ခေတ်မီနည်းအမျိုးမျိုးဖြင့် သားသမီးရရန် ဆောင်ရွက်ရာတွင် ဥပဒေများပြဋ္ဌာန်းရန်လို

ခေတ်မီနည်းအမျိုးမျိုးဖြင့် သားသမီးရရန် ဆောင်ရွက်ရာတွင် ဥပဒေများပြဋ္ဌာန်းရန်လို

မြန်မာနိုင်ငံ၌ သားသမီးရရှိရန်ခက်ခဲသောမိဘများ ခေတ်မီနည်းပညာအမျိုးမျိုးဖြင့် သားသမီးရရှိရန်
ဆောင်ရွက်သည့်လုပ်ငန်းများ ပိုမိုတွင်ကျယ်လာနိုင်သည်နှင့်အမျှ ပေါ်ပေါက်လာနိုင်သော ဥပဒေ
ရေးရာကိစ္စများကို ဖြေရှင်းရန် ကျင့်ဝတ်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်းသင့်ပြီဖြစ်ကြောင်း
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မတ်လ ၂ ရက်နေ့တွင် ပြောသည်။

နိုင်ငံတကာ၌ နည်းအမျိုးမျိုးဖြင့် သားသမီးရရှိရန် ကြိုးပမ်းကြရာတွင် သုက်ပိုးလှူဒါန်းခြင်း၊ အငှား
ကိုယ်ဝန် ဆောင်ခြင်း အစရှိသည့် နည်းလမ်းများ ကြောင့် အမွေစားအမွေခံ ပြဿနာများ၊ ဥပဒေ
ရေးရာကိစ္စများ ဖြစ်ပေါ်လျက်ရှိ ကြရာ မြန်မာနိုင်ငံ၌လည်း အခြားနိုင်ငံများနည်းတူ ဥပဒေများရေး
ဆွဲသင့်သည်ဟု ဒေါက်တာဖေသက်ခင်က Bahosi Fertility Center ဖန်ပြွန်သန္ဓေသားဌာနမှ
ကျင်းပသော ဖန်ပြွန်သန္ဓေ ကလေးငယ်ပေါင်း ၁၀၀ ပြည့် အထိမ်းအမှတ်ပွဲတွင် ပြောသည်။

"မြန်မာနိုင်ငံမှာ ဒါနဲ့ပတ်သက်ပြီး လမ်းညွှန်ချက်တွေ၊ လုပ်ထုံးလုပ်နည်း ဥပဒေတွေ မရှိသေးတဲ့
အတွက် တစ်ချိန်ချိန်မှာ ပြဿနာတက်လာနိုင်တယ်။ ဒီလုပ်ငန်းကို စတင်ပြီးတဲ့အခါမှာ ကျွန်တော်
တို့နိုင်ငံမှာလည်း တခြားနိုင်ငံများနည်းတူ ဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်နဲ့ ပတ်သက်တဲ့ လမ်းညွှန်
ချက်တွေကို စုပေါင်းရေးသားဖို့လုပ်သင့်ပြီလို့ တိုက်တွန်းလိုပါတယ်"ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံ၌ ပထမဦးဆုံး ဖန်ပြွန်သန္ဓေသားဌာနမှာ Bahosi Fertility Center(BFC) ဖြစ်ပြီး ၂၀၀၆
ခုနှစ်မှ စတင်ခါ ဖန်ပြွန်သန္ဓေသားနည်းနှင့် အခြားသော ခေတ်မီနည်းပညာများဖြင့် ကလေးငယ်
၁၀၀ ကျော်ကို ပြည်တွင်း၌ပင် မွေးဖွားပေးနိုင်ခဲ့သည်။

သားဖွားမီးယပ် အထူးကုဆရာဝန် ဒေါက်တာမေသူမျိုးညွန့်က မြန်မာနိုင်ငံ၌ သုက်ပိုးလှူဒါန်းခြင်း၊
အငှားကိုယ်ဝန် ဆောင်ခြင်း အစရှိသည့် နည်းလမ်းများ မရှိသေးသော်လည်း နောက်ပိုင်းတွင်ရှိ
လာနိုင်သည့်အတွက် စည်းမျဉ်းများ လိုအပ်သည်ဟု ပြောသည်။

