ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ အရှိန်မြှင့်တင်ဆောင်ရွက်ရေး ကူညီရန် ကနေဒါ ကတိပြု

ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ အရှိန်မြှင့်တင်ဆောင်ရွက်ရေး ကူညီရန် ကနေဒါ ကတိပြု

ကနေဒါအစိုးရမှ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုလိုက်ပြီး အဆိုပါလုပ်ငန်း
စဉ်များအား အရှိန်မြှင့်တင် ဆောင်ရွက်နိုင်ရန် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ကနေဒါ နိုင်ငံခြား
ရေးဝန်ကြီးဌာန၏ ပါလီမန်ဆိုင်ရာ အတွင်းဝန် Mr.Dee pak Obhrai က ကတိပေးပြောကြားလိုက်
သည်။

အဖွဲ့ဝင် ၁၄ ဦးပါ၀င်သော ကနေဒါ ပါလီမန်အဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၂ ရက်
အထိ မြန်မာနိုင်ငံသို့ လာရောက်လေ့လာခဲ့ရာ အဆိုပါခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊
လွှတ်တော်ရေးရာ တာဝန်ရှိသူများ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြားသောအဖွဲ့အစည်း
များနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ၏ လက်ရှိ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေး၊
အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

"ကျွန်တော်တို့ အခု ဒီကိုလာတာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကူးပြောင်းရေး လုပ်ငန်းတွေမှာ ကူညီ
ဖို့ပါ။ ကနေဒါနိုင်ငံဟာ လွှတ်တော်ရေးရာကိစ္စရပ်တွေ ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ အတွေ့အကြံု
ရှိပြီးသားပါ။ ဒီအတွေ့အကြံုတွေနဲ့ မြန်မာနိုင်ငံရဲ့ လွှတ်တော်ဆိုင်ရာ အရေးကိစ္စတွေမှာ ကူညီပေး
ဖို့ ကတိပြုပါတယ်" ဟု Mr.Dee pak Obhrai က မြန်မာ နိုင်ငံမှ ပြန်လည်မထွက်ခွာမီ ဖေဖော်ဝါရီလ
၂၂ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

Mr.Dee pak Obhraiက ပြောင်းလဲရေးလုပ်ငန်းစဉ်များ၏ အဓိကကျသော လွှတ်တော်ဆိုင်ရာ
လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စေရေး အတွက် မိမိတို့တတ်နိုင်သလောက် အစွမ်း
ကုန်ကူညီသွားမည်ဖြစ်ရာ ရွေးကောက်ပွဲ ကျင်းပခြင်း၊ အခွန်နှင့် စပ်လျဉ်းသည့် လုပ်ငန်းဆိုင်ရာ
စသည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်ကျ ကောင်းမွန်သည့် အလေ့အထ ဖြစ်ထွန်းရန်
ရည်ရွယ်ကြောင်း ပြောသည်။

"လက်ရှိဆောင်ရွက်နေတဲ့ ဒီမိုကရေစီ ကျကျ ပြုပြင်ပြောင်းလဲမှုတွေကို အားရစရာတွေရှိပေမယ့်
တိုင်းရင်းသားလူမျိုးစု ပြဿနာ၊ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေနဲ့ သတင်းလွတ်လပ်ခွင့်စတဲ့
ပြဿနာတွေကို ဆက်လက်ဖြေရှင်းဖို့ လိုအပ်နေပါသေးတယ်"ဟု Mr.Dee pak Obhrai က ပြော
သည်။

ကနေဒါနိုင်ငံသည် မြန်မာနိုင်ငံအပေါ် ၂၀၀၇ ခုနှစ်မှစတင်ခါ စီးပွားရေးအရ ကုန်သွယ်မှုပိတ်ပင်ထား
ရာ ၂၀၁၂ ခုနှစ်၊ ဧပြီလအတွင်း အနည်းငယ်ဖြေလျှော့မှုများ ပြုလုပ်ခဲ့သော်လည်း လက်နက်ရောင်း
၀ယ်မှုအပါအဝင် အချို့သော အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်အချို့အား ဆက်လက်
ပိတ်ပင်ထားဆဲပင် ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး