"ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေအပေါ်မှာ ဩဇာ အများကြီး ကြီးလာတယ်"

"ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေအပေါ်မှာ ဩဇာ အများကြီး ကြီးလာတယ်"

မကြာခင်ရက်ပိုင်းအတွင်း ကျင်းပပြီးစီးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ
ညီလာခံ မစတင်မီ ကာလ၌ ပါတီအတွင်း ဖြစ်ပေါ်လျက်ရှိ သည့် ပဋိပက္ခများနှင့် ပတ်သက်ပြီး
၁၉၈၈ ခုနှစ် ပါတီစတင်တည်ထောင်ချိန်တွင် ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ နာယက ဦးဝင်းတင်အား
မြန်မာတိုင်း(မ်)က မတ်လ ၆ ရက်နေ့တွင် တွေ့ဆုံမေးမြန်းခဲ့သည်။

* ဒီမိုကရေစီပါတီကြီးတစ်ခုအဖြစ် ၁၉၈၈ ခုနှစ်ကတည်းက ရပ်တည်ခဲ့တဲ့ နိုင်ငံရေး
ပါတီကြီးတစ်ခုအနေနဲ့ အခုကာလတွေမှာ ထွက်ရှိနေတဲ့ ပဋိပက္ခပြဿနာရပ်တွေနဲ့
ပတ်သက်ပြီး ပါတီကို တည်ထောင်ခဲ့သူတစ်ဦး အနေနဲ့ ဒီဖြစ်ရပ်တွေဟာ ဒီမိုကရေစီ
နည်းကျကျ ဖြစ်ပေါ်နေတာလားဆိုတာလေးကို သုံးသပ်ပေးပါဦး။

အခုဖြစ်ပေါ်နေတဲ့ ဖြစ်ရပ်တွေက ပြောရရင် ဒီမိုကရေစီနဲ့ သိပ်မဆိုင်လှဘူး လို့ ပြောရမယ်။ ယန္တရား
နဲ့ဆိုင်တဲ့ကိစ္စပဲ။ ယန္တရားက လည်နေတော့ သူ့ဟာသူ လက်ညပ်မိသူညပ်၊ ကြိတ်မိသူ ကြိတ်မိပေါ့။
အဖွဲ့ချုပ်ထဲမှာ ဒီမိုကရေစီမရှိလို့ အခုလိုဖြစ်နေတာလည်း မဟုတ်ဘူး။နိုင်ငံရေးပါတီဆိုတာ ဒီလိုပဲ။
illegally lobbying လုပ်တာပဲ။ အရေးယူတာတွေ ပေါ်တာပေါ့။ ပါတီထဲမှာ စည်းလုံးမှု၊ စာနာ
ထောက်ထားမှု နည်းတယ်ဆိုရင် ဒါတွေဖြစ်မှာပဲ။ သိပ်မဆန်းဘူး။ပါတီက စစ်အာဏာရှင်လက်
အောက်မှာလည်း ကျော်ဖြတ်ခဲ့ရတယ်။ အကျင့်စရိုက်ကိုက တစ်ယောက်နဲ့တစ်ယောက် မယုံဖို့၊
အဲဒီ လိုဖြစ်ရပ်တွေပေါ်မှာ တည်လိမ့်မယ်။

* ဒါဆို ခုဖြစ်နေတာတွေက လူတွေပေါ် မှာပဲ သက်ဆိုင်နေတယ်လို့ ဆိုလိုတာပါလား။

ဟုတ်တယ်။ လူတွေပေါ်မှာပဲ သက် ဆိုင်နေတယ်။ စစ်အာဏာရှင်တွေ လက်အောက်မှာ နေခဲ့ရတဲ့
သူတွေဆို တော့ စိတ်ဓာတ်တွေက အဲလိုရှိနေမယ်။ ဒါတွေက ဒီမိုကရေစီနဲ့တော့ မဆိုင်ဘူးလို့
ထင်တယ်။