"ဒီအတွက် သေချာလမ်းညွှန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ မရှိသေးပါဘူး။ နောက်ပိုင်းကျရင်
တော့ သားသမီးရရှိဖို့ ခေတ်မီနည်းလမ်းတွေ မြန်မာနိုင်ငံမှာ ပိုမိုတွင်ကျယ်လာနိုင်တဲ့အတွက်
စည်းမျဉ်းတွေ လိုအပ်လာမယ်။ အခု လောလောဆယ်တော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး"ဟု
၎င်းကပြောသည်။

ကမ္ဘာပေါ်တွင် ဖန်ပြွန်သန္ဓေသား ကလေးငယ်ပေါင်း ငါးသန်းကျော်ခန့် ရှိသည်။ မြန်မာနိုင်ငံ၏
ပထမဦးဆုံး ဖန်ပြွန်သန္ဓေသားကလေးငယ် မေလင်းလက်ဆွေကို Bahosi Fertility Center မှ
ဆောင်ရွက်ပေးခဲ့ပြီး ၂၀၀၇ ခုနှစ်၊ ဩဂုတ်လက မွေးဖွားခဲ့သည်။

ဖန်ပြွန်သန္ဓေဆောင်ခြင်းဖြင့် ကိုယ်ဝန်ရရှိစေသည့် နည်းလမ်းတွင် အောင် မြင်နိုင်ခြေမှာ ပျမ်းမျှ ၃၀
မှ ၄၀ ရာခိုင် နှုန်းခန့် အထိရှိပြီး အသက်ငယ်ရွယ်သော အမျိုးသမီးများတွင် အောင်မြင်မှု ရာခိုင် နှုန်း
ပိုများကာ အသက် ၄၀ မှ ၄၅ နှစ်ခန့် ရှိ အမျိုးသမီးများတွင်လည်း အောင်မြင်မှုရှိသည်ကို တွေ့ရ
သည်ဟု ဒေါက်တာ မေသူမျိုးညွန့်က ပြောသည်။

BFC တွင် အမျိုးသားသုက်ပိုးကို သန့်စင်၍ အမျိုးသမီး သားအိမ်အတွင်း တိုက်ရိုက်ထည့်သွင်း၍
သန္ဓေအောင် စေသောနည်း၊ မမျိုးဥကို ခန္ဓာကိုယ် ပြင်ပသို့ ထုတ်ယူ၍ အမျိုးသား သုက်ပိုးနှင့်
ခန္ဓာကိုယ် ပြင်ပတွင် သန္ဓေအောင်စေပြီး သားအိမ်တွင် ပြန်လည်ထည့်သွင်း၍ ကိုယ်ဝန်ဆောင်
စေသော ဖန်ပြွန် သန္ဓေသားနည်း၊ အမျိုးသားသုက်ပိုး နည်းသော စုံတွဲများအတွက် သုက်ပိုး
တစ်ကောင်ချင်းကို မမျိုးဥတွင် ထည့်သွင်း သန္ဓေအောင်စေသောနည်း၊ အမျိုးသား ကပ်ပယ်အိတ်
အသားစမှ သုတ်ပိုးထုတ်ယူ၍ သန္ဓေအောင်စေသောနည်း၊ သုက်ပိုး အေးခဲသိမ်းဆည်းခြင်းနည်း၊
သန္ဓေသားလောင်း အေးခဲသိမ်းဆည်း ခြင်းနှင့် အေးခဲထားသော သန္ဓေသား လောင်းများအား
သားအိမ်တွင် ပြန်လည်ထည့်သွင်း သန္ဓေအောင်စေသောနည်း နှင့် ငါးရက်သား သန္ဓေသားလောင်း
အား သားအိမ်တွင် ပြန်လည်ထည့်သွင်း သန္ဓေအောင်စေသော နည်းများကို ဆောင်ရွက်ပေးနေ
သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး