ကျောက်စိမ်းနှင့် ကျောက်မျက် တင်ပို့မှုများကို အမေရိကန်ပိတ်ပင်မှု ရုပ်သိမ်းရေး ကြိုးပမ်း

ကျောက်စိမ်းနှင့် ကျောက်မျက် တင်ပို့မှုများကို အမေရိကန်ပိတ်ပင်မှု ရုပ်သိမ်းရေး ကြိုးပမ်း

မြန်မာအစိုးရအပေါ် အမေရိကန်အစိုးရ က ချမှတ်ထားသည့် ကျောက်မျက်၊ ကျောက်စိမ်းတင်ပို့မှု
ပိတ်ပင်သည့် The Burmese Freedom and Democracy Act 2003 ၏ Section 3(A) ကို
ချန်လှပ်ထားခြင်းနှင့် ပတ်သက်၍ အပြီးသတ် ရုပ်သိမ်းနိုင်ရေးကို တစ်ဆင့်ပြီး တစ်ဆင့် ကြိုးပမ်း
ဆောင်ရွက်သွားမည် ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်က ပြောသည်။

မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်
ရွက်နိုင်မှုကို အသိအမှတ်ပြုသည့်အနေဖြင့် အမေရိကန် အစိုးရက The Burmese Freedom
and Democracy Act 2003 အရ မြန်မာနိုင်ငံမှသွင်းကုန်များအပေါ် ပိတ်ပင်ထားမှုများကို အထွေ
ထွေလိုင်စင် ထုတ်ပေးခြင်း၊ ယာယီကင်းလွတ်ခွင့်ပေးခြင်းတို့သာမက မြန်မာနိုင်ငံ၌ ရင်းနှီး မြှုပ်နှံခွင့်၊
ငွေကြေးလွှဲပြောင်းခွင့်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခွင့်
များကို ဖြေလျှော့မှုများ ပေးခဲ့သည်ဟု ၎င်းက ယခုလ ၆ ရက်က အမျိုးသားလွှတ်တော် ၌
ပြောကြားခဲ့သည်။

"ဥပဒေရေးရာရှုထောင့်က ကြည့်ရင် မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ကျောက်မျက်၊ ကျောက်စိမ်း
များ တင်ပို့မှု နဲ့ပတ်သက်ပြီး ပိတ်ဆို့ထားတဲ့ ဥပဒေတွေဟာ အမေရိကန်ပြည်ထောင်စု ကွန်ဂရက်
က ချမှတ်ထားတဲ့ ဥပဒေတွေ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

အမေရိကန်ပြည်ထောင်စု၏ စနစ်အရ ဥပဒေတစ်ရပ်ကို အပြီးတိုင် ပယ်ဖျက်ရန် ကြိုးပမ်းရာတွင်
နိုင်ငံရေးအရ၊ ဥပဒေရေးအရနှင့် နည်းပညာပိုင်းဆိုင်ရာ ရှုထောင့်များမှ အဆင့်ဆင့်ညှိနှိုင်း ဆောင်
ရွက်ရန် လိုအပ်မည်ဖြစ်ပြီး မြန်မာ အစိုးရနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဌာနတို့ကလည်း စီးပွားရေး
အရ ပိတ်ဆို့ ကန့်သတ်မှုများ လုံးဝရုပ်သိမ်းရေးကို တစ်စိုက်မတ်မတ် တောင်းဆိုလျက်ရှိသည်ဟု
၎င်းက ပြောသည်။

"အမေရိကန်ပြည်ထောင်စုဘက်က နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေးအပိုင်းမှာ တချို့သော
အကြောင်းကိစ္စများကို ကြိုတင်သတ်မှတ်ချက်များသဖွယ် တောင်းဆိုမှုများရှိနေပါတယ်" ဟု
၎င်းက ပြောကြားခဲ့သည်။

ပိတ်ဆို့ထားသည့်ဥပဒေများ ရုပ်သိမ်းရေးအတွက် ဥပဒေပိုင်း၊ နည်းပညာပိုင်းအရ လေ့လာအကြံပြု
နိုင်မည့် ကျွမ်းကျင်သည့် ဥပဒေပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များကလည်း လွှတ်တော်
အချင်းချင်း ထိတွေ့တောင်းဆိုသွားရန်လည်း ဦးဇင်ယော်က ပြောကြားခဲ့သည်။

"အမေရိကန်အစိုးရရဲ့ အမည်မည်း စာရင်း တင်သွင်းထားသူများကို မြန်မာ နိုင်ငံ ကျောက်မျက်
ရတနာလုပ်ငန်းရှင်များအသင်းချုပ်မှာ ပါ၀င်မှုမရှိစေရေးကို သတ္တုတွင်းဝန်ကြီးဌာနက ပြန်လည်
စိစစ် ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်"ဟု ဦးဇင်ယော်က ပြောကြားခဲ့သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ယခင်အစိုးရလက်ထက်မှ ခရိုနီအချို့ မြန်မာ
နိုင်ငံ ကျောက်မျက်၊ ကျောက်စိမ်းအသင်းတွင် ဆက်လက်တာဝန်ယူခြင်းသည် အမေရိကန်အစိုးရ
မှ တားမြစ်ထားသည့်လူစာရင်းတွင် ပါသည့်အတွက် ကျောက်မျက်၊ ကျောက်စိမ်းတင်ပို့မှုနှင့်
ပတ်သက်ပြီး ပိတ်ဆို့ထား သောဥပဒေများကို ဆက်လက်ထားရှိ ခြင်းဖြစ်သဖြင့် ရာထူးမှလွှဲပြောင်း
ပေးရန် တိုက်တွန်းခဲ့ကြောင်းအဆိုကို တင်သွင်းခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး