ယခုနွေကာလတွင် ဒေသအများစု၌ ပိုမိုပူနွေးသော အခြေအနေရှိနိုင်

ယခုနွေကာလတွင် ဒေသအများစု၌ ပိုမိုပူနွေးသော အခြေအနေရှိနိုင်

၂၀၁၃ နွေရာသီတွင် ဒေသအများအပြား၌ ပိုမိုပူနွေးသောအခြေအနေရှိနိုင်ကြောင်း ဖေဖော်ဝါရီလ
ကုန်ပိုင်းတွင် ထုတ်ပြန်သော မိုးလေဝသခန့်မှန်းချက်များက ဆိုသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ တွင် ထုတ်ပြန်သော
မတ်လအတွက် ခန့်မှန်းချက်အရ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန် နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှလွဲ၍
ကျန်ဒေသများတွင် နေ့အပူချိန်များသည် မတ်လ၏ ပျမ်းမျှအပူချိန်တို့ထက် ပိုနိုင်ကြောင်း ဖော်ပြ
ထားသည်။

"ပျမ်းမျှအပူချိန်ထက်ပိုမယ်ဆိုတာ ဒေသတစ်ခုရဲ့ ပျမ်းမျှထက် သုံးဒီဂရီ စင်တီဂရိတ်အထက် ပိုမယ်
လို့ ဆိုလိုပါတယ်။ ဥပမာ- ချောက်ရဲ့ မတ်လအတွက် ပျမ်းမျှ နေ့အပူချိန်က ၃၉ ဒီဂရီစင်တီဂရိတ်
ဆိုရင် အဲဒီအပူချိန်ရဲ့ သုံးဒီဂရီ စင်တီဂရိတ်ထက် ပိုမှာဖြစ်တဲ့အတွက် ၄၂ ဒီဂရီစင်တီဂရိတ်အထက်
ရှိမှာ ဖြစ်ပါတယ်"ဟု မိုး/ဇလဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ဖေဖော်ဝါရီလ ၂၈ ရက်
နေ့တွင် ပြောသည်။

အမေရိကန်အခြေစိုက် International Research Institute ၏ ခန့်မှန်းချက်အရ မတ်၊ ဧပြီ၊ မေလ
များတွင် အပူချိန်များ ပုံမှန်ထက်မြင့်တက်နိုင်ခြေသည် ကချင်၊ ချင်းပြည်နယ်များနှင့် စစ်ကိုင်းတိုင်း
ဒေသကြီး အထက်ပိုင်းတို့တွင် ရ၀ ရာခိုင်နှုန်းကျော်ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ
အလယ်ပိုင်းဒေသများတွင် ၆၀ မှ ရ၀ ရာခိုင်နှုန်း ခန့်ရှိကာ တနင်္သာရီတိုင်းဒေသကြီးမှအပ ကျန်
ဒေသများတွင် ၄၀ မှ ၆၀ ရာခိုင် နှုန်းခန့် ရှိနိုင်ကြောင်း ဖော်ပြသည်။

မတ်လအတွင်း မြူထူဆိုင်းမှု အခြေအနေများလည်း ရှိနိုင်ကြောင်း ဦးချစ်ကျော်က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်၊ ချင်းနှင့် ရှမ်းပြည်နယ်တို့တွင် ၁၁ ရက်မှ ၁၃ ရက်ခန့်၊
ရခိုင်၊ ကယား၊ မွန်နှင့် ကရင်ပြည်နယ်တို့တွင် ရှစ်ရက်မှ ၁၀ ရက် ခန့်နှင့် ကျန်တိုင်းနှင့်ပြည်နယ်တို့
တွင် ငါးရက်မှ ခုနစ်ရက်ခန့် နံနက်ခင်း မြူထူဆိုင်းနိုင်ကြောင်း မိုး/ဇလဌာနက ခန့်မှန်းထားသည်။

မတ်လအတွင်း ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်
နိုင်ပြီး အချိန် အခါမဟုတ် မိုးရွာသွန်းမှုများလည်း ရှိနိုင်ကြောင်း ခန့်မှန်းချက်တွင်ဖော်ပြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး