မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံမှ ချမှတ်ထားသော ကျောက်မျက် ကျောက်စိမ်း တင်ပို့မှု
ပိတ်ဆို့ထားမှုကို ရုပ်သိမ်းနိုင်ရေးအတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အပြည်ပြည်
ဆိုင်ရာ စွမ်းအင်ရေးရာ အထူးသံတမန်နှင့် ညှိနှိုင်းရေးမှူးဖြစ်သူ Mr. Carlos Pascual ဦးဆောင်သည့်
အဖွဲ့သည် အမျိုးသားလွှတ်တော်၊ သတ္တုနှင့် သယံဇာတရေးရာ ကော်မတီနှင့် ဖေဖော်ဝါရီလ
၂၁ ရက်က တွေ့ဆုံခဲ့သည်။
"ကျောက်စိမ်း ကျောက်ဆန်ရှင်က အကျိုးမရှိဘဲ ကမ္ဘာကိုပါ ဆုံးရှုံးမှုဖြစ် စေပါတယ်"ဟု ကော်မတီ
ဥက္ကဋ္ဌ ဦးနေဝင်းထွန်းက ပြောသည်။
"သူတို့က အိုဘားမားအစိုးရဆီ ပြန်တင်ပြပေးမယ် ပြောပါတယ်" ဟု ကော်မတီအတွင်းရေးမှူး
ဦးလှဆွေ က ပြောကြားခဲ့သည်။
အမေရိကန်အစိုးရတွင်လည်း ပိတ်ဆို့မှုဥပဒေတစ်ရပ်ရှိနေသည့် အတွက် ထိုဥပဒေအားရုပ်သိမ်းရေး
ကန်အစိုးရအား တိုက်တွန်းမည်ဟု ကတိပြုခဲ့ကြောင်းလည်း ဦးလှဆွေက ပြောသည်။
"သူတို့ နို၀င်ဘာလမှာ တစ်ခေါက်လာမယ်။ ကျွန်တော်တို့ကိုလည်း ဖိတ်ခေါ်ထားတယ်။
ဘယ်အချိန်သွားဖြစ်မယ်တော့ မသိသေးပါဘူး"ဟု ၎င်းက ပြောသည်။
'ကန်' ကိုယ်စားလှယ်အဖွဲ့သည် ကျောက်မျက်ကျောက်စိမ်းသာမက ရေနံ၊ သဘာဝဓာတ်ငွေ့များ
ကို သဘာဝပတ်ဝန်းကျင် ပျက်စီးမှု အနည်းဆုံးဖြင့် လုပ်ကိုင်နိုင်ရန် နည်းပညာအကူအညီပေးရေး
ကိစ္စများလည်း ဆွေးနွေးခဲ့သည်။















