ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ယခင်စက်မှု(၁)၀န်ကြီးဌာန ရုံးမြေ နေရာတွင် ဗီယက်နမ်
ကုမ္ပဏီမှ ရာခိုင် နှုန်းပြည့် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံတကာ အဆင့်မီစီမံကိန်း အကောင်အထည်ဖော်
တည်ဆောက်မည်ဖြစ်ရာ အဆိုပါ စီမံကိန်းစတင်သည့် အထိမ်းအမှတ် ပန္နက်တင်အခမ်းအနားအား
မတ်လအစောပိုင်းတွင် ပြုလုပ်မည်ဟု ကုမ္ပဏီ၏ မြန်မာနိုင်ငံရုံးခွဲမှ အုပ်ချုပ်ရေးဒါရိုက်တာဖြစ်သူ
မစ္စတာ Cao Duy Thinh က မြန်မာတိုင်း(မ်)ကို ပြောကြားသည်။
အဆိုပါ စီမံကိန်း မြေဧရိယာ အကျယ်အဝန်းမှာ ၁၈ ဒသမ ၁၃၁ ဧကရှိပြီး ကြယ်ငါးပွင့်အဆင့်မီ
ဟိုတယ်တစ်လုံး၊ စီးပွားရေးစင်တာတစ်ခု၊ ရုံးခန်း အဆောက်အအုံနှစ်လုံး၊ အဆင့်မြင့် လူနေအိမ်ခန်း
အဆောက်အအုံ လေးလုံး နှင့် စီမံကိန်းအား HAGL Construction & Development House
Joint Stock Company မှ အမေရိကန် ဒေါ်လာ သန်း ၃၀၀ ခန့် ရင်းနှီးမြှုပ်နှံပြီး HAGL Myanmar
Centre အဖြစ်တည်ဆောက်မည်ဟု ၎င်းက ပြောသည်။
"လာမယ့်မတ်လဆန်းမှာ ပန္နက်တင် အခမ်းအနားလုပ်ပြီး စီမံကိန်းကို စတင် တော့မှာ ဖြစ်ပါတယ်။
ဒီခြောက်နှစ်ကြာ စီမံကိန်းရဲ့ ပထမအဆင့် သုံးနှစ်တာ ကာလအတွင်းမှာ စီးပွားရေး စင်တာ၊ ရုံးခန်း
အဆောက်အအုံ(၁)နဲ့ ကြယ် ငါးပွင့်အဆင့်မီဟိုတယ်တစ်လုံး ထည့်သွင်း တည်ဆောက်မှာဖြစ်ပါ
တယ်။ စီမံကိန်း ဒုတိယအဆင့်သုံးနှစ်မှာတော့ အဆင့်မြင့်လူနေအိမ်ခန်း အဆောက်အအုံလေးလုံး
နဲ့ ရုံးခန်းအဆောက်အအုံ (၂)ကို ထည့်သွင်းတည်ဆောက်မှာပါ"ဟု Cao Duy Thinh က ပြော
သည်။
စီမံကိန်းအား HAGL Group မှ စတင်အကြံုပြု တင်ပြခဲ့ခြင်းဖြစ်ပြီး စီမံကိန်း စတင်အကောင်
အထည်ဖော်ရန်အတွက် ပြီးခဲ့သောဒီဇင်ဘာလ ၁၈ ရက်နေ့က ဟိုတယ်နှင့် ခရီးသွားလာရေး
လုပ်ငန်းဝန်ကြီးဌာနနှင့် ဘီအိုတီ သဘောတူစာချုပ်နှင့် မြေငှားရမ်းမှု သဘောတူစာချုပ်တို့ကို
သဘောတူ လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့ပြင် မြေငှားရမ်းသဘောတူစာချုပ်အရ နှစ် ၃၀ ဖြင့် ငှားရမ်းထားပြီး ၁၅ နှစ် နှစ်ကြိမ် ထပ်မံငှားရမ်း
မည်ဖြစ်သည်။
စီးပွားရေးစင်တာနှင့် ရုံးခန်း အဆောက်အအုံ(၁)အား အထပ် ၂၇ ထပ် တည်ဆောက်မည်ဖြစ်ကာ
ပထမ ငါးလွှာအား စီးပွားရေးစင်တာအဖြစ်နှင့် ကျန် ၂၂ ထပ်အား ရုံးခန်းအဖြစ်အသုံးပြုရန်ဖြစ်
သည်။
စီးပွားရေးစင်တာတွင် စူပါမားကက်နှင့် လက်လီအရောင်းဆိုင်များ၊ ရုပ်ရှင်ရုံ၊ ဂိမ်းစင်တာ၊
စားသောက်ဆိုင်နှင့် ကော်ဖီဆိုင်များ ဖွင့်လှစ်ရန် အတွက် ငှားရမ်းမည်ဖြစ်ပြီး သိုလှောင်ရုံ နှင့် စီမံခန့်
ခွဲရေးရုံးတို့ ပါ၀င်မည်ဖြစ်သည်။
ရုံးခန်းအဆောက်အုံ(၁)မှာမူ သီးသန့်ရုံးခန်းများအတွက် ငှားရမ်းမည် ဖြစ်သည်။ ထို့ပြင် ရုံးခန်း
အဆောက်အအုံ(၂)၌မူ ရုံးခန်းများအတွက် ဆက်လက်ငှားရမ်းမည့်အပြင် တင်းနစ်ကစားကွင်း
နှစ်ကွင်း နှင့် သီးသန့် ကော်ဖီခန်းမကိုလည်း ထည့်သွင်းတည်ဆောက်မည်ဖြစ်သည်။
အဆင့်မြင့်လူနေအိမ်ခန်း အဆောက်အအုံလေးလုံးတွင် အိပ်ခန်းနှစ်ခန်းပါ အခန်းစုစုပေါင်း ၁,၅၄၄
ခန်း၊ အိပ်ခန်း တစ်ခန်းပါ အခန်း စုစုပေါင်း ၈၄၄ ခန်း နှင့် အသင်းအုပ်စု အခန်းရှစ်ခန်းအပြင် အခြား
၀န်ဆောင်မှုများအဖြစ် ရေကူးကန်၊ တင်းနစ်ကွင်း၊ ရေနှင့် အပင်ရှုခင်းများဖြင့် မျက်စိပသာဒဖြစ်စေ
ရန် ထည့်သွင်းတည်ဆောက်မည်ဖြစ်သည်။
ထို့ပြင် အခန်း စုစုပေါင်း ၁၄၁ ခန်းပါ အထပ် ၂၂ ထပ်နှင့် ကြယ်ငါးပွင့် အဆင့်မီ ဟိုတယ်တစ်လုံးကို
လည်း ထည့်သွင်းတည်ဆောက်မည်ဖြစ်သည်။
"ဒီစီမံကိန်းမှာပါမယ့် ကြယ်ငါးပွင့် အဆင့်မီဟိုတယ် အုပ်ချုပ်ရေးအပိုင်းကို နိုင်ငံတကာ ဟိုတယ်
အုပ်စုတစ်ခုနဲ့ ချိတ်ဆက်လုပ်ကိုင်ဖို့ ရှိပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိ Shangri-La၊ Accor
ဟိုတယ် အုပ်စုတွေ ၀င်နေပြီး ကျွန်တော်တို့ ဗီယက်နမ်ကုမ္ပဏီရုံးက တခြားကမ္ဘာ့ဟိုတယ် အုပ်စု
တွေနဲ့ ဆွေးနွေးနေပါတယ်။ Marriott မဟုတ်ရင် Sharaton ဖြစ်ဖို့ များပါတယ်။ ညှိနှိုင်းနေဆဲဖြစ်
တဲ့ အတွက် အတိအကျတော့ ပြောလို့မရ သေးပါဘူး"ဟု မစ္စတာ Cao Duy Thinh က ပြော
သည်။
၂၀၁၂ ခုနှစ်အထိ ၀န်ကြီးဌာန စာရင်းအရ မြန်မာနိုင်ငံတွင် လက်ရှိ ဟိုတယ် အလုံးပေါင်း ရ၈၇ လုံး
ရှိပြီး အခန်းအရေ အတွက်ပေါင်း ၂၈,၀၀၀ ကျော်ခန့်ရှိသည်။
















