လှိုင်သာယာစက်မှုဇုန်အနီး လှိုင်မြစ် တစ်လျှောက်ရှိ ရေအရည်အသွေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့
WHO ၏ အကူအညီဖြင့် သုတေသနပြု စမ်းသပ်သွားမည်ဟု ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှ
တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။
စက်မှုဇုန်ရှိ စက်ရုံများမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကြောင့် ရေအရည်အသွေး ညစ်ညမ်းစေမှုကို
အဓိက စစ်ဆေးသွားမည်ဖြစ်ပြီး လှိုင်မြစ် တစ်လျှောက် သုံးနေရာခွဲ၍ စစ်ဆေးမည်ဟု ပြည်သူ့
ကျန်းမာရေး တက္ကသိုလ် ပတ်ဝန်းကျင်နှင့် လုပ်ငန်းခွင် ကျန်းမာရေးပညာဌာနမှ ကထိက ဒေါက်တာ
မြသန္တာက ပြောသည်။
"လှိုင်သာယာစက်မှုဇုန် အနီးတစ်ဝိုက်၊ လှိုင်မြစ်ရေ လူနေရပ်ကွက်ထဲ စီးဝင်တဲ့လမ်းတစ်လျှောက်နဲ့
မြစ်ရေ ဖြတ်စီးတဲ့ ကြည့်မြင်တိုင်မြို့နယ်အတွင်း က ရေတွေကို အဓိကစစ်ဆေးသွားပါမယ်"ဟု
၎င်းက ပြောသည်။
ထို့ပြင် စက်မှုဇုန်ရှိ စက်ရုံများမှ လှိုင်မြစ်အတွင်း စွန့်ထုတ်သည့် ရေဆိုးထုတ်ပြွန် များမှထွက်သည့်
ရေများကိုလည်း စစ်ဆေးသွားမည်ဟု ၎င်းက ပြောသည်။
စက်ရုံများ၏ စွန့်ပစ်ပစ္စည်းများကို စွန့်ထုတ်ရာတွင် လူကိုအန္တရာယ်မဖြစ်စေသည့်အနေအထား
ရောက်သည်အထိ သန့်စင်ပြီးမှ စွန့်ထုတ်ရန် သတ်မှတ်ထားသော်လည်း အချို့စက်ရုံများတွင်
စွန့်ပစ် ပစ္စည်း သန့်စင်စက်များတင်ဆင်ထား ခြင်း မရှိသည့်အတွက် ထိုသို့စစ်ဆေးသွားမည်ဟု
ဒေါက်တာမြသန္တာက ပြောသည်။
"စစ်ဆေးမှုတွေကို WHO က သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ စစ်ဆေးသွား မှာပါ"ဟု ၎င်းက
ပြောသည်။
အဆိုပါသုတေသနကို ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှ ပြုလုပ်သွားမည်ဖြစ် ကာကုန်ကျစရိတ်နှင့်
နည်းပညာအကူအညီကိုပေးနိုင်ရန် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးသို့ တင်ပြတောင်းခံထားရာ
ထောက်ပံ့မှုရသည်နှင့် စတင်လုပ် ဆောင်မည်ဟု သိရသည်။
စက်ရုံများမှ စွန့်ထုတ်လိုက်သည့် စွန့်ပစ်ပစ္စည်းများကြောင့် ရေတွင် ညစ်ညမ်းမှု မည်မျှဖြစ်ပေါ်နေ
သည်ကို သိရှိရန်နှင့် အဆိုပါရေများကို သုံးစွဲနေကြသည့် လူများ၏ ကျန်းမာရေးဆိုင်ရာ ပြဿနာ
များကို ကြိုတင်ကာကွယ်ရန် ရည်ရွယ်၍ ၎င်းသုတေသနကို ပြုလုပ်ရန် စီစဉ်ခြင်းဖြစ်သည်ဟု
ဒေါက်တာ မြသန္တာက ပြောသည်။
"လှိုင်မြစ်ရေက လူနေရပ်ကွက်ကို ဖြတ်ပြီးစီးတာဆိုတော့ လူတွေက သုံးစွဲ ကြတယ်။ နောက်ပြီး
ဒီရေထဲကရတဲ့ ငါးတွေကို ဖမ်းယူစားသုံးတာတွေရှိနေတဲ့အတွက် ရေထဲမှာအညစ်အကြေးတွေ
ဘယ်လောက်ရှိနေလဲဆိုတာသိဖို့ ရေ အရည်အသွေးကို ဆန်းစစ်ဖို့ လိုလာပါတယ်"ဟု ၎င်းက
ပြောသည်။
အဆိုပါ သုတေသနကို ငါးလခန့် အချိန်ယူသွားမည်ဖြစ်ကာ ရရှိလာသည့် ရလဒ်ပေါ်မူတည်၍
အရေးယူမှုများ ဆောင်ရွက်သွားရန် သက်ဆိုင်ရာဌာန များကို အသိပေးသွားမည်ဟု ၎င်းက
ပြောသည်။
ဆေးသုတေသနဦးစီးဌာန (အောက် မြန်မာပြည်)မှ ပြုလုပ်ခဲ့သည့် (၄၁)ကြိမ် မြောက် ဆေးသုတေ
သနညီလာခံတွင် တင်သွင်းခဲ့သော စာတမ်းတစ်ခုအရ လှိုင်သာယာနှင့် တောင်ဒဂုံစက်မှုဇုန်ရှိ
စက်ရုံ များမှ စွန့်ပစ်လိုက်သော ရေထဲတွင် သံဓာတ်၊ ကော့ပါးနှင့် မဂ္ဂနိစ်တို့ ပါ၀င်နေပြီး ၎င်းတို့ပါ၀င်
မှုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်ထားသည့် ပမာဏထက် ပိုမိုပါ၀င်နေသောကြောင့်
စက်ရုံအနီးပတ်ဝန်းကျင်တွင် နေထိုင်သူများသည် ကျန်းမာရေးထိခိုက်စေနိုင်သော အလားအလာ
များ ရှိနေသည်ဟု သိရသည်။















