ကာကွယ်ရေး ၀န်ကြီးဌာနသည် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ၀န်ကြီးဌာန များအားလုံး၏ နိုင်ငံပိုင်
အခန်းကဏ္ဍ ငွေလုံးငွေရင်း အသုံးစရိတ်သည် ၂၄ ရာခိုင်နှုန်း ရှိသဖြင့် ၁၇ ရာခိုင်နှုန်းခန့် အထိ
လျှော့ချရန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစတီဗင်သာဘိတ်က ပြင်ဆင်ချက် တင်သွင်း
ခဲ့သော်လည်း ယခုလ ၁ ရက်က ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ မဲအပြတ် အသတ်
ဖြင့် ရှုံးနိမ်ခဲ့သည်။
မဲပေးနိုင်သူ ၅၂၈ ဦးအနက် ၅၁၂ ဦး သာမဲပေးခဲ့ပြီး ဦးစတီဗင်သာဘိတ်၏ အဆိုအား ထောက်ခံမဲ
၆၀၊ ကန့်ကွက်မဲ ၄၄၅ မဲ၊ ကြားနေမဲ ခုနစ်မဲ ရရှိကာ ကာကွယ်ရေးဝန်ကြီးဌာန၏ မူလအဆို က
အနိုင်ရသွားခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့ ယခင်နှစ်ထက်စာရင် လျော့နည်းပြီးတော့ သုံးစွဲဖို့ တင်ပြထားတာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ လျှော့ချမယ်ဆို ကျွန်တော်တို့အတွက် အဆင်မပြေဘူးဆိုတာ တင်ပြလိုပါတယ်"ဟု
ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က လွှတ်တော်သို့
ရှင်းလင်းတင်ပြရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
၂၀၁၃-၁၄ ခုနှစ်၏ ကာကွယ်ရေးဝန်ကြီးဌာန ငွေလုံးငွေရင်းအသုံးစရိတ် ကျပ်သန်းပေါင်း
၁,၀၆၇,၃၆၅,၆၀၃ သည် ပြည်ထောင်စုငွေလုံးငွေရင်း ၅,၁၁၄, ၅၇၆,၉၆၅ ၏ ၂၀ ဒသမ ၈၇
ရာခိုင်နှုန်း ရှိပြီး ၂၀၁၁-၁၂ က ၂၈ ဒသမ ၉၀ ရာခိုင် နှုန်း၊ ၂၀၁၂-၁၃ က ၂၂ ဒသမ ၈၃ ရာခိုင် နှုန်း
နှင့် နှိုင်းယှဉ်ပါက လျော့နည်းသွားသည်ဟု ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ပြောသည်။
ယင်းပမာဏသည် ကျပ်သန်း ၅၉, ၀၅၂, ၅၇၆, ၉၀၀ ရှိသည့်နိုင်ငံ၏ဂျီဒီပီနှင့် နှိုင်းယှဉ်ပါက ၁ ဒသမ
၈၀ ရာခိုင်နှုန်း သာရှိပြီး ၂၀၁၁-၁၂ က ၁ ဒသမ ၉၁ ရာခိုင် နှုန်း၊ ၂၀၁၂- ၁၃ က ၂ ဒသမ ၂၈
ရာခိုင်နှုန်း ဖြင့် နှိုင်းယှဉ်ပါကလည်း လျော့နည်းသည်ဟု ၎င်းက ပြောသည်။
ထို့ပြင် ကာကွယ်ရေးဝန်ကြီးဌာန၏ စုစုပေါင်းအသုံးစရိတ်သည် ၀န်ကြီးဌာနများစုပေါင်း အသုံးစရိတ်
ကျပ် ၁၅, ၃၉၉, ၅၂၇,၀၀၀ သန်းအနက် ကျပ်သန်းပေါင်း ၂,၀၅၀,၆၉၉,၀၀၀ ရှိပြီး ၁၃ ဒသမ ၃၁
ရာခိုင်နှုန်း၊ ၂၀၁၁-၁၂ က ၁၅ ဒသမ ၄၆ ရာခိုင်နှုန်း၊ ၂၀၁၂-၁၃ က ၁၅ ဒသမ ၅၅ ရာခိုင်နှုန်းဖြင့်
နှိုင်းယှဉ်ပါက လျော့နည်းသွားသည်ဟု ၎င်းက ပြောသည်။
၂၀၁၃-၁၄ ခုနှစ်နိုင်ငံ၏ ဂျီဒီပီ ကျပ် သန်းပေါင်း ၅၉,၀၅၂,၅၇၆,၀၀၀ အနက် ကာကွယ်ရေးစုပေါင်း
အသုံးစရိတ် ၂,၀၅၀,၆၉၉,၀၀၀ သည် ၃ ဒသမ ၄၇ ရာခိုင်နှုန်းသာရှိပြီး ၂၀၁၁-၁၂ က ၂ ဒသမ ၈၃
ရာခိုင်နှုန်း၊ ၂၀၁၂-၁၃ က ၄ ဒသမ ၁၀ ရာခိုင်နှုန်းဖြစ်သည်ဟု ၎င်းက ပြောသည်။
ဂျီဒီပီပေါ်တွင် ကာကွယ်ရေးအသုံး စရိတ်သက်သက်ကြည့်မည်ဆိုပါက မြန်မာနိုင်ငံသည် ရာခိုင်နှုန်း
များသည့် နိုင်ငံစာရင်းတွင် ပါ၀င်နေသဖြင့် ဆင်းရဲ နွမ်းပါးမှုလျှော့ချပြီး နိုင်ငံစီးပွားရေး တိုးတက်လာ
မှသာ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်သင့်သည်ဟု ဦးစတီဗင်သာဘိတ်က ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံ၏ ဂျီဒီပီလိုငွေနှင့် ဂျီဒီပီ အချိုးသည် ၂၀၁၂ တွင် ၄ ဒသမ ရ၅၊ ၂၀၁၃ တွင် ၃ ဒသမ ၈၊
၂၀၁၄ တွင် ခြောက်ရာခိုင်နှုန်းဖြစ်သည်ကိုတွေ့ရပြီး နိုင်ငံတကာမှ လက်ခံသည့် ငါးရာခိုင်နှုန်းထက်
ကျော်လွန်နေကြောင်း ဦးစတီဗင်သာဘိတ်က ပြောသည်။
"ဒါကြောင့် လိုငွေလျှော့ချဖို့က အဓိကလိုအပ်ချက်ဖြစ်နေတာ တွေ့ရပါတယ်။ လိုငွေ ငါးရာခိုင်နှုန်း
ကျော်ရင် ငွေကြေးဖောင်းပွမှုဖြစ်နိုင်ပြီး ကုန်ဈေး နှုန်း မတည်မငြိမ်ဖြစ်နိုင်ခြင်း၊ အစိုးရမှ အသုံးစရိတ်
မှန်မှန်ကန်ကန် သုံးစွဲမှုမရှိ ခြင်း စတဲ့ ဆိုးကျိုးများ ဖြစ်လာနိုင်တဲ့ အတွက် အချို့သောဝန်ကြီးဌာန
များရဲ့ အသုံးစရိတ်ကို လျှော့ချစေလိုခြင်းးဖြစ်ပါတယ်"ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
ဦးစတီဗင်သာဘိတ်က ပြောသည်။
ဘတ်ဂျက်လိုငွေပြမှု လျော့နည်းစေရန်အတွက် အခြားဝန်ကြီးဌာနများထက် ပိုမိုများပြားနေသော
ကာကွယ်ရေး ၀န်ကြီးဌာနအနေဖြင့် စီမံကိန်းလျာထားမှု အသေးစိတ်အချက်အလက်များ မပါရှိ
သည့်အတွက် အားလုံးခြုံငုံပြီး ၂၄ ရာခိုင် နှုန်းမှ ၁၇ ရာခိုင်နှုန်း လျှော့ချသင့်သည်ဟု ယူဆ၍
အဆိုတင်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
၂၀၁၃-၁၄ ရသုံးမှန်းခြေ ငွေစာရင်းကို လေ့လာကြည့်ပါက လိုငွေ ၂,၉၁၆ ဒသမ ၃၅ ဘီလျံရှိပြီး
ပြီးခဲ့သည့်နှစ်ကထက် ၂၅၁ ဒသမ ၁၈၉ ဘီလျံပိုမိုသုံးစွဲသည့် သဘောဖြစ်သည်ဟု အမျိုးသား
လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ဆွေးနွေးခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် စီမံကိန်းရေးဆွဲလျာထားမှုအပေါ် ပွင့်လင်းစွာ ရေးဆွဲဖော်ပြခြင်း
မရှိသည်ကို ဦးစတီဗင်သာဘိတ်က ဝေဖန်ခဲ့သော်လည်း ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု
၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ကမူ လုံခြုံရေးနှင့် ပွင့်လင်း မြင်သာမှုသည် တိုက်ရိုက်အချိုး
မကျနိုင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။















