ရက်ပေါင်း ရ၀၀ ကြာ ကမ္ဘာပတ် လှည့်လည်ခရီးအတွက် ဂျာမနီနိုင်ငံမှ လွန်ခဲ့သော ငါးလခန့်
ကတည်းက စတင် ထွက်ခွာလာခဲ့သော နိုင်ငံခြားသား ခရီးသွားအဖွဲ့မှာ ယခုလ ၂၆ ရက်နေ့တွင်
မန္တလေးမြို့သို့ ရောက်ရှိလာခဲ့သည်။
အိပ်ခန်း၊ မီးဖိုခန်း၊ ထမင်းစားခန်း စသည်တို့ဖြင့် ပါ၀င်ဖွဲ့စည်းထားသော ကားများဖြင့် ခရီးလှည့်
လည်နေသော အဆိုပါအဖွဲ့တွင် ကား ၂၆ စီး၊ တစ်စီးလျှင် လူနှစ်ယောက် ပါ၀င်သည်။
အဖွဲ့မှာ မန္တလေးမြို့ ၃၅ လမ်းပေါ်ရှိ ဂေါ်ရာကွင်းအတွင်း နှစ်ရက်တာရပ်နား၍ မြို့တွင်း၌ လည်ပတ်
ကာ ယခုလ ၂၈ ရက်နေ့တွင် ရှမ်းပြည်နယ်သို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း အဖွဲ့၌ပါ၀င်
သူများက ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောသည်။
"ကျွန်တော်တို့ ကီလိုမီတာ ၂,၀၀၀ ကျော် ခရီးရောက်ခဲ့ပြီးပါပြီ။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့လူတွေကို
လေ့လာချင်တယ်။ သူတို့ဓလေ့စရိုက်တွေ၊ သူတို့ ဘယ်လိုနေထိုင်ကြတယ်ဆိုတာ သိချင်တယ်။
ကျွန်တော်တို့ လူတွေအကြောင်း အကုန်မသိကြဘူးမဟုတ်လား"ဟု အဖွဲ့တွင်ပါ၀င်သော အသက်
၆၅ နှစ်ရှိ ဂျာမနီနိုင်ငံသား Mr.Christian Jaskulewicz က ပြောသည်။
အဖွဲ့တွင် ဂျာမနီ၊ ဩစတြီးယားနှင့် ဆွဇ်ဇာလန်နိုင်ငံတို့မှ နိုင်ငံသားများပါ၀င်ကာ အသက် ၃၀ နှစ်
ခန့်မှ အကြီးဆုံး ရ၀ ကျော်အရွယ်အထိ ပါ၀င်သည်။
"ဒီခရီးစဉ်က တစ်ခါတလေ တွေးမိရင် အိပ်မက်တစ်ခုလိုပေါ့။ တစ်ခါတလေလည်း စွန့်စားခန်းလို
ခံစားရတယ်။ ဘာကြောင့်လဲဆိုရင် နယ်စပ်တချို့ကို ဖြတ်သန်းရတဲ့အခါမှာ တစ်ခါတစ်ရံ အရမ်း
ခက်ခဲခဲ့လို့ပါ"ဟု ဂျာမနီနိုင်ငံသူ Mrs. Gisela က ပြောသည်။
၎င်းမှာ လယ်ယာပိုင်ရှင်တစ်ဦးဖြစ် ကာ အလုပ်သမားပေါင်း ၂၂၀ ကျော်ရှိပြီး ယခုအခါ ၎င်း၏သား
ဖြစ်သူက ကြီးကြပ် ပေးနေသဖြင့် အချိန်နှစ်နှစ်ကျော် ကြာမြင့်မည့် ကမ္ဘာပတ်ခရီးစဉ်တွင် လိုက်ပါ
နိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
ခရီးစဉ်လမ်းကြောင်းအရ ဂျာမနီ၊ ယူကရိန်း၊ ဥစ္စဘက်ကစ္စတန်၊ တာကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလား
ဒေ့ရှ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဩစတြေးလျ၊ ကနေဒါစသော နိုင်ငံများ ကို
ဖြတ်သန်း သွားမည်ဖြစ်ကာ မြောက်အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်သန်းရမည့်ခရီးစဉ်လည်း ပါ၀င်
သည်။
















