အခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌသစ် ခန့်အပ်

အခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌသစ် ခန့်အပ်

ခြောက်လနီးပါးကြာမျှ လစ်လပ်နေသော အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌအဖြစ် ပြည်ထောင်စု
တရားလွှတ်တော်ချုပ်၊ အငြိမ်းစားညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးမြသိန်းနှင့် အဖွဲ့ဝင်ရှစ်ဦးကို
ပြည်ထောင်စု လွှတ်တော်က ဖေဖော်ဝါရီလ ၂၅ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတ ဦးသိန်းစိန်က
လည်း ထိုနေ့မှာပင် လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။

အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ရှစ်ဦးအတွက် သမ္မတကသုံးဦး၊ ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌက သုံးဦးနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက သုံးဦး အမည်စာရင်းတင်သွင်းခဲ့ပြီး ပြည်သူ့
လွှတ်တော်ဥက္ကဋ္ဌက အမည်စာရင်း တင်သွင်းခဲ့သူ ဦးမြသိန်း ဥက္ကဋ္ဌဖြစ်လာ ခြင်းဖြစ်သည်။

"အသစ်ပြင်လိုက်တဲ့ အခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေအရ အရင်ဥပဒေလို နိုင်ငံတော်သမ္မတက
အမည်စာရင်းတင်သွင်းသူသာ ဥက္ကဋ္ဌဖြစ်တာမဟုတ်တော့ပါဘူး။ သုံးယောက်တိုင်ပင်လုပ်ရတဲ့
သဘော ဖြစ်သွားတယ်။ အဲဒါကြောင့် လွှတ်တော်က မဲနဲ့ အနိုင်ရသွားတဲ့ သဘောမျိုး ပြောလို့ရပါ
တယ်" ဟု သီပေါမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။

ဖေဖော်ဝါရီလ ၂၂ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတွင် ပြည်သူ့
လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌအဖြစ် ဦးမြသိန်း ဖြစ်သင့်သည်
ဟု ပြောကြားခဲ့သည်။

သို့သော် အခြေခံဥပဒေဆိုင်ရာခုံရုံးသည် လွတ်လပ်သည့် တရားစီရင်ရေး အဖွဲ့အစည်းဖြစ်သည့်
အတွက် လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်သည်ဟုလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြော
ကြားခဲ့သည်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ၎င်းတို့ ၏ သဘောဆန္ဒ
အလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုပါရန် ပြီးခဲ့သည့်နှစ်၊ ဩဂုတ် လ ၃၁ ရက်စွဲပါ တင်ပြချက်များ
ဖြင့် သမ္မတထံတင်ပြရာ စက်တင်ဘာလ ၆ ရက်တွင် နုတ်ထွက်ခွင့်ပြုခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး