စင်ကာပူကျောင်းဝင်ခွင့် လျှောက်ထားနိုင်
စင်ကာပူနိုင်ငံရှိ Kaplan တွင် Bachelor of Science (Honours) နှင့် Master fo Science ဘွဲ့
များအတွက် ဧပြီလဝင်ခွင့်ကို စတင်လက်ခံနေပြီဖြစ်သည်။
University College Dublin, Ireland မှပေးအပ်မည့် Bachelor of Science (Honours) ကိုမူ
၁၈ လ တက်ရောက်ရမည်ဖြစ်သည်။
အသေးစိတ်ကို Study Abroad Information Centre ဒိုင်းမွန်း ကွန်ဒို၊ တိုက်(အေ)၊ (၁၁)လွှာ၊
အခန်းအမှတ် ၁၁၀၃၊ ပြည်လမ်း၊ ရန်ကုန်မြို့တွင် မေးမြန်းနိုင်သည်။
SR ပညာရေးပြပွဲကျင်းပ
နိုင်ငံတကာပညာရေးပြပွဲကို နိုင်ငံတကာကျောင်းများနှင့် ပူးပေါင်းပြီး SR education က ရန်ကုန်မြို့
Summit Parkview Hotel ၌ ဖေဖော်ဝါရီ ၂၂ ရက်နေ့၊ မန္တလေး၌ ဖေဖော်ဝါရီလ ၂၃ ရက်နေ့နှင့်
ပြင်ဦးလွင်၌ ဖေဖော်ဝါရီလ ၂၄ ရက် နေ့တို့က ကျင်းပခဲ့သည်။
"အဓိက က စင်ကာပူ၊ မလေးရှား၊ ဂျပန်၊ SR World Wide education ကို ကိုယ်စားပြုတဲ့ကျောင်း
တွေက ကိုယ်စားလှယ်တွေ ထိုင်ပေးပါတယ်။
တက်ရောက်သူ ခန့်မှန်းခြေ ၃၀၀ လောက် ရှိပါတယ်"ဟု SR မှ တာဝန်ရှိသူက ပြောသည်။
ယွန်းနှင်း
မာရူဟန်ဘဏ်ရုံး လာအို၌ဖွင့်
မြန်မာနိုင်ငံ၌ ၂၀၁၂ ခုနှစ်က ရုံးခွဲဖွင့်လှစ်ခဲ့သော ဂျပန်နိုင်ငံ၊ မာရူဟန်ဂျပန်ဘဏ်က ကမ္ဘောဒီးယား
ကုန်သွယ်မှုဘဏ်ရုံးကို လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၌ ဖေဖော်ဝါရီလ ၁၆ ရက် နေ့က ဖွင့်လှစ်ခဲ့
သည်။
ရန်ကုန်မြို့၌ရှိသော ဘဏ်များနှင့် ချိတ်ဆက်ထားသည့် ရုံးများကဲ့သို့ အာဆီယံဒေသများ အကြား
ကုန်သွယ်မှုနှင့် စီးပွားရေး လုပ်ငန်းများ ချိတ်ဆက်မှုများနှင့် စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်နိုင်ရန်
ပံ့ပိုးပေးနိုင်မည်ဟုဆိုသည်။















