မြန်မာနိုင်ငံ၌ အိပ်ချ်အိုင်ဗီ၊ တီဘီနှင့် ငှက်ဖျားရောဂါသုံးမျိုးကို ပိုမိုထိရောက်စွာ ကုသနှိမ်နင်းရန်
အတွက် ကမ္ဘာ့ရန်ပုံ ငွေအဖွဲ့ (ဂလိုဘယ်ဖန်း)မှ ၂၀၁၃-၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ရ၇ သန်း
တိုးမြှင့်ချထားပေးမည်ဖြစ်ကြောင်း ပြည်တွင်းလူမှုရေးအဖွဲ့အစည်းတစ်ခု ဖြစ်သည့် ပြည်ကြီးခင်မှ
အမှုဆောင် ညွှန်ကြားရေးမှူး ဒေါ်နွယ်ဇင်ဝင်းက ပြောသည်။
"ရောဂါသုံးမျိုးအတွက် မြန်မာနိုင်ငံက ကမ္ဘာ့ရန်ပုံငွေအဖွဲ့ကနေ ၂၀၁၃-၂၀၁၅ အတွက် ၂၀၀၉ ခုနှစ်
ကတည်းက ကနဦး ရရှိထားတဲ့ ရန်ပုံငွေတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ပိုပြီးတော့ လူနာတွေ
ထောက်ပံ့ ငွေ ထပ်ရရှိရေး အဆိုပြုလွှာတွေ ထပ်ပြီး တင်သွင်းခဲ့ရာမှာ သူတို့ဘက်က လက်ခံပြီး
မြန်မာနိုင်ငံကို ရွေးချယ်လိုက်တာပါ"ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံမှ ကမ္ဘာ့ရန်ပုံငွေအဖွဲ့သို့ ၂၀၁၃-၁၅ အထိ ရောဂါသုံးမျိုးအတွက် ကနဦးရရှိရန် တောင်းခံ
ထားသည့် ရန်ပုံငွေမှာ စုစုပေါင်းဒေါ်လာ ၂ ဒသမ ၁၉ ဘီလျံ ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန
စာရင်းဇယားများအရသိရသည်။
ထိုအဖွဲ့၏ ထောက်ပံ့မှုများရရှိပါက မြန်မာနိုင်ငံရှိ အိပ်ချ်အိုင်ဗီရောဂါပိုး ကူးစက်ခံစားနေရသည့်
ဝေဒနာသည်များအတွက် အေအာရ်တီဆေးကို လက်ရှိသောက်သုံးနေရသည့်လူနာ ၃၅ ရာခိုင်နှုန်း
မှ ၈၅ ရာခိုင်နှုန်း အထိ တိုးမြှင့် ပေးနိုင်မည်ဖြစ်ကာ MTR တီဘီဆေးများ ကိုလည်း မြို့ နယ် ၃၈
မြို့နယ်မှ ရ၂ မြို့နယ် အထိ တိုးမြှင့်ပေးမည်ဖြစ်ပြီး ငှက်ဖျား ရောဂါကာကွယ်ရေးအတွက် ဆေးစိမ်
ခြင်ထောင်များ တိုးမြှင့်ဖြန့်ဝေပေးရန်နှင့် ကျေးလက်ဆေးပေးခန်းများနှင့် နယ်လှည့်ဆေးကုသရေး
လုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွတ်ပေးနိုင်မည် ဖြစ်သည်ဟု ဒေါ်နွယ်ဇင်ဝင်းက ပြောသည်။
ကမ္ဘာ့ရန်ပုံငွေအဖွဲ့သည် မြန်မာနိုင်ငံ အတွက် ရောဂါသုံးမျိုး ကျန်းမာရေး စောင့်ရှောက်မှုအတွက်
ရန်ပုံငွေများ လျှောက်ထားမှုကို လက်ခံခဲ့ပြီး မြန်မာ နိုင်ငံသို့ ၂၀၁၀ ပြည့်နှစ်မှ စတင် ထောက်ပံ့
ပေးခဲ့ရာ ယခုအချိန်အထိ ဒေါ်လာ ၉၃ သန်း ထောက်ပံ့ခဲ့သည်ဟု အဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ
Marcela Rojo က ပြောသည်။















