နိုင်ငံတော်တွင် ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဖွင့်လှစ်ပေးရန် ပြည်ထောင်စု
အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ယခုလ ၄ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်
အစည်းအဝေးတွင် ဆွေးနွေးခဲ့ပြီး လျှို့ဝှက်မဲပေးစနစ်ဖြင့် စက်ခလုတ် အသုံးပြု၍ မဲခွဲဆုံးဖြတ်ရာ
မဲအနည်းငယ်မျှဖြင့် ကပ်ရှုံးနိမ့်ခဲ့သည်။
ကယားပြည်နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ဦးကျော်ဒင်(ခ) ဦးထေးရယ်က တင်သွင်းသည့်အဆိုကို
တပ်မတော်သား ကိုယ်စားလှယ်နှစ်ဦး အပါအဝင် ကိုယ်စားလှယ် ၁၈ ဦးက ဆွေးနွေးခဲ့ကာ မဲပေး
နိုင်သူ ၁၇၂ ဦးအနက် ထောက်ခံ ရ၆ မဲ၊ ကန့်ကွက် ၈၈ မဲနှင့် ကြားနေတစ်မဲ၊ မဲမပေးသူ ၁၁ ဦးဖြင့်
ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
"ပြည်ထောင်စုဆိုတဲ့ ဝေါဟာရကို သုံးလိုက်၊ ပြည်ထောင်စုဆိုတဲ့ ဝေါဟာရကို ကန်လိုက် လုပ်နေ
တာ။ အသုံးချခံဖို့ သက်သက် ပြည်ထောင်စုဖြစ်နေတာ စိတ်မကောင်းပါဘူး"ဟု ရခိုင်တိုင်းရင်းသား
များတိုးတက်ရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က
လွှတ်တော်အတွင်း မဲခွဲအပြီးတွင် ပြည်တွင်းမီဒီယာအချို့အား ပြောကြားခဲ့သည်။
"အခုမဲရှုံးတာက ပြည်ထောင်စုကြီး တစ်ခုလုံးရဲ့ နိုင်ငံရေးမူဝါဒကိုဆုံးရှုံးတာပါ"ဟု အမျိုးသားလွှတ်
တော် ကိုယ်စားလှယ် (ချင်း ၉)မှ ဦးပေါ်လျှံလွင်က ပြောသည်။
သမ္မတဦးသိန်းစိန်အနေဖြင့် အစိုးရ အဖွဲ့အတွင်းရှိ ၀န်ကြီးအချို့၏ အရည်အချင်းများအား သုံးသပ်
ရန် လိုအပ် ကြောင်း၊ အရည်အချင်းမရှိသည့်ဝန်ကြီးများ ရှိနေသရွှေ့ ခိုင်မြဲသည့် ပြည်ထောင်စု
ဖြစ်မည်မဟုတ်ဘဲ သွေးသံရဲရဲဖြင့် ပြည်ထောင်စုသာဖြစ်မည်ဟု ၎င်းက ပြောကြားသည်။
မြန်မာအစိုးရအနေဖြင့် တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦးအား ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်က
ခန့်အပ် တာဝန်ပေးခဲ့ပြီး နယ်မြေဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲမှု လျှော့ချရေးလုပ်ငန်းများကို ဆောင်ရွက်
စေခဲ့ကြောင်း တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးလှိုင်ဝင်းက ပြောသည်။
"တိုင်းရင်းသားရေးရာဝန်ကြီးတွေ ဟာ ပြည်နယ်နဲ့ တိုင်းဒေသကြီးဝန်ကြီး တွေနဲ့ အဆင့်တူဖြစ်ပြီး
ခံစားခွင့်လည်း တူစေရေး ဆောင်ရွက်နေတယ် သိရပါတယ်။ သမ္မတဆီကိုလည်း တိုက်ရိုက်
ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်" ဟု ၎င်းက ဆွေးနွေးခဲ့သည်။
တိုင်းရင်းသားရေးရာနှင့် ပတ်သက်၍ ပြည်ထောင်စုဗဟိုကော်မတီကို သမ္မတ နှင့် ဒုသမ္မတများ
ပါ၀င်သည့် အဖွဲ့ဝင် ၂၆ ဦးပါအဖွဲ့နှင့် အဖွဲ့ဝင် ၃၀ ဦးပါ၀င်သည့် လုပ်ငန်းကော်မတီတို့ကိုလည်း
ဖွဲ့စည်း ဆောင်ရွက်နေကြောင်းလည်း ပြောကြားသည်။
ပြည်ထောင်စုအစိုးရအနေဖြင့် တိုင်းရင်းသားများ၏ ဆန္ဒ၊ တိုင်းရင်းသားများ၏ အရေးကို လျစ်လျူ
ရှုခဲ့ခြင်းမရှိဘဲ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ Top Down System
ကို လျှော့ချပြီး Bottom Up System ကို တွန်းအားပေး အကောင်အထည်ဖော်လျက်ရှိသည်ဟု
သမ္မတရုံး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ရှင်းလင်းခဲ့ပြီး မှတ်တမ်းအဖြစ်သာထား
ရှိရန် ပြောကြားခဲ့သည်။
"တိုင်းရင်းသားများ၏ လိုအပ်ချက်ကို မျက်ခြည်မပြတ်ဆောင်ရွက်ပေးနိုင်အောင် နယ်စပ်ရေးရာ
၀န်ကြီးဌာနှင့် ပြည်ထောင်စုဝန်ကြီးဌာနကို သက်ဆိုင်ရာ လုပ်ငန်းစဉ်အလိုက် ဆောင်ရွက်ပေးနေပါ
တယ်"ဟု ပြောကြားခဲ့သည်။
"ကျွန်တော်တို့နိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော်ကြာ ပဋိပက္ခတွေရှိတယ်။ အဲဒါ တွေကို ဦးတည်ဖြေရှင်း
ပေမယ့် ၀န်ကြီးဌာန လိုအပ်ပါတယ်"ဟု ရှမ်းပြည်နယ် အမှတ်(၈)မဲဆန္ဒနယ်မှ ဦးရှုမောင်က ပြော
သည်။















