နိုင်ငံစွမ်းဆောင်ရည်ဆုကို သမ္မတကိုယ်တိုင် ချီးမြှင့်မည်

နိုင်ငံစွမ်းဆောင်ရည်ဆုကို သမ္မတကိုယ်တိုင် ချီးမြှင့်မည်

လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်သော နိုင်ငံစွမ်းဆောင်ရည်ဆုကို ပြည်နယ်အသီးသီးရှိ
အဆိုပြုလွှာများမှ တစ်ဦးတည်းကိုသာ ရွေးချယ်ပြီး သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ချီးမြှင့်မည်ဟု
ပညာရေးသုတေသနအဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အတွင်းရေးမှူး ဒေါက်တာမျိုးသိန်းကြီးက
မတ်လ ၈ ရက် နေ့တွင် ပြောကြားသည်။

နိုင်ငံစွမ်းဆောင်ရည်ဆုကို ယခုနှစ် တွင် ပထမဆုံးအကြိမ် စတင်ခြင်းဖြစ်ခါ ပညာရပ်ဆိုင်ရာနယ်
ပယ်ကြီး ၁၃ ခု အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များထဲမှ ဘာသာရပ်နယ်ပယ်တစ်ခုချင်း
အတွက် ရွေးချယ်ပေးအပ်မည်ဖြစ်သည်။

လက်ရှိပဏာမအနေဖြင့် ၂၈ ဦးရှိပြီး အများပြည်သူ၏ လူမှုဘဝတိုးတက်ရန်၊ လူမှုရေးနယ်ပယ်
တိုးတက်လာရန် အတွက် မည်သို့အကျိုးပြုပုံအပေါ် မူတည်ကာ ရွေးချယ်ခြင်းဖြစ်သည်ဟု
ဒေါက်တာမျိုးသိန်းကြီးက မတ်လ ၈ ရက် နေ့ ရန်ကုန်တက္ကသိုလ်၌ ကျင်းပခဲ့သော ကွင်းဆင်း
အကဲဖြတ်စစ်ဆေးပွဲတွင် ပြောကြားခဲ့သည်။

ဆုရရှိသောစာတမ်းအား ပြည်တွင်း နှင့် နိုင်ငံတကာတွင် ပုံနှိပ်ထုတ်ဝေမည် ဖြစ်ပြီး ဧပြီလ ၁ ရက်
နေ့တွင် ဆုများအား ကြေညာပေးမည်ဖြစ်သည်။

"အခုလက်ရှိပွဲအတွက် ဆုရရှိသူကိုတော့ သမ္မတကိုယ်တိုင် ဆုချီးမြှင့်မှာဖြစ်ပါတယ်။ ရည်ရွယ်ချက်
က ပြည်သူတွေရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသုံးချနိုင်တဲ့ အကျိုးပြု တီထွင်ကြံဆမှု
ပညာရပ်ဆိုင်ရာဆု ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ ကိုယ့်ရဲ့
ဘာသာရပ်အတွက်ပဲ ဦးတည်ပြီးတော့ ကြံဆရုံနဲ့ မပြီးပါဘူး။ အများပြည်သူရဲ့ လူမှုဘဝ တိုးတက်
ဖို့အတွက် အသုံးချနိုင်တာမျိုး ဖြစ်ရပါမယ်။ တိုးတက်လာဖို့အတွက် အကျိုးပြု နိုင်တဲ့ အသုံးချနိုင်
တဲ့ ပညာရပ်ဆိုင်ရာ စွမ်းဆောင်ရည်တွေကို ကွင်းဆင်းပြီး တော့ စစ်ဆေးအကဲဖြတ်ခြင်း ဖြစ်ပါ
တယ်"ဟု ဒေါက်တာမျိုးသိန်းကြီးက ပြောကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး