ဂျာမန်ပါမောက္ခ ဟောပြောပွဲ
ရန်ကုန်တက္ကသိုလ်တွင် ဂျာမနီ နိုင်ငံ ကိုလုံးတက္ကသိုလ်မှ Professor Dr.Frauke Kraas က
Education in Germany ခေါင်းစဉ်ဖြင့် ပညာရပ်ဆိုင်ရာ ဟောပြောပွဲအား မတ်လ ၆ ရက် နေ့က
ကျင်းပခဲ့သည်။
ဂျာမနီနိုင်ငံ ရှိ မြန်မာကျောင်းသားများအား ပညာသင်ဆုများ ပေးအပ်သော DAAD မှ နိုင်ငံအလိုက်
ဘယ်နှယောက် ပေးအပ်မည်ဟု လျာထားခြင်းမရှိဘဲ အရည်အချင်းပေါ်မူတည်ကာ ပေးအပ်ခြင်း
ဖြစ်သည့်အတွက် မြန်မာကျောင်းသားများကို ယင်းပညာသင်ဆုအား ပိုမိုလျှောက်ထားကြရန်
၎င်းကတိုက်တွန်းခဲ့သည်။
ယွန်းနှင်း
မက်ဆာချူးဆက်တက္ကသိုလ် ပညာသင်ဆု
အမေရိကန်ပြည်ထောင်စုရှိ University of Massachusetts Dartmouth မှ ထူးချွန်ကျောင်းသူ၊
ကျောင်းသားများအား ၁၀ ရာခိုင်နှုန်း မှ ၅၀ ရာခိုင်နှုန်း ပညာသင်ဆုများ ပေးအပ်နေပြီး ဇွန်လ
ကျောင်းဝင်ခွင့်အတွက် လျှောက်ထားနိုင်ပြီဖြစ်သည်။
အသေးစိတ်သိရှိလိုပါက Regent Consultancy Service ဖုန်း-၀၉၅၀ ၁၉၈၇၀ နှင့်
၀၉၇၃၂ ၀၅၃၃၃ တို့သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
ယွန်းနှင်း















