နိုင်ငံတကာ ဟိုတယ်အုပ်စုများ ၀င်ရောက်ရင်းနှီးမြှုပ်နှံလာ

နိုင်ငံတကာ ဟိုတယ်အုပ်စုများ ၀င်ရောက်ရင်းနှီးမြှုပ်နှံလာ

လွန်ခဲ့သောနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဧည့်သည်အဝင် တစ်သန်းကျော်လာရောက်
ခဲ့ရာ ခရီးသွားလုပ်ငန်း သမိုင်းတစ်လျှောက်တွင် ဧည့်သည်အများဆုံး ၀င်ရောက်သော နှစ်ဖြစ်ခဲ့
သည့်အလျောက် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်ပြီး နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာ
သည်။

အထူးသဖြင့် နိုင်ငံတကာ ဟိုတယ် အုပ်စုကြီးများဖြစ်သည့် Hilton၊ Best Western၊ Novotel နှင့်
Accor ကဲ့သို့သော ကမ္ဘာ့ထိပ်တန်းဟိုတယ် အုပ်စုများက ရင်းနှီးမြှုပ်နှံကြမည်ဖြစ်သည်။

Hilton Worldwide ဟိုတယ်အုပ်စုသည် လွန်ခဲ့သော အပတ်က LP Holding ကုမ္ပဏီနှင့်
တရားဝင်စာချုပ် ချုပ်ဆိုကာ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းပေါ်ရှိ စင်တာပွိုင့်တာဝါ
အဆောက်အအုံနှစ်လုံးအနက် တစ်လုံးအား Hilton Yangon ဟိုတယ်အဖြစ် စီမံခန့်ခွဲအုပ်ချုပ်
သွားမည်ဖြစ်သည်။

Hilton Yangon ဟိုတယ်အား လာမည့် ၂၀၁၄ ခုနှစ်တွင် ဖွင့်လှစ်ရန် ရည်မှန်းထားပြီး အခန်း
စုစုပေါင်း ၃၀၀ ပါ၀င်သည်။

စင်တာပွိုင့်တာဝါ၏ အခြား ကျန်ရှိနေဆဲ အဆောက်အအုံအား တန်ဖိုးကြီး အသုံးအဆောင်ဆိုင်ခန်း
များ နှင့် ရုံးခန်းများ ပါ၀င်မည်ဖြစ်သည်။

ဟိုတယ်တွင် စားသောက်ဆိုင်၊ အထူး စားသောက်ဆိုင် နှစ်ဆိုင်၊ စကိုင်း ဘား၊ ဧည့်ခန်းမကျယ်၊
စီမံခန့်ခွဲရေး အထပ်၊ စီးပွားရေးစင်တာ၊ ရေကူးကန်၊ စပါ၊ အစည်းအဝေးခန်းမ၊ ခန်းမစသဖြင့် ဖွဲ့စည်း
ထားမည်ဖြစ်သည်။

ထို့ပြင် ကမ္ဘာ့ထိပ်တန်း ဟိုတယ် အုပ်စုဖြစ်သည့် Best Western သည် မြန်မာနိုင်ငံရှိ အထင်ကရ
မြို ကြီးများတွင် ဟိုတယ်လုပ်ငန်း အကျိုးတူလုပ်ကိုင်ရန် ပြည်တွင်း ရင်းနှီးမြှုပ်နှံသူအချို့နှင့် တွေ့ဆုံ
ဆွေးနွေးနေကြောင်း Best Western မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ကျွန်တော်တို့ စီမံအုပ်ချုပ်တဲ့ ဟိုတယ်တွေက နိုင်ငံအတော်များများမှာ ရှိပါတယ်။ နောက်
ကျွန်တော်တို့ဟာ နိုင်ငံအသီးသီးက အခြေအနေတွေကို လည်း အမြဲလေ့လာသုံးသပ်ပါတယ်။
တကယ်လို့ အခြေအနေကောင်းတယ်၊ အချိန်အခါလည်း ကောင်းနေတယ်ဆို ကျွန်တော်တို့ အဲဒီ
အခွင့်အရေးအသုံးချဖို့အတွက် အဲဒီကို သေချာပေါက်သွားမှာဖြစ်ပါတယ်"ဟု Best Western ၏
အာရှနှင့် အရှေ့အလယ်ပိုင်းဒေသ ရုံးချုပ်၊ အကြီးတန်း နိုင်ငံတကာဖွံ့ဖြိုး တိုးတက်ရေး မန်နေဂျာ
ဖြစ်သူ မစ္စတာ Akarapong Sukjit က ပြောသည်။

"ကျွန်တော်တို့ ပြည်တွင်းက စီးပွား ရေး ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းရှင်အချို့နဲ့ တွေ့ဆုံနေပါတယ်။
တချို့နဲ့က အကျိုး တူ ပူးပေါင်းလုပ်ဖို့ရှိသလို၊ တချို့တွေနဲ့ ကျတော့ အုပ်ချုပ်ရေးအပိုင်းလောက်ပဲ
ပါ၀င်လုပ်ကိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့ စိတ်ဝင်စားတဲ့နေရာတော့ အများကြီးပေါ့။
ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ကလော၊ ပုဂံနဲ့ တခြားအရေး ကြီးတဲ့ဒေသတွေမှာလည်း ကြည့်နေ
ပါတယ်။ တချို့ဟိုတယ်တွေကိုတော့ ဒီနှစ် ထဲမှာ စလုပ်နိုင်ပါလိမ့်မယ်။ တခြား ဟိုတယ်တွေတော့
ပရောဂျက်နောက်ကျ တာကြောင့် ရှေ့နှစ်လောက်မှလုပ်ဖြစ် မှာပါ"ဟု ၎င်းကပြောသည်။

ထို့ပြင် ပြင်သစ်အခြေစိုက် Accor ဟိုတယ်အုပ်ချုပ်ရေးအုပ်စုသည် ရန်ကုန်၊ နေပြည်တော်နှင့်
မန္တလေးမြို့ တို့တွင် Novotel အမည်ဖြင့် ဟိုတယ် သုံးလုံးအား စီမံအုပ်ချုပ်ရန် စာချုပ်ချုပ်ဆိုလိုက်
ကြောင်း ကြေညာသည်။

Accor သည် မက်စ်မြန်မာ ကုမ္ပဏီပိုင် ပြည်တာဝါအား အခန်းစုစုပေါင်း ၃၅၅ ခန်းပါ Novotel
Yangon Max အနေဖြင့် ဖွင့်လှစ်လုပ်ကိုင်မည့် အပြင် နေပြည်တော်တွင် MGallery Hotel  အဖြစ်
 ၁၆၈ ခန်းပါ ဟိုတယ်တစ်လုံးနှင့် မန္တလေးတွင် အခန်း ၂၈၀ ပါ Novotel Mandalay Mingalar
ဟိုတယ်တစ်လုံးပါ ဖွင့်လှစ်လုပ်ကိုင်မည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး