နိုင်ငံ့ဝန်ထမ်းများအတွက် လစာငွေနှင့် ထောက်ပံ့ငွေပေးနိုင်ရေးအတွက် သက်ဆိုင်ရာတို့နှင့် ညှိနှိုင်း
စိစစ်ဆောင်ရွက်လျှင် ဖြစ်နိုင်ခြေရှိကြောင်းကို လေ့လာတွေ့ရှိထားပြီး လွှတ်တော်သို့တင်ပြလာ
လျှင်အတည်ပြုပေးသင့်သည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖေဖော်ဝါရီလ ၂၅
ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
"လွှတ်တော်ကို တင်ပြလာမယ့် သာမန်အသုံးစရိတ်ငွေများကို စိစစ်ပြီး အမှန်တကယ်လိုအပ်မှာနဲ့
မလိုအပ် သေးတာတွေကို ခွဲခြားကာ စိတ်ကောင်း စေတနာဖြင့် တာဝန်ယူ၊ တာဝန်ခံပြီး ရုံးအဆင့်
အတန်းအလိုက် လျော်ညီစွာ အသုံးပြုရန် သင့်တင့်မျှတသော ရုံးအသုံး စရိတ်၊ အထွေထွေစရိတ်၊
၀န်ထမ်းများ၏ နေ့တွက်စရိတ်၊ ခရီးစရိတ်၊ အခြားစရိတ် များကို စိစစ်တိုးမြှင့်ပေးဖို့နဲ့ တကယ်လို့
ငွေပိုနေသေးရင် ၀န်ထမ်းများအတွက် လစာငွေနဲ့ ထောက်ပံ့ငွေပေးနိုင်ရေး အတွက် သက်ဆိုင်ရာ
တို့နဲ့ ညှိနှိုင်းစိစစ် ဆောင်ရွက်ရင် ဖြစ်နိုင်ခြေရှိနိုင်ကြောင်း ကိုလည်း လေ့လာတွေ့ရှိထားပါတယ်"
ဟု သူရဦးရွှေမန်းက တိုက်တွန်းခဲ့သည်။
နိုင်ငံ့ဝန်ထမ်းများ လက်ရှိရရှိနေသော လုပ်ခ၊ လစာ၊ စရိတ်နှင့် ချီးမြှင့်ငွေများ သည် ယနေ့ခေတ်
ကာလနှင့် လိုက်လျောညီထွေမရှိသဖြင့် ထိုက်သင့်သလို အလျင် အမြန်တိုးပေးရန် ပြီးခဲ့သည့်နှစ်၊
ဖေဖော်ဝါရီလ ရ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်သူ့
လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က ပထမဆုံးအကြိမ်အဖြစ် တိုက်တွန်းခဲ့ဖူးသည်။
ယမန်နှစ် ဘတ်ဂျက်အစည်းအဝေးကာလတွင် ဆွေးနွေးခဲ့ကြသည့်အတွက် နိုင်ငံ့ဝန်ထမ်းများအား
ထောက်ပံ့ငွေ ကျပ် ၃၀,၀၀၀ ပေးနိုင်ခဲ့သည်။
ယမန်နှစ်က ရရှိခဲ့သည့် ထောက်ပံ့ငွေ ကို လစာငွေ အဖြစ်လည်းကောင်း၊ ထပ်၍ သာမန်အသုံးငွေမှ
စိစစ်၍ စိစစ်ပြီး ရရှိလာသောငွေကို ထောက်ပံ့ငွေအဖြစ် လည်းကောင်း ဆောင်ရွက်ပေးနိုင်ပါက
ပြည်ထောင်စုလွှတ်တော်က ပြည်ထောင်စု အစိုးရနှင့် အစိုးရဝန်ထမ်းများ၊ နိုင်ငံတော်နှင့် ပြည်သူ
များ၏ အကျိုး စီးပွားနှင့် လိုအင်ဆန္ဒများအပေါ် အလေးထားပါကြောင်း၊ ကတိစကား များလည်း
တည်ကြည်စေမှုပြုပေးနိုင်ပါ ကြောင်းကို ပြသဖော်ဆောင်နိုင်မည် ဖြစ်သည်ဟု သူရဦးရွှေမန်းက
ပြော ကြားသည်။
"ဒါကြောင့် နောက်ဘဏ္ဍာနှစ်မှာ လစာတိုးပေးမယ်ဆိုတဲ့ကတိစကားများ ကို လွှတ်တော်ကိုယ်စား
လှယ်များက မှတ်သားပြီး ယခုလွှတ်တော်အတွင်းမှာ ဆွေးနွေးတောင်းဆိုမှုများဟာလည်း အစိုးရ
အပေါ်နဲ့ နိုင်ငံ့ဝန်ထမ်းများအပေါ် စေတနာထားခြင်းဖြစ်သလို နိုင်ငံကောင်းအောင် ဆွေးနွေးတောင်း
ဆိုခြင်းပဲလို့ မှတ်ယူလက်ခံပြီး ကျေးဇူးလည်းတင်ရမှာဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
"ကိုယ့်နိုင်ငံမှာ သင်ကြားတတ် မြောက်ထားတဲ့ ပညာနဲ့ အစိုးရဝန်ထမ်း အဖြစ် ၀င်လုပ်မယ်ဆိုရင်
ရတဲ့လစာနဲ့ စရိတ်က ဘဝရပ်တည်ရှင်သန်ရေးအတွက် အခက်အခဲရှိလို့ နိုင်ငံခြားကို ထွက်ခွာသွား
နေတာတွေ ဘယ်လောက်ရှိပြီလဲ။ တချို့ကျတော့ အပြင်မှာလည်း အလုပ်မရှိ။ အလုပ်မရ။
"ဒါကြောင့် ဒီမှာကပ်ပြီး ဖြစ်သလိုလုပ် ဖြစ်သလို နေနေရတာတွေ ဘယ်လောက်များနေလဲ" ဟု
သူရဦးရွှေမန်းက ပြောသည်။















