သောင်တူးရေယာဉ်သစ်များအား ဧရာဝတီနှင့်ချင်းတွင်းမြစ် ရေလမ်းဖွံ့ဖြိုးရေးတွင် သုံးမည်

သောင်တူးရေယာဉ်သစ်များအား ဧရာဝတီနှင့်ချင်းတွင်းမြစ် ရေလမ်းဖွံ့ဖြိုးရေးတွင် သုံးမည်

တရုတ်နိုင်ငံမှ မှာယူထားသော သောင်တူးရေယာဉ် ခုနစ်စင်းနှင့် အထောက်အကူပြုရေယာဉ် ၁၂
စင်း၊ စုစုပေါင်း ရေယာဉ် ၁၉ စင်း လာမည့်ဇွန်လတွင် ရောက်ရှိလာပါက ဧရာဝတီမြစ်နှင့်
ချင်းတွင်းမြစ် ရေလမ်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့်
မြစ်ချောင်းဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုဦး က ပြောသည်။

"အဓိက မြစ်ကြောင်းကြီးနှစ်ကြောင်း ဖြစ်တဲ့ ဧရာဝတီမြစ်ကြောင်းနဲ့ ချင်းတွင်း မြစ်ကြောင်းတို့မှာ
အသုံးပြုသွားမှာပါ။ ဘယ်နေရာလဲဆိုတာကိုတော့ လုပ်ငန်းလိုအပ်ချက်အရ အခုချိန်မှာ အတိအကျ
မပြောနိုင်သေးပါဘူး။ အကြမ်းအားဖြင့်တော့ မြစ်ကြောင်းကျပ်တဲ့နေရာတွေ၊ ရေလမ်းဖွံ့ဖြိုးရေး
လုပ်ငန်းတွေမှာ အသုံး ပြုသွားမှာပါ။ ရေလမ်းကျပ်တဲ့ နေရာ တွေ၊ သောင်ထွန်းတဲ့ နေရာတွေ၊
လုပ်ငန်း လိုအပ်ချက်ရှိတဲ့ နေရာတွေမှာ လိုအပ်သလို အသုံးပြုသွားမှာပါ" ဟု ၎င်းက
မြန်မာတိုင်း(မ်)ကို ပြောသည်။

မြန်မာနိုင်ငံတွင် အဓိကအားဖြင့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့၏ မြစ်ရေတင်စီမံကိန်းများ
အမြောက် အမြားရှိသည့်အနက် အချို့နေရာများ တွင် ရေနည်းသည့်အတွက် ရေအလုံအလောက်
ရရှိစေရန် ယင်းသောင်တူး ရေယာဉ်များဖြင့် သောင်တူးခြင်း လုပ်ငန်းများနှင့် ရေရရှိရေး လုပ်ငန်းများ
တွင် အသုံးပြုသွားမည်ဖြစ်သည်။

၎င်း သောင်တူးရေယာဉ်များအား အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၂ သန်း အကုန်အကျခံကာ ၂၀၁၀
ခုနှစ်၊ ဒီဇင်ဘာ က တရုတ်နိုင်ငံမှမှာယူခြင်းဖြစ်သည်။

"လက်ရှိမှာ သောင်တူးရေယာဉ် စုစုပေါင်း ၁၀ စင်း ရှိပါတယ်။ အချို့ သောင်တူးရေယာဉ်တွေက
လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်၊ ၁၉၈၂ ခုနှစ်ကတည်းက ၀ယ်ထားတာဆိုတော့ ပါ၀ါကျနေပြီ။ ခဏခဏ
ပြန်ပြင်ပြီး သုံးနေရတဲ့အတွက် လုပ်ငန်းမှာလည်း အခက်အခဲရှိတယ်။ နောက်ပြီး ရေကြောင်းထိန်း
သိမ်းဖို့ လုံလောက်မှုမရှိတဲ့အတွက် နိုင်ငံတော် က စီစဉ်ပေးခြင်းဖြစ်ပါတယ်"ဟု ရေကြောင်းယန္တရား
ဌာနမှ ညွှန်ကြားရေးမှူး ဦးထွေးမြင့်က ပြောသည်။

အဆိုပါ သောင်တူးရေယာဉ် ၁၀ စင်း ကို ဗန်းမော်၊ စစ်တွေ၊ တညောင် ရေလမ်း ဖွံ့ဖြိုးရေးလုပ်ငန်း
များတွင် သုံးစင်း အသုံး ပြုလျက်ရှိပြီး ကျန်ရေယာဉ်များအား မြစ်ရေတင်စီမံကိန်းနှင့် ရေရရှိရေး
လုပ်ငန်းများ၌ အသုံးပြုလျက်ရှိသည််။

လက်ရှိတွင် ရေအရင်းမြစ်နှင့် မြစ် ချောင်းဦးစီးဌာန၊ ရေကြောင်း ယန္တရား ဌာနတွင် စုစုပေါင်း
ရေယာဉ်အစင်း ရ၀ အသုံးပြုလျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး