ဆန္ဒပြခွင့်တားမြစ်ခံရသည့် ဥက္ကံ ကြံစိုက်တောင်သူများ ထပ်မံ အယူခံဝင်မည်

ဆန္ဒပြခွင့်တားမြစ်ခံရသည့် ဥက္ကံ ကြံစိုက်တောင်သူများ ထပ်မံ အယူခံဝင်မည်

ဥက္ကံမြို့နယ်ရှိ ကြံစိုက်တောင်သူများက အသိမ်းခံထားရသော ၎င်းတို့၏ယာမြေများ ပြန်လည်ရရှိ
ရေးအတွက် ဆန္ဒထုတ် ဖော်ခွင့်ကို ယခုလ ၁၅ ရက်တွင် တင် ထားရာ တိုက်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး
က ၂၁ ရက်နေ့တွင် ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခွင့်မပြုခဲ့သောကြောင့် ထပ်မံ အယူခံဝင်သွား
မည်ဖြစ်ကြောင်း ကြံစိုက် တောင်သူများက ပြောသည်။

"အမှန်က ၂၂ ရက်နေ့မှ စီတန်းလှည့် လည်ခွင့်ပြုဖို့ လျှောက်ထားတာကို ၂၁ ရက် ညနေ ၃ နာရီ
လောက်မှာ သိမ်းထား တဲ့ မြေတွေကို ပြန်ပေးမယ်ဆိုပြီး မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောတယ်။
ဒီလို ပေးမယ်လို့ပြောပြီးမှ နောက်နေ့ပြရင် အဖမ်းခံရမှာပေါ့။ တကယ်တော့ ပါးစပ်နဲ့ ပဲပေးတာပါ။
ပြီးတော့ ချက်ချင်းတော့ မဟုတ်ဘူး။ လက်ရှိ စိုက်ထားတဲ့ လက်ကျန် ဖုန်းဆိုး၊ လမိုင်းလေးတော့
စားပါရစေဦးလို့ပြောတယ်" ဟု ကြံစိုက် တောင်သူ ဦးလှမြင့်က ပြောသည်။ အဆိုပါကြံစိုက်ခင်းများ
ကို အမှတ်(၁၃)၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် ဥက္ကံသကြားစက်မှ ၂၀၀၅၊ ၂၀၀၆ ခုနှစ် ကတည်း
က သိမ်းယူထားခဲ့ခြင်းဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် တောင်သူများအား ပြန်လည်ပေးအပ်မည်ဟု
စတင်ပြော ကြားထားကြောင်း ၎င်းက ပြောသည်။

"စိုက်ခင်းတွေအတွက်ကို တောင်သူ တွေက မြေလွတ်၊ မြေရိုင်းတွေ ခုတ်ထွင် ရှင်းလင်းပြီး ဖော်
ထုတ်ခဲ့ကြရတာပါ။ သကြားစက်ရောက်လာတော့ စီမံကိန်း အရဆိုတော့ သကြားစက်ကိုပဲ သတ်
မှတ် ဈေးအတိုင်း စက်ကိုပဲသွင်းရတယ်။ ကြံသကာလည်း ထုတ်ရောင်းခွင့်မရှိ တော့ဘူး။ အဲဒီ
အချိန်မှာပဲ တောဆင်ရိုင်း တွေ သောင်းကျန်းလို့ ကျန်စိုက်တောင်သူ တွေက ထပ်ပြီးဒုက္ခရောက်
ကြရတယ်။

"ဒါကြောင့် ထွက်ပေါက်ရှာတဲ့အနေ နဲ့ ဆင်မဖျက်ဆီးတဲ့ ပဲ၊ နှမ်းကို ပြောင်းပြီး စိုက်ကြရတယ်။
၂၀၀၅၊ ၂၀၀၆ မှာပဲ ဦးပိုင်သကြားစက်က ဒီမြေတွေကို ကြံ စိုက်တဲ့နေရာမှာ မစိုက်လို့ဆိုပြီး သိမ်း
တယ်။ သိမ်းတဲ့အချိန်တုန်းက စစ်တပ်ကိုပါ ခေါ်ပြီး သိမ်းတာ။ ပါးတောင် အရိုက်ခံ ခဲ့ရတယ်။ ဒီမြေ
ကို ကြံပြန်စိုက်တဲ့နေ့ ပြန် ပေးမယ်ဆိုပြီး ပြောခဲ့တယ်။ အခု ပြန်စိုက် မယ်ဆိုတော့ ဖြောင့်ဖြောင့်
တန်းတန်း ပြန်မပေးဘူး"ဟု ၎င်းက ပြောသည်။

အဆိုပါ ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ရန်အတွက် တောင်သူဦးရေ ၁၀၀ က ၎င်းတို့၏ လယ်မြေ
၂၉၃ ဧက ပြန်လည်ရရှိရေးအတွက် စာတင်ထား ခြင်းဖြစ်သည်။

ဥက္ကံမြို့နယ် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီဥက္ကဋ္ဌ ဦးမြင့်သိန်းက "ပြန်ပေးမယ်ဆိုတာကို
၇၅ ရာခိုင်နှုန်း လောက် ယုံလို့ရမယ်လို့ ထင်ပါတယ်။ တောင်သူတွေက စာလည်းမတတ်ကြ တော့
၂၀၁၀ လောက်ကတည်းက ပြန် ပေးမယ် ပြောပြီးမှ ကြိုးရှည်ရှည်နဲ့ လှန်ထားတဲ့သဘောရှိတယ်။
လက်ရှိ တောင်သူတွေ မကျေနပ်တာကလည်း ကြံဆိုတာ တစ်နှစ်စိုက်ထားရင် ငါးနှစ်ဝန်းကျင်
အထိ သေရိုးထုံးစံမရှိဘူး။ ဒါကို ဖုန်းဆိုး၊ လမိုင်းလေး စားပါရစေဦးဆို တော့ နောက်ထပ်သုံးနှစ်
လောက်ထိ ပြန်မပေးချင်သေးတာလည်း ဖြစ်နိုင်တယ်"ဟု ပြောသည်။

တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ယခု လ ၂၁ ရက်နေ့တွင် စီတန်းလှည့်လည် ခွင့်ကိုငြင်းပယ်သည့်
ထုတ်ပြန်ချက်အရ စီတန်းလှည့်လည်ရခြင်း၏ ရည်ရွယ်ချက်သည် ကြံစိုက်တောင်သူများ၏ ကြံ
စိုက်မြေများအား ပြန်လည်ရယူလို ကြောင်းဖြစ်ပြီး ယခုလ ၁၈ ရက်နေ့တွင် ဥက္ကံ ဦးပိုင်သကြား
စက်ရုံ၌ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး၊ မြို့နယ်မြေစာရင်းဦးစီးမှူးနှင့်
မြို့နယ် စက်မှုသီးနှံဖွံ့ဖြိုးမှုဦးစီးဌာန ဦးစီးမှူး (ကြံလုပ်ငန်း)၊ စီတန်းလှည့်လည်ခွင့် လျှောက်ထားသူ
ဦးအောင်ခင် (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အလုပ်သမားတာဝန်ခံ) တို့ ပါ၀င်သော
အဖွဲ့သည် ဥက္ကံသကြားစက်၊ စက်ရုံမှူးနှင့် ကြံစိုက်တောင်သူ ကိုယ်စားလှယ်များ တွေ့ဆုံညှိနှိုင်းပေး
ခဲ့၍ သဘောတူညီချက် သုံးချက်ဖြင့် ကြံစိုက်မြေများအား တောင်သူများထံ ပြန်လည်ပေးအပ်ရန်
ဆောင်ရွက်ပေးမှုကို စီတန်းလှည့်လည် ခွင့်တင်ပြလာသူ ဦးအောင်ခင်က သဘောတူလက်ခံခဲ့ပြီး
ဖြစ်၍ စုဝေး စီတန်းလှည့်လည်ရန် မလိုအပ်သော ကြောင့်ဖြစ်သည်ဟု ဖော်ပြထားသည်။

ခွင့်ပြုမိန့်ထုတ်ပေးရန် ငြင်းပယ်ခြင်း နှင့် စပ်လျဉ်း၍ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း
လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၉ အရ အယူခံဝင်နိုင်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ငြင်းပယ်မိန့်
စာရွက်တွင် ဖော်ပြထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး