မြန်မာ့ဒီမိုကရေစီဆွေးနွေးပွဲ ပါတီ ၅၀ တက်ရောက်

မြန်မာ့ဒီမိုကရေစီဆွေးနွေးပွဲ ပါတီ ၅၀ တက်ရောက်

ဖေဖော်ဝါရီလ ၁၉ ရက်နှင့် ၂၀ ရက်နေ့က ရန်ကုန် အင်းလျားလိတ်ဟိုတယ်၌ ကျင်းပခဲ့သော
ဒီမိုကရေစီအသွင်ကူး ပြောင်းရေးကာလများ ဆန်းစစ်သည့် နှစ်ရက်ကြာဆွေးနွေးပွဲသို့ ပါတီ ၅၀ မှ
ကိုယ်စားလှယ်များတက်ရောက်ခဲ့သည်။

'ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲ ကာလများတွင် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ' နှီးနှောဖလှယ်
ပွဲသည် မြန်မာ့ပါတီစုံ ဒီမိုကရေစီအစီအစဉ်၏ ပထမဦးဆုံးလှုပ်ရှားမှုပင်ဖြစ်သည်။

ယင်းအစီအစဉ်ကို ပါတီစုံဒီမိုကရေစီ ဆိုင်ရာ နယ်သာလန်လေ့လာရေးဌာန (NIMD) ၊ ဒီမိုကရေစီ
ဆိုင်ရာ ဒိန်းမတ် လေ့လာရေးဌာန (DIPD) နှင့် ငြိမ်းဖောင် ဒေးရှင်းတို့မှ ပူးပေါင်းစီစဉ်ခဲ့ကြသည်။

ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ်လေ့လာရေးဌာနမှ ထိပ်တန်းအကြံပေးနှင့် ဆွေးနွေးပွဲစီစဉ်သူတစ်ဦးဖြစ်
သူ ဟန်းလန်းမက်ဆန်းက ယင်းနှီးနှောပွဲ အောင်မြင်သည်ဟုပြောသည်။

"လူများများတက်ရောက်မယ်လို့ ကျွန်မတို့ မျှော်လင့်ခဲ့တဲ့အတိုင်း အောင် မြင်ပါတယ်။ ပါတီရပ်
တည်ချက်တွေ အတိုင်း ပါ၀င်ဆွေးနွေးကြပါတယ်။ ပါတီအားလုံးဟာ အသွင်ကူးပြောင်းရေး
လုပ်ငန်းစဉ်မှာ တက်ကြွစွာပါ၀င်ဖို့ အလွန်တရာစိတ်အားထက်သန်မှုကို ပြသခဲ့ကြောင်း ကျွန်မတို့
မြင်တွေ့ခဲ့ရ ပါတယ်"ဟု ၎င်းက ပြောသည်။

နှီးနှောဖလှယ်ပွဲ၏ အဓိကရည်မှန်း ချက်သည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် စိန်ခေါ်မှုများနှင့်
အခွင့်အလမ်းများအကြောင်း ဆွေးနွေးပွဲတစ်ခုစတင်ရန် နိုင်ငံရေးပါတီများအတွက် စင်မြင့် တစ်ခုကို
ဖန်တီးရန်ပင်ဖြစ်သည်။

ဒီမိုကရေစီနှင့် ရွေးကောက်ပွဲ အထောက်အကူပေးရေးဆိုင်ရာ နိုင်ငံတကာလေ့လာရေးဌာနမှ မြန်မာ
နိုင်ငံ ဆိုင်ရာ အထက်တန်းအရာရှိ သောမတ်စ်ကော်မီရာက မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီများတွင်ရှိ
သည့် ရပ်တည်ချက်ကို မျှဝေကြောင်းပြောသည်။

"ကျွန်တော်ဟာ ပါတီအများကြီး ကွဲပြားပြီး စကားမပြောလိုတဲ့နိုင်ငံတွေ ကို ရောက်ဖူးပါတယ်။
ဒါပေမဲ့ ခိုင်မာတဲ့ ပါတီတွေဖြစ်လာဖို့ ဘယ်လိုဖန်တီးပြီး ဘယ်လိုစည်းရုံးရမလဲဆိုတဲ့အပေါ်မှာ
သတင်းအချက်အလက်တွေကို ဝေငှဖို့နဲ့ ကူညီဖို့အလုပ်ဟာ အများဆန္ဒအရပဲ ဖြစ်တယ်"ဟု ၎င်းက
ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဒေါက်တာညိုညိုသင်းက အင်ဒိုနီးရှား၏
ဒီမိုကရေစီ ကျောင်းများမှ ဒီမိုကရေစီအတွက် အင်ဒိုနီးရှားကွန်မြူနီတီ၏ တည်ထောင်သူ အဖွဲ့ဝင်
တစ်ဦးဖြစ်သူ ဒေါက်တာ အစ်နတ်စ်ကလီဒန် ၏ တင်ပြချက်တစ်ခုသည် တူညီသောအဖွဲ့အစည်း
များသည် မြန်မာနိုင်ငံတွင် မည်သို့အလုပ်လုပ်နိုင်သည်ကို ပြသသွားသည်ဟုပြောသည်။

"ကျွန်မတို့ အလုပ်ရုံဆွေးနွေးပွဲမှာ ပါ၀င်ဆွေးနွေးသူတွေဟာ ဒီမိုကရေစီ ကျောင်းတွေအကြောင်း
လေ့လာခဲ့တယ်။ နိုင်ငံရေးသမားတွေ၊ အစိုးရ အရာရှိတွေ၊ ပညာတတ်ကျွမ်းကျင်သူ တွေနဲ့ လူမှု
အဖွဲ့အစည်းအဖွဲ့ဝင်တွေဟာ အင်ဒိုနီးရှားမှာ ဒီကျောင်းတွေကို တက်ကြတယ်။ ပါ၀င်တက်ရောက်
သူ ၃၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ် ကြတယ်"ဟု ၎င်းက ပြောသည်။

(သန်းလွင် ဘာသာပြန်သည်)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး