၂၀၁၅ ခုနှစ်မတိုင်မီ တတိယအင်အားကြီးပါတီတစ်ခု တည်ထောင်ရန် ပြင်ဆင်နေ

၂၀၁၅ ခုနှစ်မတိုင်မီ တတိယအင်အားကြီးပါတီတစ်ခု တည်ထောင်ရန် ပြင်ဆင်နေ

တိုင်းရင်သားပါတီများ စုပေါင်း၍ ၂၀၁၅ မတိုင်မီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နည်းတူ အင်အားကြီးပါတီတစ်ရပ်ကို ထူထောင်ရန် ဆွေး နွေးညှိနှိုင်း
မှုများ ပြုလုပ်နေသည်ဟု ရခိုင်တိုင်းရင်သားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က
ယခုလ ၄ ရက်က ပြောသည်။

"ကျွန်တော်တို့ လာမယ့် Strategy အရ ပါတီတစ်ခု ပေါ်လာလိမ့်မယ်။ ဒါ ကျွန်တော်တို့ ညှိနှိုင်း
နေကြတယ်"ဟု ဒေါက်တာအေးမောင်က ပြောသည်။

ပါတီဖြစ်မြောက်လာပါက Federated Union Party ဟု အမည်တွင်နိုင်ပြီး မြန်မာနိုင်ငံ၏ တတိယ
အင်အားကြီးပါတီဖြစ်ရန် ကြိုးစားသွားမည်ဖြစ်ပြီး နိုင်ငံအနှံ့အပြားတွင် ပါ၀င်ယှဉ်ပြိုင်သွားမည်ဟု
လည်း ၎င်းက ပြောသည်။

"ကျွန်တော်တို့ တိုင်းရင်းသားဒေသတွေမှာ ပါတီကြီးနှစ်ခုက ပါ၀င်ယှဉ်ပြိုင်ရင် ကျွန်တော်တို့က
လည်း ပြိုင်ရတော့မယ်ဆိုတဲ့သဘောကို ပွင့်ပွင့်လင်းလင်း ပြောရရင် မီးစိမ်းပြလိုက်တာပါ" ဟု
ဒေါက်တာအေးမောင်က ပြောသည်။

ယင်းပါတီနှစ်ပါတီသည် ပြည်ထောင်စု ကြံ့ခိုင်ရေနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့
ချုပ်တို့ဖြစ်သည်ဟု၎င်းက ပြောကြားသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အမှန်တကယ်လိုလားပါက နောင်ကျင်းပမည့် ရွေးကောက်ပွဲ
များ၌ အင်အားကြီးပါတီများက လူနည်းစု တိုင်းရင်းသားများ၏ မဲဆန္ဒနယ်များတွင် ၀င်ရောက်ယှဉ်
ပြိုင်အရွေးခံခြင်းကို လုံးဝ ရှောင်ရှားရန် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း၏ (၁၄)ကြိမ်
မြောက် သဘောထားကြေညာချက်ကို မတ်လ ၂ ရက်နှင့် ၃ ရက်က အစည်းအဝေးအပြီး ထုတ်ပြန်
ခဲ့သည်။

"ဒီကြေညာချက်က အများသဘောတူ ဆုံးဖြတ်ချက်ပါ။ တစ်ပါတီ တစ်ဦးတစ်ယောက် ဆုံးဖြတ်
ချက်မဟုတ်ပါဘူး" ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ မူဆယ်မြို့နယ်၊ ပြည်သူ့လွှတ်
တော် ကိုယ်စားလှယ် ဦးစိုင်းဘိုးအောင် က ပြောသည်။

"တစ်ခါတုန်းက အင်န်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော်တို့ဆီက တချို့
ပြောဆိုခဲ့တာတွေ ရှိပါတယ်။ အဲဒါကတော့ တိုင်းရင်းသား နယ်မြေတွေမှာ တိုင်းရင်းသားတွေသာ
ရွေးချယ်ခွင့်ရှိရေးပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ တိုင်းရင်းသား နယ်မြေတွေမှာပါ
၀င်ရောက်ယှဉ် ပြိုင်ခဲ့ကြတယ်"ဟု ၎င်းကပြောသည်။

၂၀၁၅ တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဟာဗျူဟာများချမှတ်သည့် နေရာတွင် နေရာစုံ၊
ဒေသစုံ ပါ၀င်ယှဉ်ပြိုင်မည့်အနေအထား တွေ့ရပြီး တိုင်းရင်းသားများအနေဖြင့် မိမိဒေသတွင်
လွတ်လွတ်လပ်လပ် ၀င်ရောက် ရွေးချယ် ယှဉ်ပြိုင်လိုသည်ဟုလည်း ၎င်းက ပြောသည်။

၂၀၁၀ ပြည့်နှစ်၊ ရွေးကောက်ပွဲအပြီးတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသား
ပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် ဖလုံ-
စဝေါ် ဒီမိုကရက်တစ်ပါတီတို့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအချိန်တွင် တင်း ပြည့်အဖွဲ့ဝင် ခုနစ်ပါတီ
နှင့် လေ့လာသူ အဆင့် ခြောက်ပါတီရှိကြောင်း၊ အခြား တိုင်းရင်းသားပါတီ နှစ်ပါတီကလည်း
လေ့လာသူအဖြစ် ပါ၀င်လာသည်ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး