ဖေဖော်ဝါရီ ၂၇ ရက်နေ့က ရန်ကုန်မြို့ အမေရိကန်စင်တာတွင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်
ဘုန်းတော်ကြီး ဒက်စမွန် တူးတူးက ပြောကြားရာ၌ ရိုဟင်ဂျာ ပြဿနာနှင့်ပတ်သက်၍ ဒေါ်အောင်
ဆန်းစုကြည်က တစ်စုံတစ်ရာထင်မြင် ချက်ထုတ်ဖော်ပြောဆိုမှု မပြုခြင်းသည် သူ၏ လက်ရှိနိုင်ငံ
ရေးအနေအထားနှင့် ဆက်နွှယ်မှုရှိသည်ဟု ဒက်စမွန်တူးတူး က ပြောကြားခဲ့သည်။
ဘုန်းတော်ကြီးတူးတူးက သူ့လိုပင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင် ဆန်းစုကြည်ကို ရိုဟင်ဂျာ
ကိစ္စ၌ ရေငုံ နှုတ်ပိတ်နေရကောင်းလားဟု ဝေဖန် ပြောဆိုရန် ငြင်းဆိုလိုက်ပြီး အနာဂတ်တစ်နေ့တွင်
ပစ္စက္ခနိုင်ငံရေး အခြေအနေများက သူမ၏ရွေးချယ်မှုအပေါ်လွှမ်းမိုးမှုရှိခဲ့ပုံကို ရှင်းပြခွင့်ရနိုင်လိမ့်မည်
ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယခုအချိန်တွင် တစ်ကမ္ဘာလုံး၏အမွှမ်းတင်ခံ စံနမူနာပြယုဂ်ဘဝမှ
နိုင်ငံရေးသမား ဘဝသို့ ပြောင်းရွှေ့သွားနေသည်။
စပ်ကူး မပ်ကူးအခြေအနေတွင် ရောက်ရှိနေသည်ဟုဒက်စမွန်တူးတူးကပြောသည်။
ဒက်စမွန်တူးတူးသည် မြန်မာနိုင်ငံသို့ ပထမဆုံးအလည်အပတ် ရောက်လာရာတွင် ဖေဖော်ဝါရီ ၂၆
ရက်နေ့က ရန်ကုန် မြို့ ဒေါ်စု၏နေအိမ်၌ ဒေါ်စုနှင့်တွေ့ ဆုံခဲ့သည်။
ဘုန်းတော်ကြီးတူးတူးသည် ကာလကြာရှည်စွာကပင် ဒေါ်အောင် ဆန်းစုကြည်နှင့် မြန်မာ့
ဒီမိုကရေစီရေး ကို ထောက်ခံလာခဲ့သူဖြစ်သည်။
တောင်အာဖရိကနိုင်ငံ၌ အသားအရောင်ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုအတွက် ၁၉၈၄
တွင် နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်ခံခဲ့ရသော ဒက်စ မွန်တူးတူးသည် ၁၉၉၆ ခုနှစ်တွင် 'ကိပ်တောင်း'
တို့၏ ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီးအဖြစ်မှ ၁၉၉၆ ခုနှစ်တွင် အနားယူခဲ့သည်။ တောင်အာဖရိကတွင် အသားအရောင် ခွဲခြားဆက်ဆံမှုကို အဆုံးသတ်ပြီးနောက် 'အမှန်တရားနှင့် ပြန်လည်သင့်မြတ်ရေးကော်မရှင်'၏ ဥက္ကဋ္ဌအဖြစ် ဆောင်
ရွက်ခဲ့သူဖြစ်သည်။
ထိုကော်မရှင်သည် အသားအရောင် ခွဲခြားရေးခေတ်အတွင်း ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို
ပြန်လည်သုံးသပ်ရန် ဖွဲ့စည်းထားသော တရားရုံးကဲ့သို့ အဖွဲ့အစည်းဖြစ်သည်။















