မြန်မာနိုင်ငံအတွင်းရှိ မြစ်ချောင်းများ၌ ရေလမ်းကြောင်း ကောင်းမွန်စေရေး၊ ကမ်းပြိုမှုကာကွယ်ရေး
နှင့် နယ်စပ်မြစ်များ ကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း ရေအရင်းအမြစ် နှင့်
မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက ပြောသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် ရေလမ်း ကြောင်း ကောင်းမွန်စေရေးအတွက် ရေလွှဲရေကာတာများ
တည်ဆောက်ခြင်း၊ မြစ်ကြောင်းတူးဖော်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး ကမ်းပြိုကာကွယ်ခြင်းများ
အတွက် ရေထိန်းရေကာတာများ တည်ဆောက်ခြင်းနှင့် နယ်စပ်မြစ်များ ကာကွယ်ခြင်းအတွက်
ကမ်းထိန်း ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရေနည်းရာသီကာလဖြစ် သော
ပြီးခဲ့သည့် နိုဝင်ဘာလမှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
"ရေလမ်းကြောင်း ကောင်းမွန်ရေးအတွက် ပြုပြင်ထိန်းသိမ်းရေးမှာ ရေလွှဲ ရေကာတာတွေဆောက်
ပြီး ထိန်းသိမ်း ပေးပါတယ်။ ရေထိန်းရေကာတာမှာဆိုရင် ကျောက်စီရေကာတာ၊ မျောရေကာတာ၊
မျောထဲမှာ ကျောက်ဖြည့်တဲ့ရေကာ တာတွေ ရှိပါတယ်။ ဧရာဝတီမြစ်တစ်လျှောက်နဲ့ ချင်းတွင်းမြစ်
တစ်လျှောက်မှာ ရေလမ်းကြောင်းကျပ်တဲ့ နေရာတွေ အများကြီးရှိပါတယ်။ အားလုံးကိုတော့
တစ်ပြိုင်နက်တည်း မလုပ်နိုင်ဘူး။ နိုင်ငံ တော်ကပေးတဲ့ရန်ပုံငွေပေါ် မူတည်ပြီး လုပ်ရပါတယ်"ဟု
၎င်းက ပြောသည်။
ယခု လာမည့်ဘဏ္ဍာနှစ်အတွက် ရေအရင်းအမြစ်နှင့် မြစ ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန
၏ လုပ်ငန်းများ အားလုံးဖြစ်သော တည်ဆောက်ရေး လုပ်ငန်းများ၊ စက်ကိရိယာများနှင့် ပြုပြင်ရေး
လုပ်ငန်းများ အပါအဝင် အခြားသော လုပ်ငန်းများအားလုံးအတွက် ရန်ပုံငွေ ကျပ်သန်း ၂,၅၀၀ ရရှိ
ထားသည်။
ရေလမ်းကြောင်းကောင်းမွန်စေရေးအတွက် ပြုပြင်ထိန်းသိမ်းမှုများကို ဆောင်ရွက်ရာတွင် ဧရာဝတီ
မြစ် အောက်ဘက် ဗန်းမော်ဆိပ်ကမ်း ရေလမ်းကြောင်းတွင် ရေလွှဲရေကာတာများ ပြုလုပ်ပေး
လျက်ရှိပြီး ဗန်းမော် တပ်ကလေး ရေလမ်းကြောင်း၊ မန္တလေး အောက်ဘက်ရှိ လက်ဆောင်ယူရေ
လမ်း ကြောင်း၊ မကွေးတံတား၏အထက်ဘက်ရှိ နေရာများ၊ ပြည်မြို့အောက်ဘက်ရှိ ကော့မရေး
မူကုန်းများတွင် ရေလွှဲရေကာတာများ ရေထိန်းတံခါးများ၊ တည် ဆောက်လျက်ရှိသည်။
ချင်းတွင်းမြစ် အတွင်း မော်လိုက်ဆိပ်ကမ်း၊ မင်းကင်း မုံရွာမြို့၏အထက်ဘက်နှင့် အောက်ဘက်
များ၌လည်းဆောင်ရွက်နေသည်။















