ပွင့်လင်းသည့်အစိုးရ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွင် မြန်မာနိုင်ငံပါ၀င်ရန် ကြိုးပမ်း

ပွင့်လင်းသည့်အစိုးရ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွင် မြန်မာနိုင်ငံပါ၀င်ရန် ကြိုးပမ်း

ဗြိတိန်နိုင်ငံက ကြီးမှူးဆောင်ရွက်နေသည့် ပွင့်လင်းမြင်သာသည့် အစိုးရများ ပူးပေါင်းဆောင်ရွက်မှု
အစီအစဉ်တွင် မြန်မာနိုင်ငံက အသင်းဝင်နိုင်ငံအဖြစ် ၂၀၁၆ ခုနှစ်တွင် ၀င်ရောက်နိုင်ရန် မြန်မာ
သမ္မတကြီးဦးသိန်းစိန်က လိုလားလျက်ရှိကြောင်း ဗြိတိန်နိုင်ငံ၊ ၀န်ကြီးများရုံး ၀န်ကြီး မစ္စတာ
ဖရန်စစ်မော့ဒ်က ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ပြောသည်။

မြန်မာနိုင်ငံသို့ နှစ်ရက်တာခရီးစဉ် အဖြစ် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့သို့ ရောက်ရှိခဲ့ပြီး
သမ္မတကြီး အပါအဝင်၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးအချို့၊ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးပါတီများမှ
တာဝန်ရှိသူတချို့နှင့်လူမှုအခြေစိုက် အဖွဲ့များမှ တာဝန်ရှိသူများနှင့်ပါ တွေ့ဆုံခဲ့သည့် ဗြိတိန်ဝန်ကြီး
က သူ၏ခရီးစဉ် အပြီးသတင်းစာရှင်းလင်းပွဲတွင် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပွင့်လင်းမြင်သာမှုရှိသည့် အစိုးရများ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်၏ အဓိကရည်ရွယ်ချက်မှာ
အစိုးရများ၏ တာဝန်ယူနိုင်မှု၊ ပွင့်လင်းမြင်သာမှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုတို့ကို တွန်းအားပေး
သည့် အစီအစဉ်တစ်ခုဖြစ်ကာ လက်ရှိတွင် ဗြိတိန်နိုင်ငံက ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်
ရှိသည်။

"ကျွန်တော်တို့ မြန်မာအစိုးရကို ဒီအစီအစဉ်မှာ ပါ၀င်လာနိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ သမ္မတကြီး
ဦးသိန်းစိန်က လာမယ့် ၂၀၁၆ ခုနှစ်ကျရင် ဒီမှာ အသင်းဝင်ဖြစ် ဖို့ စိတ်ဆန္ဒရှိနေပါတယ်။ ဒါပေမဲ့
အသင်းဝင်ဖြစ်ဖို့အတွက် မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲရေးတွေ ထပ်ပြီး လုပ်ဖို့လိုပါ သေးတယ်"
ဟု ၎င်းက ပြောသည်။

အဆိုပါအစီအစဉ်အရ အသင်းဝင် ဖြစ်နိုင်ရန်အတွက် မြန်မာနိုင်ငံသည် ဘတ်ဂျက်သုံးစွဲမှုပိုင်းတွင်
ပွင့်လင်း မြင်သာမှု ပိုမိုရှိစေရန်၊ အစိုးရအရာရှိကြီးများ၏ ပိုင်ဆိုင်မှုကို ပွင့်လင်းမြင်သာစွာ ဖော်ပြနိုင်
ရန်နှင့် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရန် ကြိုးစားဆောင်ရွက်ဖို့ လိုအပ်လျက် ရှိနေသေးသည်။

"ပွင့်လင်းမြင်သာမှုဆိုတာ လာဘ်ပေးလာဘ်ယူမှုရဲ့ ရန်သူပါပဲ။ ဒီအစီအစဉ်မှာ အသင်းဝင်ဖြစ်ပြီဆို
တာနဲ့ ကြီးမားတဲ့ အကျိုးကျေးဇူးတွေရလာမှာပါ" ဟု ၎င်းကဆိုသည်။

ထိုကဲ့သို့ အသင်းဝင်နိုင်ငံဖြစ်လာရန်အတွက် သမ္မတကြီးက စိတ်ပါ၀င် စားလျက်ရှိနေသောကြောင့်
၂၀၁၆ ခုနှစ် မတိုင်မီ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန်အတွက် ဆက်စပ်နေသော ၀န်ကြီးဌာနများမှ
ပြည်ထောင်စုဝန်ကြီးတချို့နှင့်လည်း တွေ့ဆုံခဲ့သေးကြောင်း ၎င်းက ပြောသည်။

"ကျွန်တော်တို့ မြန်မာနိုင်ငံကို ကောင်းမွန်တဲ့အစိုးရ ဖြစ်လာစေဖို့၊ ကူညီ ထောက်ပံ့မှုများ
လုပ်ဆောင်ပေးဖို့ကိုလည်း ဖိတ်ခေါ် ပြောဆိုခဲ့ပါတယ်"ဟု မစ္စတာမော့ဒ်က ပြောကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး