အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ၂၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ
အထွေထွေညီလာခံကို မတ်လ ၉ ရက်မှ ၁၀ ရက်အထိ ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ တော်ဝင်
နှင်းဆီခန်းမ ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယခု နိုင်ငံလုံးဆိုင်ရာညီလာခံ ကျင်းပရန်အတွက် ပြီးခဲ့သည့်နှစ် စက်တင်ဘာလခန့်ကပင် စတင်ပြင်
ဆင်လာခဲ့ခြင်း ဖြစ်ကာ ယခုညီလာခံတွင် အဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များကို
ပြန်လည် ရွေးချယ်သွားဖွယ်ရှိသည််။
တစ်နိုင်ငံလုံးမှ ညီလာခံကိုယ်စားလှယ်ပေါင်း ၁,၅၀၀ ခန့် တက်ရောက် နိုင်မည်ဟု ဆိုသည်။
နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပနိုင် ရေးအတွက် အကြိုကော်မရှင်များ ဖွဲ့စည်းရာမှ ပါတီတွင်း
ပဋိပက္ခများလည်း ဖြစ်ပေါ်ခဲ့ပြီး တချို့ဒေသများ၌ ပါတီဝင် အစုလိုက်အပြံုလိုက် နုတ်ထွက်ခဲ့သည့်
ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ တွင် ဒေါ်အောင်ဆန်း
စုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့ အပါအဝင် ကိုးဦးတို့က စတင်တည်ထောင်ခဲ့သည်။
















