ငြိမ်းချမ်းရေးလမ်းလျှောက် ခရီးစဉ် အောင်မြင်ရေး လူထုပါ၀င်ရန်လို

ငြိမ်းချမ်းရေးလမ်းလျှောက် ခရီးစဉ် အောင်မြင်ရေး လူထုပါ၀င်ရန်လို

ကချင်ပြည်နယ်၌ ဖြစ်ပွားနေသော တိုက်ပွဲများရပ်တန့်ရေးနှင့် ငြိမ်းချမ်းရေး ရရှိရေးအတွက်
လမ်းလျှောက်သည့်အဖွဲ့အစည်းများ လိုင်ဇာမြို့သို့ အောင်မြင်စွာ ရောက်ရှိနိုင်ရေးအတွက် လူထုမှ
ပူးပေါင်းပါ၀င်ရန်လိုအပ်ကြောင်း မြန်မာ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်မှ ကိုနေမျိုးဇင်က
ပြောသည်။

"လူထုအင်အား မဖြစ်မနေလိုပါတယ်။ မကြာခင်မှာ လူထုအစည ်းအဝေး ပွဲကြီးတစ်ခုကိုလည်း
လိုင်ဇာမှာပြုလုပ် သွားမှာဖြစ်ပါတယ်"ဟု ၎င်းက ဖေဖော်ဝါရီလ ၂၇ ရက်နေ့က သတင်းစာ
ရှင်းလင်းပွဲတွင် ပြောသည်။

ဇန်နဝါရီလက လိုင်ဇာသို့သွားရောက်ရန် ကြိုးစားခဲ့သော ကိုနေမျိုးဇင်နှင့်အဖွဲ့သားများမှာ
လိုင်ဇာမြို့နှင့် ၁၅ မိုင်ခန့် ကွာဝေးသော ဒေါ့ဖုန်းယန်ရွာအနီးတွင် စစ်တပ်မှ တားဆီးခြင်းခံခဲ့ရပြီး
ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ထပ်မံသွားရောက်ခဲ့ရာ ၂၄ ရက်နေ့တွင် ပြန်လည် ရောက်ရှိခဲ့သည်။

လိုင်ဇာမြို့၌ ဒုက္ခသည်စခန်းများနှင့်အတူ ကချင်စစ်ပြေးဒုက္ခသည်ကယ် ဆယ်ရေးကော်မတီ ဥက္ကဋ္ဌ
ဦးဒွဲပီဆနှင့် လည်း တွေ့ဆုံခဲ့ကာ ကေအိုင်အေမှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း
ကိုနေမျိုးဇင်က ပြောသည်။

"လမ်းတစ်လျှောက်မှာ တွေ့ခဲ့ရတဲ့ ပြည်သူတွေဟာ တော်တော်လေးကို ဒုက္ခရောက်နေကြပါ
တယ်။ စစ်သားတွေ ကလည်း ငြိမ်းချမ်းရေးလိုချင်နေကြပါပြီ"ဟု ၎င်းက ပြောသည်။

ပထမတစ်ကြိမ်ကကဲ့သို့ပင် ဒေါ့ဖုန်းယန်ရွာအနီးတွင် ထပ်မံတားဆီးခံခဲ့ရ သော်လည်း နောက်ဆုံး
တွင် စစ်တပ်က ခရီးဆက်လက်ထွက်ခွာခွင့်ပြုခဲ့ကြောင်း ကိုနေမျိုးဇင်ကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး