ပြည်ပသို့ မထွက်ခွာမီ ပြည်ပထွက်ခွာခွင့်ပုံစံ D-Form တင်လျှောက်သည့် စနစ်ကို ဖျက်သိမ်းသွား
ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ လွှတ်တော်သို့တင်ထားကြောင်း တာဝန်
ရှိသူတစ်ဦးက ပြောသည်။
"ဘယ်တော့ ပယ်ဖျက်ဖြစ်မယ်ဆိုတဲ့့ ညွှန်ကြားစာ အတိအကျမထွက်သေးပါဘူး။ ဒါပေမဲ့ D-Form
လျှောက်တဲ့ စနစ်ကတော့ ဖျက်သိမ်းသွားမှာ အမှန်ပါပဲ" ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်
လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာရှိ တစ်ဦးက ပြောသည်။
"အဲဒီစနစ်ဖျက်သိမ်းလိုက်တော့ ကျွန်တော်တို့လို ပြည်ပခရီးစဉ်တွေ သွားနေရတဲ့ ခရီးသွားတွေ
အတွက် အချိန်သက်သာသွားတယ်။ အင်တာနက်ကွန်နက်ရှင် နှေးနေရင် အဲဒါလျှောက်ဖို့အတွက်
ရင်တမမနဲ့ အလုပ်ရှုပ်ရတယ်။ အဲဒါ မပါသွားရင်လည်း ထွက်လို့မှမရဘဲကိုး။ နောက်ပိုင်းမှာ ပုံစံ ၁၇၊
၁၉ လိုမျိုး အခွန်စာရွက်လုပ်ရတဲ့ ကိစ္စတွေကိုလည်း ဖြေ လျှော့ပေးရင်ကောင်းမယ်"ဟု ခရီးသွား
တစ်ဦးဖြစ်သူ ဦးညီညီက ပြောသည်။
TourDe ခရီးသွားလုပ်ငန်းမှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်လှဒါလီခင်က "ဒီလို ဖြေလျှော့ပေးမယ်ဆိုရင်
တော့ အရမ်းဝမ်းသာစရာပဲ။ အချိန်ကုန် လူပင်ပန်းသက်သာတယ်။ အခုဆို ဘဏ်မှာ နာမည်စာရင်း
အလိုက် ပိုက်ဆံသွားသွင်းပြီး တော့ ရလာတဲ့ code နံပါတ်နဲ့ အင်တာနက်မှာ လျှောက်ရတာ။
D-Form က ပြန်မကျလို့ တစ်ပတ် ၁၀ ရက်လောက် စောင့်ခဲ့ရတာတွေတောင်ရှိတယ်"ဟု ပြော
သည်။
ပြည်ပသို့ထွက်ခွာရာတွင် အွန်လိုင်းဝန်ဆောင်မှုမှတစ်ဆင့် လျှောက်ထားမှု အတွက် တစ်ဦး ကျပ်
၁,၀၀၀ ပေးဆောင်ရပြီး ကိုယ်တိုင်လျှောက်ပါက မြန်မာ့ စီပွားရေးဘဏ်သို့ ကျပ် ၂၀၀ ပေးသွင်းရ
သည်။
၎င်းပုံစံမှာ လျှောက်ပြီးပါက ခြောက်လအတွင်း အသုံးပြုခွင့်ရှိသည်။