* ပါတီအတွင်းမှာ မကြာသေးခင်ကလည်း ဒီညီလာခံမလုပ်ခင် ကော်မရှင်တွေ
စဖွဲ့ကတည်းကနယ် တွေမှာ ပဋိပက္ခမျိုးစုံ ဖြစ်ခဲ့ပြီးတော့ နုတ်ထွက်သွားခဲ့တဲ့သူ
တွေလည်း ရှိခဲ့ပါတယ်။ ဒီလိုဖြစ်စဉ်တွေ ဖြစ်တယ်ဆိုတာ အဖွဲ့ချုပ်ကသူတွေ
ကောင်းကောင်း မကိုင်တွယ်နိုင်လို့ လား၊ ဒါမှမဟုတ် ဒီလိုဖြစ်စဉ်တွေ ဖြစ်လာခြင်းရဲ့
အဓိကအကြောင်း ခြင်းရာက ဘာဖြစ်မလဲရှင့်။

လူတွေရဲ့ ပိတ်ဆို့နေတဲ့ လူ့ဘောင်ကြီး ထဲမှာ နေလာရတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် တို့ကြ၊
ပြောကြရင် ယုံတယ်။ ဒီတော့ ပြဿနာတွေပေါ်လာတယ်။ ဌာနချုပ်က ဒါတွေကို မကွပ်ကဲနိုင်ဘူး
လားဆိုတော့လည်း မဟုတ်ဘူး။ ရှင်းရှင်းပြောရရင် ပါတီဆိုတာလည်း မရှိဘူးဗျ။ ပါတီက ပျက်နေ
တာ။ ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလကတည်းက ဖျက်လိုက်တာ၊ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ မှ ပါတီ
က ပြန်ပြီး မှတ်ပုံတင်ခွင့်ရတာ။ ဒီကာလမှာရတော့ ရွေးကောက်ပွဲဝင်တယ်။ မေလမှာ ညီလာခံ
အတွက် စလုပ်ကြတယ်။ အခုဆိုရင် တစ်ပြည်လုံးမှာ ညီလာခံတွေက ၁၆,၀၀၀ လောက် လုပ်ရ
တယ်။ အေးဆေးပြီးသွားတာ လူမသိဘူး။ မအူပင်၊ မြောင်းမြ၊ ရေကြည်ဘက် မှာ ဖြစ်တာမျိုးက
၄၀ လောက်ရှိတယ်။ မီဒီယာထဲမှာမပါဘဲ အတွင်းမှာ တိုင်ကြ တောကြတာတွေက ၄၀ လောက်ရှိ
တယ်။ ကျန်တာတွေက အေးဆေးပြီးတယ်။ ဒီညီလာခံတွေမှာ ပါ၀င်ကြတဲ့သူ တွေက ခြောက်သိန်း
လောက်ရှိတယ်။ ဒီအတောအတွင်း မဲပေးလှုပ်ရှားကြတာ။ ရပ်ကျေးတွေပေါ့။ နယ်တွေမှာ ကျေးရွာ
တင် သုံးလေးရာရှိနေတာတွေ ရှိတယ်။ ပျမ်းမျှ ရပ်ကျေးက မြို့နယ်တိုင်းမှာ ၁၀၀ လောက်ရှိတယ်။

ခုချိန်ထိ ဆိုင်းဘုတ်တင်၊ ရုံးဖွင့်တာ ရှိနေတုန်းပဲ။ အခု ပါတီဝင် ၁၂ သိန်း လောက်ရှိနေပြီ။ ညီလာခံ
တွေအတွက် ဒီလူတွေရဲ့ပါ၀င်မှုက ခြောက်သိန်းလောက် ရှိနေတယ်။ အေးအေး ချမ်းချမ်းပြီးသွားတဲ့
နေရာတွေလည်း ရှိပါတယ်။ လူတွေမသိကြဘူး။ ဒီပါတီက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ နှစ်ကတည်းက
ဖွဲ့တယ်။ ဒီကာလအတွင်းမှာ လူတွေ အများကြီး ဒုက္ခရောက်ခဲ့ရတယ်။ ထွက်ပြေးခဲ့တာ၊ ထောင်ကျ
ခဲ့တာ၊ လမ်းပေါ်မှာ သေခဲ့တာ အများကြီးရှိခဲ့တယ်။ ပါတီကလည်း မပျက်ရုံတစ်မယ်ဖြစ်ခဲ့တာ။

ပါတီ ကတော့ ဆက်သွားခဲ့တာပဲ။ လူတွေ တစ်ယောက်နဲ့တစ်ယောက် မယုံကြည်တာတွေ ဖြစ်လာ
တာပေါ့။ တစ်ယောက် နဲ့တစ်ယောက် ယုံကြည်မှုလျော့သွားတာ ပေါ့။ အခုလည်း ရပ်ကွက်တွေ
ဘာတွေ မှာ သွားကြည့်ရင် ဒါတွေ တွေ့ရမယ်။ အခုဟာက အင်န်အယ်လ်ဒီမှာ နိုင်တဲ့ ကောင်က
ဆော်ထုတ်လိုက်တာ။ မနိုင်တဲ့ ကောင်က ပြဿနာတွေတက်ရော။ ဒါက ဒီမိုကရေစီဆိုတာထက်
အကျင့်နဲ့ဆိုင်တယ်။ Liberal thinking တွေက လျော့ သွားတယ်။ တစ်ယောက်နဲ့တစ်ယောက်
မယုံဘဲ အပုပ်ချတာတွေက နိုင်ငံရေးမှာပါ ဆက်သွားတာ။ လူတွေ အကျင့်ကို ထိန်းနိုင်အောင် အဖွဲ့
ချုပ်ကထိန်းပါဆိုရင် အဖွဲ့ချုပ်ကလည်း လူကြားလို့တောင် မကောင်းဘူး။ ၂၀၁၀ ကတည်းက လုံးဝ
ကို ဖျက်သိမ်းခဲ့တာ။ ပျက်သလောက် နီးနီးပဲ။ အခု ပြန်စုစည်းယူရတာ။ ရသလောက်လေး စုစည်းခဲ့
ရတာ။ ပါတီ က မရှိဘူးဆိုတဲ့အခါ ဘယ်သူကထိန်း မလဲဆိုတာ ဖြစ်လာတယ်။ ရွေးကောက်ပွဲ
လုပ်မယ်ဆိုတဲ့အခါ ကော်မရှင်ဖွဲ့ခိုင်းရတယ်။ နောက်တစ်ခုက လူသစ်တွေ ၀င်လာတယ်။

လူ့သဘာဝအတိုင်းပဲ၊ အသစ် ၀င်လာရင် တစ်မျိုးဖြစ်တာ။ ပါတီထဲက လူဟောင်းတွေက အနစ်နာခံ
လုပ်တယ် ဆိုတာ မှန်တယ်။ ပါတီကနေ ထွက်ပြေး တာ၊ ထွက်တာ၊ သစ္စာဖောက်တာလည်း ရှိတာ
ပဲ။ ကောင်းတဲ့လူတွေလည်း ကောင်းတာပဲ။ ကိုယ့်စရိတ်နဲ့ကိုယ် နှစ်ပေါင်း ၂၀ ကျော် လုပ်တဲ့သူတွေ
ရှိ သလို ဖောက်တဲ့သူတွေလည်း ရှိတာပဲ။ လူငယ်တွေ နိုင်ငံရေးလုပ်ချင်လာတာလည်း ရှိတာပဲ။

ဒေါ်အောင်ဆန်းစုကြည် လည်း လူပဲ။ ကောင်းတာရှိသလို မကောင်းတာလည်း ရှိမှာပဲ။ လူငယ်တွေ
အပေါ်မှာတော့ သူ့ဩဇာ အများကြီး ကြီးလာတယ်။ သူ့ကို အားကျကြတယ်။ အကြောက်တရား
တွေ လျော့လာတယ်။ ကြောက်နေမယ့်အစား ပြောချင်တာ ပြောတာ၊ လုပ်ချင်တာ လုပ်မယ်ဆိုတာ
လေးတွေ တိုးလာတယ်။ နိုင်ငံတကာ အမြင်တွေလည်း တိုးလာတယ်။ လူသစ် လူဟောင်းကိစ္စက
လည်း အများကြီးဖြစ်လာတယ်။ မသင်္ကာစိတ်တွေ ဖြစ်လာချိန် မှာ ဒီပြဿနာတွေ ဖြစ်ပေါ်လာတာ
ပါပဲ။ ညီလာခံလုပ်ဖို့ အဓိကအကျဆုံးအရာ ကတော့ ညှိနှိုင်းမှုပါပဲ။ ဒီကော်မရှင်မှာ ပေါ်လာတဲ့
စကားလုံးပဲ။ အောက်ခြေမှာ ညှိနှိုင်းမှု လုပ်ဖို့ပေါ့။ ဒီကော်မရှင်တွေကို ပေးထားတာ နိုင်ငံရေးပါ၀ါ
မဟုတ်ဘူး။ ရှိတယ်လို့သတ်မှတ်တဲ့သူတွေက သတ် မှတ်တယ်။ ရှိလည်းမပြောဘူး။ မရှိလည်း
မပြောဘူး။ ဒီကော်မရှင်တွေကို အဓိက ပေးတဲ့ အချက်က စေ့စပ်ညှိနှိုင်းဖို့ပဲ။

