မြန်မာနိုင်ငံ ဧည့်ဝန်ဆောင်မှုနှင့် ခရီးသွားလုပ်ငန်းဆွေးနွေးပွဲ (Myanmar hospitality and
tourism conference) ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် ရန်ကုန်မြို့
ကုန်သည်ကြီးများဟိုတယ်၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပလျက်ရှိသည်။
ဆွေးနွေးပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အပါအဝင်
ဩစတြေးလျ၊ အမေရိကန်၊ တရုတ်၊ ဟောင်ကောင်၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ လန်ဒန်၊ ဟာဝါရီ၊
အိန္ဒိယ၊ နော်ဝေ၊ အင်ဒိုနီးရှား စသည့် နိုင်ငံပေါင်း ၁၃ နိုင်ငံမှ ခရီးသွား လုပ်ငန်းဆိုင်ရာ တာဝန်ရှိသူ
များနှင့် ရင်းနှီးမြှုပ်နှံသူများ ၃၀၀ နီးပါး တက် ရောက်ခဲ့ပြီး ခရီးသွားလုပ်ငန်းကဏ္ဍတိုးတက်ရန်
စီမံကိန်းများနှင့် ရင်းနှီး မြှုပ်နှံမှုအခွင့်အလမ်းများ ဆွေးနွေးကြသည်။
မြန်မာနိုင်ငံသည် ထူးခြားကွဲပြားခြား နားသော ခေတ်အဆက်ဆက် ယဉ်ကျေးမှုအစဉ်အလာများ
နှင့် သမိုင်းကြောင်းများရှိသည့်အတွက် နိုင်ငံတကာမှ ခရီးသည်များ လာရောက်လေ့လာကြည့်ရှုရန်
အထူးအခွင့်အလမ်းတစ်ခုဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောသည်။
ဆွေးနွေးပွဲတွင် တက်ရောက်ဆွေးနွေးခဲ့သော Australian Tourist Commission ၏ မန်နေဂျင်း
ဒါရိုက်တာဟောင်း ဖြစ်သူ Mr John Morse AM "ဒီဆွေး နွေးပွဲမှာ နိုင်ငံတကာနဲ့ ထိတွေ့ပြီး ခရီး
သွားလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးနိုင်တဲ့အတွက် အကျိုး သက်ရောက်မှုက
များပါတယ်။ အရမ်း ကောင်းတဲ့ အစီအစဉ်ပါ။ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့
အကြောင်းအရာတွေကိုလည်း သိရှိ နားလည်နိုင်တဲ့အတွက် တက်ရောက် လာတဲ့သူတွေလည်း
အကျိုးရှိသလို ပြည်တွင်းပြည်ပ လုပ်ငန်းအချင်းချင်းလည်း ချိတ်ဆက်မိနိုင်တဲ့ ဆွေးနွေးပွဲ တစ်ခု
ဖြစ်ပါတယ်" ဟု ပြောသည်။
ထိုင်းနိုင်ငံအခြေစိုက် ဧည့်ဝန်ဆောင် မှုဆိုင်ရာကျွမ်းကျင်သူ Mr Dham maras B. Kasem က
"မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ဒီပွဲတက်ဖို့ရောက်တာပါ။ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း
ဘယ်လိုရှိတယ်ဆိုတာကို လာလေ့လာရင်း ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ လာတွေ့တာပါ။ ဖြစ်နိုင်ရင်
ဒီကဟိုတယ်လုပ်ငန်းရှင် တွေနဲ့ပူးပေါင်းပြီး ဧည့်ဝန်ဆောင်မှု အတွက် ပူးပေါင်းဆောင်ရွက်ချင်ပါ
တယ်" ဟု ပြောသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဆိုင်ရာ ပင်မစီမံကိန်းသည် ကောင်းမွန်သည့် ခြေလှမ်းဖြစ်သော်လည်း
ဟိုတယ်ဇုန် တည်ဆောက်မှုလုပ်ငန်းအတွက် အသေးစိတ်သိရှိနိုင်ရန် လိုအပ်နေသေး ကြောင်း
ဟိုတယ်လုပ်ငန်းဆိုင်ရာဖွံ့ဖြိုး ရေးအဖွဲ့ ClubMed မှ အရှေ့တောင်အာရှဒေသဆိုင်ရာ တာဝန်ရှိသူ
Ms Geraldine GIRAUD က၊ပြောသည်။
ယခုကဲ့သို့ ဆွေးနွေးပွဲပြုလုပ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည့်အပြင် လူဦးရေကန့်သတ်ထားသည့်
အတွက် နိုင်ငံတကာ မှ ဟိုတယ်လုပ်ငန်းရှင်ကြီးများ ပါ၀င်မှု အနည်းငယ်နည်းနေသော်လည်း
နောင်ကျင်းပမည့် ဆွေးနွေးပွဲများတွင် ပိုမိုတက်ရောက်နိုင်ရန် မျှော်မှန်းသည်ဟု မြန်မာနိုင်ငံ
ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ ဦးခင်အောင်ထွန်းက ပြောသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပင်မစီမံကိန်းရေးဆွဲသူ Mr Paul Roger က လည်း " မြန်မာနိုင်ငံမှာ
လာရောက် ရင်းနှီး မြှုပ်နှံဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်တဲ့နေရာမှာ အနုတ်လက္ခဏာဆောင်တဲ့
အကျိုးသက်ရောက်မှုတွေ ဖြစ်မလာစေဖို့ ဘယ်သူတွေက ဘယ်လိုမျိုး စီးပွားရေး လုပ်ဆောင်မလဲ၊
ဒေသခံပြည်သူတွေကို ဘယ်လို အကျိုးပြုနိုင်မလဲ၊ မပြုနိုင်ဘူး လဲဆိုတာကို ကြိုတင်သိရှိနားလည်
ထား ဖို့လိုပါမယ်" ဟု ပြောသည်။
ထိုဆွေးနွေးပွဲကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် Sphere conference တို့ ပူးပေါင်း၍
ကျင်းပခဲ့ခြင်းဖြစ်သည်။
















