့သည်။
HAP Humanitarian Account-ability Partnership ၏ ၂၀၁၀ တာဝန်ခံယူနိုင်မှုနှင့် အရည်
အသွေး စီမံခန့်ခွဲမှုစာအုပ်တွင် ပါ၀င်သော စံသတ်မှတ်ချက်များသည် လူသားချင်း ထောက်ထားမှု
ဆိုင်ရာလုပ်ငန်းများ၏ အကောင်းဆုံး လုပ်ဆောင်ချက်များကို စုစည်းထား ခြင်းဖြစ်သည်။
လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာလုပ်ငန်းများမှာ ပါ၀င်လုပ် ဆောင်နေကြသူများ အားလုံး
သည် ကောင်းမွန်သောစိတ်ထားနှင့် ကျင့်ဝတ် ပိုင်းဆိုင်ရာခံယူချက်များထားရှိပြီး အများပြည်သူများ
အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်
ဆောင်နေကြသည်ဟု ယုံကြည်ကြောင်း ဦးဆောင်ညွှန်ကြားရေးမှူးချုပ် မစ္စမာရီယာကေစီမာ့စ်လန်
က ပြောသည်။
"ကျွန်မတို့ရဲ့ လုပ်ငန်းအရည်အသွေး ဘယ်လောက်ရှိတယ်ဆိုတာကို အမှန်တကယ် အကောင်းဆုံး
အဆုံးအဖြတ် ပေးနိုင်သူတွေကတော့ ကျွန်မတို့ရဲ့ အကျိုးကို ခံစားရရှိနေသူတွေပါပဲ။ အစိုးရမဟုတ်
တဲ့ အရပ်ဘက်အဖွဲ့ အစည်းတွေအတွက် တာဝန်ခံယူနိုင် ခြင်းကို လုပ်ဆောင်ခြင်းအားဖြင့် ဖြစ်နိုင်
ခြေ အမှားတွေ၊ မသမာမှုတွေ ပြုလုပ်ခြင်း နဲ့ အကျင့်ပျက်ခြစားခြင်းတို့ကို လျော့ နည်းစေနိုင်မယ်လို့
ယုံကြည်ထားပြီး ဖြောင့်မတ်မှန်ကန်စွာ ဥပဒေနဲ့အညီ ရပ်တည်နိုင်မှု အချက်တွေအပေါ်မှာ အများ
ကြီး မူတည်ပါတယ်"ဟု ၎င်းက ပြောသည်။
လွန်ခဲ့သော ၁၀ နှစ်မှစ၍ HAP အနေဖြင့် တာဝန်ခံယူနိုင်မှုကို မြှင့်တင်အားပေး လုပ်ဆောင်လာခဲ့
သည်။
၂၀၁၀ စံချိန် စံနှုန်းစာအုပ်အဖြစ် ပြန်လည်သုံးသပ် လေ့လာရာတွင် နိုင်ငံပေါင်း ၅၆ နိုင်ငံမှ လူပေါင်း
၁,၉၀၀ ကျော် ပါ၀င် လုပ်ဆောင်ခဲ့သည်။
မြန်မာဘာသာသို့ ဘာသာပြန်ဆို ခြင်းကို Save the Children. Mercy Malaysia နှင့် Local
Resource Centre တို့က ဘာသာပြန်ဆိုခဲ့သည်။
နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ တာဝန်ခံယူမှု မိတ်ဖက်အဖွဲ့ကို လူသားချင်း
စာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကြောင့် ထိခိုက်ခံစားရသောသူများ အပေါ်
တာဝန်ယူမှု မြှင့်တင်ရန်နှင့် အဖွဲ့ဝင်၏ အခြေခံများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်သူ
များက ဖွဲ့စည်းလျက် HAP တာဝန်ခံယူမှုစံနှုန်း လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက် နိုင်သော
အဖွဲ့အစည်းများ အသိအမှတ် ပြုနိုင်ရန်အတွက် ၂၀၀၃ ခုနှစ်တွင် ထူထောင်ခဲ့ခြင်းဖြစ်သည်။
HAP ၏ စံချိန်စံညွှန်းများနှင့်အညီ ခံယူချက်အပြည့်အဝထားကာ လုပ်ဆောင်နေကြသော အသိ
အမှတ်ပြု လက်မှတ်ရ အဖွဲ့အစည်း ၁၅ ဖွဲ့ရှိနေပြီ ဖြစ်ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ
နှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေသူများအတွက် တာဝန်ခံယူမှုဆိုင်ရာ ယန္တရားအား
ကျယ်ကျယ်ပြန့်ပြန့် လိုက်နာကျင့်သုံး နိုင်ရန်အတွက် HAP အနေဖြင့် ထိပ်ဆုံးမှ ပါ၀င်ဆောင်ရွက်
နေကြောင်း သိရသည်။