* အခုလုပ်မယ့် နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ ဘာတွေ အဓိကထား ဆွေးနွေး
လုပ်ဆောင်ဖြစ်မလဲရှင့်။ အမှုဆောင်အဖွဲ့ဝင်တွေ ပြန်ရွေးတာ ရောပေါ့။

ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တွေ ပြန်ရွေးမယ်။ အဲဒါက ၁၂၀ ဦး၊ အရန် က ၅၀ ပါမယ်။
တက်လာမှာက စုစုပေါင်း ၈၉၀ လောက်တက်မယ်။ အောက်ခြေက နေ အဆင့်ဆင့် တက်လာတာ
တွေပေါ့။ ရပ်ကျေး၊ မြို့နယ်၊ ခရိုင်တွေကနေ တက်လာမယ်။ မြို့နယ် ပေါင်း ၂၅၀လောက်မှာ
ညီလာခံ လုပ်နိုင်ခဲ့တယ်။ ခရိုင်က ၅၀ လောက် ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်က ၁၄
ယောက်ပါမယ်။ အဲဒီ ကနေ ရွေးကြမယ်။

* အခုအပြင်မှာထွက်နေတဲ့ သတင်းတွေ ရှိပါတယ်။ လက်ရှိဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
ကို အပြောင်းအလဲ လုပ်ချင်တဲ့သူတွေ ရှိတယ်လို့ ကြားရတာ တွေရှိပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဘာများပြောစရာရှိမလဲရှင့်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဩဇာက တော်တော်ကြီးပါတယ်။ ဒါပေမဲ့ သူလည်း နိုင်ငံရေးဘုရား
မဟုတ်ဘူး။ သူလည်း အမှားမကင်းနိုင်ဘူး။ ကျန်တဲ့လူ တွေကလည်း ရှင်းရှင်းပြောရရင် နွားတွေ
မဟုတ်ဘူး။ စကားပုံလိုပေါ့။ နွားလိုတော့ ဖြောင့်ဖြောင့်လိုက်တယ်။ ဒါပေမဲ့ လူဆို တော့ နှလုံးသား
ရှိတယ်။ ဦးနှောက်၊ အသိရှိတယ်။ မတူညီတဲ့စကားလုံးတွေ ထွက်ကောင်းထွက်မယ်။ ပါတီ
တစ်ခုလုံးက တော့ သူ့နောက်လိုက်နေတယ်။ လိုက်နေတယ်လို့ ယူဆတယ်။ ဒါပေမဲ့ ပါတီမှာ
လူမျိုးစုံကွဲ ရှိတယ်ဗျ။ လူတွေဆိုတာ အယူအဆ၊ အတွေးခေါ်တွေ ရှိတယ်။ ပါတီက စည်းမျဉ်းတွေ
နဲ့တော့ လုပ်နေတာ။ လူတွေဖြစ်နေတော့လည်း ကွဲပြားတဲ့အယူအဆတွေရှိတယ်။
ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ကျွန်တော် မကြိုက်တာရှိရင် ပြောတယ်။ ဒါပေမဲ့ ဖြောင့်ဖြောင့်
လိုက်ခြင်းဆိုတဲ့ စည်းလုံးမှုအားနည်းနေတယ်။

* လက်ရှိပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှာ လွှတ်တော်တက်
နေတာဆိုတော့ ပါတီနဲ့ သူနဲ့က တခြားစီဖြစ်နေတယ်လို့လည်း ဝေဖန်ပြောတာတွေရှိ
ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာများပြောလိုတာ ရှိပါသလဲ။

အခုခေတ်က အင်တာနက်တွေ၊ ဖုန်း တွေက ခေတ်မီလာနေပါတယ်။ ဒီတော့ ဟိုကနေလည်း ပါတီ
ဌာနချုပ်နဲ့က အဆက်သွယ်မပြတ်ပါဘူး။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး