ယာဉ်အိုယာဉ်ဟောင်း အစားထိုး စီမံ ချက်မှ 'လ' အက္ခရာ ယာဉ်များအား ယာဉ်များ အပ်နှံဆောင်
ရွက်ခြင်းကို ယခုလ ၂၈ ရက်နေ့မှစ၍ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူးဦးစီးဌာန၊ ပြည်နယ်/
တိုင်းဒေသကြီးရုံးများတွင် လက်ခံ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး
ညွှန်ကြားရေးမှူး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ပြောသည်။
ယာဉ်အိုယာဉ်ဟောင်းများ ဖျက်သိမ်း ၍ အစားထိုးတင်သွင်းခြင်း စီမံချက်ကို ၂၀၁၁ ခုနှစ်၊ စက်တင်
ဘာလ ၁၁ ရက်နေ့ မှ စတင်၍ ဆောင်ရွက်ခဲ့ရာ ပထမအဆင့် အနေဖြင့် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ
လ ၁၉ ရက်နေ့တွင် မှတ်ပုံတင်သက်တမ်း အနှစ် ၄၀ ကျော် "စ"၊ "ဆ"၊ "ဇ" အက္ခရာများကို
လည်းကောင်း၊ ဒုတိယ အဆင့်အနေဖြင့် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ လ ၈ ရက်နေ့တွင် အနှစ် ၃၀ ကျော်
မှ အနှစ် ၄၀ ကျော်အတွင်း "ဈ"၊ "ည" အက္ခရာ များကိုလည်းကောင်း၊ တတိယအဆင့် အနေဖြင့်
၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် အနှစ် ၂၀ ကျော်မှ အနှစ် ၃၀ ကျော်အတွင်း "ဏ"၊ "ထ"၊
"ဒ"၊ "ဓ"၊ "န"၊ "ပ"၊ "ဗ"၊ "ဘ" အက္ခရာယာဉ်များကို စီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့ရာ ယခုလ ၁၄
ရက်နေ့အထိ ယာဉ်အို ယာဉ်ဟောင်း အပ်နှံမှုစီးရေ ရ၅ယ၁၉၈ စီး ဖြစ်၍ ဆောင် ရွက်ပြီးစီးမှုမှာ
၈၂ ဒသမ ၀၈ ရာခိုင်နှုန်းရှိ ပြီဖြစ်သည်။
လေလံပြန်လည် မှတ်ပုံတင်ယာဉ်များ ဖြစ်သည့် ြဖေိေ အုပ်စုဝင်ယာဉ်များ အားလုံးကို ၂၀၁၂ ခုနှစ်၊
ဇူလိုင်လ ၁၂ ရက်နေ့မှစ၍ လည်းကောင်း၊ ကျန် လေလံပြန် မှတ်ပုံတင်ယာဉ်များကို ၂၀၁၂ ခုနှစ်၊
နိုဝင်ဘာလ ၁၆ ရက်နေ့မှ စ၍လည်းကောင်း စီမံချက်တွင် ထည့်သွင်း အပ်နှံ ဆောင်ရွက်ပေးလျက်
ရှိပြီး ၄,၆၉၆ စီး ဆောင်ရွက်ပြီးဖြစ်သည်။















