အိပ်ချ်အိုင်ဗီပိုး ကူးစက်မှုတွင် အဓိကကျသော ဦးတည်လူအုပ်စုဝင်များတွင် ပါ၀င်နေသည့်
လူငယ်များ၊ အိပ်ချ်အိုင်ဗီ ပိုးဖြင့် အသက်ရှင်နေထိုင်သော လူငယ်များနှင့် အဆိုပါလုပ်ငန်းများတွင်
ပါ၀င် ဆောင်ရွက်နေသောလူငယ်များ ပါ၀င် နိုင်မည့် လူငယ်ဖိုရမ်ကို ကျင်းပသွားမည် ဖြစ်ရာ
လျှောက်လွှာများ ခေါ်ယူလျက်ရှိသည်။
ကုလသမဂ္ဂ အိပ်ချ်အိုင်ဗီ အေ့ဒ်စ် ပူးတွဲအစီအစဉ် UNAIDS မှ ပြုလုပ်သွားမည့် အဆိုပါ Youth
Advisory Forum တွင် ပါ၀င်နိုင်ရန် အသက် ၁၆ နှစ်မှ ၂၉ နှစ်အရွယ် လူငယ်များလျှောက်ထားနိုင်
ပြီး မြန်မာနိုင်ငံအပါအဝင် အာရှ-ပစိဖိတ် ဒေသရှိ လူငယ်များလည်း ပါ၀င်လျှောက် ထားနိုင်သည်။
အဆိုပါဖိုရမ်ကို လူငယ်ထုအကြား အိပ်ချ်အိုင်ဗီ အေ့ဒ်စ်ဆိုင်ရာ လှုပ်ရှားမှုများကို ပြည်တွင်း၌
သာမက နိုင်ငံတကာအဆင့်အထိ ပိုမိုဆောင်ရွက်လာနိုင်ရန်၊ လူငယ်အချင်းချင်း နိုင်ငံအလိုက်
အိပ်ချ်အိုင်ဗီဆိုင်ရာ ကိစ္စရပ်များကို ဖလှယ်နိုင်ရန်နှင့် အဆိုပါကိစ္စရပ်များတွင် လူငယ်များ
ခေါင်းဆောင်ပါ၀င်နိုင်မှုတိုးမြင့်လာစေရန် ရည်ရွယ်သည်ဟု UNAIDS မှ ထုတ်ပြန်ထားသည်။
ဖိုရမ်တွင် ပါ၀င်နိုင်ရန် ဒေသ အသီးသီးမှ လူငယ်များအား ဖိတ်ခေါ်ထားပြီး အဖွဲ့ဝင် ၁၆ ဦး ရွေးချယ်
သွားမည်ဟု သိရသည်။
အဆိုပါဖိုရမ်ကို နှစ်နှစ်တာ ပြုလုပ်သွားမည်ဖြစ်ပြီး ရွေးချယ်ခြင်းခံရသည့် အဖွဲ့ဝင်များသည်
အွန်လိုင်းတွင်တွေ့ဆုံ ခြင်း၊ အစီရင်ခံစာများ ပေးပို့ဆွေးနွေး ခြင်းနှင့် အစည်းအဝေးများတွင်
တွေ့ဆုံ ဆွေးနွေးခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။
အဆိုပါ Youth Advisory Forum သို့ လျှောက်ထားလိုသူများသည် မတ်လ ၁၅ ရက်နေ့ မတိုင်မီ
လျှောက်ထား နိုင်ပြီး အသေးစိတ်သိရှိလိုပါက www.crowdoutaids.org တွင် ၀င်ရောက်
ကြည့်ရှုနိုင်သည်။















